သူမရဲ့ မဖွယ်မရာတွေကို သေချာလိုက်ကြည့်ပြီး ပြစ်တင်ဝေဖန်သူတွေ ကိုပြန်လည် တုန့်ပြန်ပြောဆို ခဲ့တဲ့ စံရတီမိုးမြင့်
|မိန်းကလေး တစ်ယောက် မှာ ရှိသင့်တဲ့ အလှတရားတွေ ပြည့်နှက်နေတဲ့ လှပ တဲ့ ပန်းပွင့်လေး စံရတီမိုးမြင့်ကတော့ သူမရဲ့အလှအပတွေကြောင့် ပရိသတ်တွေရဲ့အချစ်ကိုတစ်နေ့တစ်ခြား တိုးတိုးပြီး ရလာသူလေးပါ။ လတ်တလောမှာတော့ စံရတီမိုးမြင့်က အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး အိမ်တွင်းအောင်းပြီး ကျန်းမာရေး လေ့ကျင့်ခန်းတွေ ကိုသာ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် စံရတီမိုးမြင့်က ရံဖန်ရံခါမှာတော့ သူမရဲ့ Live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားစမြည်ပြောလေ့ရှိတာပဲ ဖြစ်ပါတယ်။အောင်မြင်တဲ့ မင်းသမီး တစ်ယောက်ပီပီ ဝေဖန်စောင့်ကြည့်ခြင်းတွေ ခံရလေ့ရှိတဲ့ စံရတီမိုးမြင့်ကဒီကနေ့မှာလည်း သူမရဲ့ ရင်သားနဲ့ ပက်သတ်ပြီး ယောကျာ်းရင့်မာကြီးတွေဆီက ဝေဖန်မှုကို ခံခဲ့ရပါတယ်။ ထိုပရိသတ်က စံရတီမိုးမြင့်ရဲ့ ဓာတ်ပုံအောက်မှာ “လေးက သေးသေးလေး”၊ “ကျနေပြီ”ဆိုပြီး ဝေဖန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။။
ထိုကောမန့်တွေကို စံရတီမိုးမြင့်က “အတုမှ မဟုတ်တာ” ဆိုပြီး ပွင့်ပွင့်လင်းလင်းသာ ပြန်လည်တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်ကတော့ ပရိသတ်ကြီး သိပြီးသားအတိုင်း သူမ ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဘာကိုမှ ခွဲစိတ်ပြုပြင်ထားခြင်းမရှိပဲ
ခန္ဓာကိုယ်အလေးချိန်ကိုတောင် သဘာဝနည်းလမ်းတွေနဲ့ အားကစားပြုလုပ်ပြီးသာ လျှော့ချခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
ခရက်ဒစ်