လိုအပ္ လာပါကာ တပ္မေတာ္ႏွင့္ အတူ တိုက္ ပြဲ ဝင္ ရန္ ပါတီ တစ္ခုလုံး အသင့္ ႐ွိေၾကာင္း ျပည္ခိုင္ၿဖိဳး ပါတီ ေျပာ

ျပည္ခိုင္ၿဖိဳးပါတီက လိုအပ္လ်င္ တပ္မေတာ္ႏွင့္အတူ တိုက္ပြဲဝင္ရန္ တစ္ပါတီလုံးအသင့္႐ွိဟု ဆိုထားခဲ့သည့္ သက္ေသ ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖြင့္ၿဖိဳးေရးပါတီသည္ ဒို႔တာဝန္အေရးသုံးပါးကိုကာကြယ္ရန္ေပၚေပါက္လာေသာ ပါတီျဖစ္သည့္အတြက္ လိုအပ္လာလ်င္ တပ္မေတာ္ႏွင့္အတူ တိုက္ပြဲဝင္ရန္ တစ္ပါတီလုံးႏွင့္ ပါတီဝင္တိုင္းအသင့္ ႐ွိသည္ဟု ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး(ၿငိမ္း)ဦးဝဏၰေမာင္လြင္က ေျပာသည္။ “ ျပည္ခိုင္ၿဖိဳးပါတီကေရာ ဘယ္ေလာက္အသင့္ျဖစ္ေနၿပီလဲ။ျပည္ခိုင္ၿဖိဳးပါတီသည္ ဒို႔တာဝန္အေရးသုံးပါးကို ကာကြယ္ဖို႔ ေပၚေပါက္လာတဲ့ ပါတီျဖစ္တယ္။

ပါတီဝင္အင္အားဘယ္ေလာက္႐ွိလဲ။ အေရးေပၚလို႔ တပ္မေတာ္က လိုအပ္လာရင္ ပါတီဝင္ေတြအကုန္လုံးတပ္မေတာ္ထဲဝင္မွာလား။ ဒီထဲမွာ ပါတီဝင္ေတြပါလား (ပါပါတယ္) ဝင္ႏိုင္လား (ဝင္ႏိုင္ပါတယ္)ဒါကြၽန္ေတာ္တို႔အင္အားပါပဲ”ဟု ေျပာသည္။ ဦးဝဏၰေမာင္လြင္က ႏိုင္ငံတကာဖိအားမ်ားႏွင့္ပတ္သက္၍ တပ္မေတာ္သည္ အစိုးရ၏ အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္း ႏိုင္ငံကို ကာကြယ္ႏိုင္ရန္ အေျခခံဥပေဒတြင္ အမ်ိဳးသားကာကြယ္ေရး

လုံျခဳံေရးေကာင္စီေရးထားေၾကာင္း မိမိႏိုင္ငံ ကာကြယ္ေရးအတြက္ ျပတ္သားစြာ ဆုံးျဖတ္ရန္လိုေၾကာင္းလည္း ဆက္လက္ေျပာသည္ ။ “ကုလသမဂၢ အတင္းဝင္လာၾကရင္ ဘယ္လိုလုပ္ၾကမလဲ။ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အဲလိုအေၾကာင္းတရားေတြ ေပၚလာရင္ ဆုံးျဖတ္ႏိုင္ေအာင္ ကာကြယ္ႏိုင္ေအာင္ဆိုၿပီး ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ အမ်ိဳးသားကာကြယ္ေရးလုံျခဳံေရးေကာင္စီဆိုၿပီး ေရးထားတယ္။

ဒီကေန ျပတ္ျပတ္သားသား ဆုံးျဖတ္၊ဒါမိမိႏိုင္ငံ ကာကြယ္ေရးျဖစ္တယ္။သံတမန္နည္းလမ္းနဲ႔ ရေအာင္ကာကြယ္ရမယ္ ။ကုလသမဂၢလို႔ေျပာရင္ လုံျခဳံေရးေကာင္စီကိုေျပာရမယ္။ ကုလသမဂၢလုံျခဳံေရးေကာင္စီမွာဒီလိုဆုံးျဖတ္ခ်က္ခ်မွတ္လို႔မရေအာင္ဘာလုပ္ၾကမလဲ။ ကိုဆိုဗိုမွာ ေနတိုးတပ္ဖြဲ႕ဝင္ေတြ ဝင္တိုက္ခဲ့တဲ့ သာဓက႐ွိခဲ့ဖူးတယ္။ မိမိတို႔ႀကိဳတင္ျပင္ဆင္မႈနဲ႔ စစ္ေရးအသင့္ ျပင္ဆင္မႈဆိုတာ႐ွိရပါမယ္။ ကာကြယ္ႏိုင္တဲ့ အင္အား႐ွိ၏၊မ႐ွိ၏ဆိုတာတိုင္းျပည္တစ္ျပည္ရဲ႕ စစ္ေရးအရာျဖစ္လို႔ ဘယ္ေလာက္႐ွိတယ္ဆိုတာမေျပာႏိုင္ဘူး။ သို႔ေသာ္ တပ္မေတာ္သားေတြရဲ႕ စိတ္ဓာတ္ကေတာ့ အားလုံးမွတ္ေက်ာက္တင္ခံႏိုင္တဲ့ စိတ္ဓာတ္ေတြျဖစ္ပါတယ္”ဟုဆိုသည္။

ဇန္နဝါရီ (၁၁)Gandanmar Grand Ballroomတြင္က်င္းပျပဳလုပ္ခဲ့သည့္ Past, Present And 2020 စကားဝိုင္းတြင္ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။အဆိုပါစကားဝိုင္းတြင္ ေဒါက္တာေနဇင္လတ္က

ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး ၊ႏိုင္ငံျခားေရးဝန္ႀကီး(ၿငိမ္း)ဦးဝဏၰေမာင္လြင္၊ေဒါက္တာဆလိုင္းေငြက်ဳန္းလ်န္ ၊ျပည္သူ႕အင္အားႏွင့္ လူမႈေရးဝန္ႀကီးဌာနဝန္ႀကီး(ၿငိမ္း)ဦးခင္ရီတို႔ ဝင္ေရာက္ေဆြးေႏြးခဲ့ၾကသည္။

crd

unicode

ပြည်ခိုင်ဖြိုးပါတီက လိုအပ်လျင် တပ်မတော်နှင့်အတူ တိုက်ပွဲဝင်ရန် တစ်ပါတီလုံးအသင့်ရှိဟု ဆိုထားခဲ့သည့် သက်သေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီသည် ဒို့တာဝန်အရေးသုံးပါးကိုကာကွယ်ရန်ပေါ်ပေါက်လာသော ပါတီဖြစ်သည့်အတွက် လိုအပ်လာလျင် တပ်မတော်နှင့်အတူ တိုက်ပွဲဝင်ရန် တစ်ပါတီလုံးနှင့် ပါတီဝင်တိုင်းအသင့် ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးဝဏ္ဏမောင်လွင်က ပြောသည်။ “ ပြည်ခိုင်ဖြိုးပါတီကရော ဘယ်လောက်အသင့်ဖြစ်နေပြီလဲ။ပြည်ခိုင်ဖြိုးပါတီသည် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ဖို့ ပေါ်ပေါက်လာတဲ့ ပါတီဖြစ်တယ်။

ပါတီဝင်အင်အားဘယ်လောက်ရှိလဲ။ အရေးပေါ်လို့ တပ်မတော်က လိုအပ်လာရင် ပါတီဝင်တွေအကုန်လုံးတပ်မတော်ထဲဝင်မှာလား။ ဒီထဲမှာ ပါတီဝင်တွေပါလား (ပါပါတယ်) ဝင်နိုင်လား (ဝင်နိုင်ပါတယ်)ဒါကျွန်တော်တို့အင်အားပါပဲ”ဟု ပြောသည်။ ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာဖိအားများနှင့်ပတ်သက်၍ တပ်မတော်သည် အစိုးရ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နိုင်ငံကို ကာကွယ်နိုင်ရန် အခြေခံဥပဒေတွင် အမျိုးသားကာကွယ်ရေး

လုံခြုံရေးကောင်စီရေးထားကြောင်း မိမိနိုင်ငံ ကာကွယ်ရေးအတွက် ပြတ်သားစွာ ဆုံးဖြတ်ရန်လိုကြောင်းလည်း ဆက်လက်ပြောသည် ။ “ကုလသမဂ္ဂ အတင်းဝင်လာကြရင် ဘယ်လိုလုပ်ကြမလဲ။ကျွန်တော်တို့နိုင်ငံမှာ အဲလိုအကြောင်းတရားတွေ ပေါ်လာရင် ဆုံးဖြတ်နိုင်အောင် ကာကွယ်နိုင်အောင်ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အမျိုးသားကာကွယ်ရေးလုံခြုံရေးကောင်စီဆိုပြီး ရေးထားတယ်။

ဒီကနေ ပြတ်ပြတ်သားသား ဆုံးဖြတ်၊ဒါမိမိနိုင်ငံ ကာကွယ်ရေးဖြစ်တယ်။သံတမန်နည်းလမ်းနဲ့ ရအောင်ကာကွယ်ရမယ် ။ကုလသမဂ္ဂလို့ပြောရင် လုံခြုံရေးကောင်စီကိုပြောရမယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာဒီလိုဆုံးဖြတ်ချက်ချမှတ်လို့မရအောင်ဘာလုပ်ကြမလဲ။ ကိုဆိုဗိုမှာ နေတိုးတပ်ဖွဲ့ဝင်တွေ ဝင်တိုက်ခဲ့တဲ့ သာဓကရှိခဲ့ဖူးတယ်။ မိမိတို့ကြိုတင်ပြင်ဆင်မှုနဲ့ စစ်ရေးအသင့် ပြင်ဆင်မှုဆိုတာရှိရပါမယ်။ ကာကွယ်နိုင်တဲ့ အင်အားရှိ၏၊မရှိ၏ဆိုတာတိုင်းပြည်တစ်ပြည်ရဲ့ စစ်ရေးအရာဖြစ်လို့ ဘယ်လောက်ရှိတယ်ဆိုတာမပြောနိုင်ဘူး။ သို့သော် တပ်မတော်သားတွေရဲ့ စိတ်ဓာတ်ကတော့ အားလုံးမှတ်ကျောက်တင်ခံနိုင်တဲ့ စိတ်ဓာတ်တွေဖြစ်ပါတယ်”ဟုဆိုသည်။

ဇန်နဝါရီ (၁၁)Gandanmar Grand Ballroomတွင်ကျင်းပပြုလုပ်ခဲ့သည့် Past, Present And 2020 စကားဝိုင်းတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါစကားဝိုင်းတွင် ဒေါက်တာနေဇင်လတ်က

ဦးဆောင်ဆွေးနွေးခဲ့ပြီး ၊နိုင်ငံခြားရေးဝန်ကြီး(ငြိမ်း)ဦးဝဏ္ဏမောင်လွင်၊ဒေါက်တာဆလိုင်းငွေကျုန်းလျန် ၊ပြည်သူ့အင်အားနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး(ငြိမ်း)ဦးခင်ရီတို့ ဝင်ရောက်ဆွေးနွေးခဲ့ကြသည်။

Add a Comment

Your email address will not be published. Required fields are marked *