တတ္ႏိုင္စြမ္း ႐ွိသေလာက္ လုပ္ေဆာင္ေပးၿပီး တဲ့ အခါ လြတ္ေျမာက္ရာလမ္း ကို ႐ွာေဖြတာ အျပစ္လို႔မျမင္ဘူး ဆို တဲ့ ထားထက္ထက္
|လက္႐ွိ လူမႈကြန္ယက္စာမ်က္ႏွာမွာေရပန္းစားေနတာက ေႏြဦးေတာ္လွန္ေရးမွာ ပထမဦးဆုံးေတာခိုခဲ့တဲ့ မိတ္ကပ္ေမဦးနဲ႔ ေမာ္ဒယ္လ္ဟန္လင္းတို႔စုံတြဲဟာ ႏိုင္ငံရပ္ျခားကို ေျပာင္းေ႐ႊ႕တိမ္းေ႐ွာင္သြားခဲ့ၿပီဆိုတဲ့ သတင္းပဲျဖစ္ပါတယ္။ ထိုသတင္းနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြက ေဝဖန္မႈေတြ႐ွိေနၾကတာမို႔ ေမဦးတို႔လိုပဲေတာခိုေနတဲ့ ေမာ္ဒယ္လ္၊ သ႐ုပ္ေဆာင္ ထားထက္ထက္က သူမရဲ႕အျမင္ကို အခုလိုပဲေျပာလာပါတယ္။
“စစ္ပြဲက ကိုယ့္ဆီေရာက္လာတဲ့အခါ လက္နက္ကိုင္ၿပီးလဲ မတိုက္ႏိုင္ ၊ တိုက္ႏိုင္လဲ လုံေလာက္တဲ့ ေထာက္ပို႔ပစၥည္းအင္အားကမ႐ွိ၊ အဲ့ဒီေတာ့ လူေတြဟာ သူတတ္ႏိုင္စြမ္း႐ွိသေလာက္ လုပ္ေဆာင္ေပးၿပီးတဲ့အခါ လြတ္ေျမာက္ရာလမ္းကို႐ွာေဖြတာ အျပစ္ျဖစ္တယ္လို႔ ကြၽန္မမထင္ပါဘူး။ လြတ္ေျမာက္သြားတဲ့သူေတြ အဖမ္းခံရမွ .. -တ္ျဖတ္ခံရမွ မွ ဝမ္းနည္းပါတယ္ RIP ပါဆိုၿပီး တရက္ေလာက္ ပို႔စ္တင္ၾကမွာလား? ျပန္လမ္းမ႐ွိတဲ့ေနရာကိုေရာက္မွ ေက်နပ္ၾကမွာလား႐ွင္။ ဘယ္ကိစၥမဆို အျပစ္တင္လိုက္ဖို႔ထက္ ငါတို႔ဘက္ေတာ္သား တေယာက္ လြတ္ေျမာက္ၿပီ။ သူဆက္ၿပီး တိုက္ပြဲဝင္ေနဦးမယ္ ဆိုၿပီး ဝမ္းသာေပးလို႔ မရႏိုင္ဘူးလား႐ွင္။ တခ်ိဳ႕ေတြေနေနၾကသလို မသိသလိုလို ေရာေယာင္ၿပီး ေနလို႔ရေနလ်က္နဲ႔ ကိုယ္ႏိုင္ရာကိုလုပ္ေဆာင္ေပးေနၾကရင္ အသိအမွတ္ျပဳေပးရမယ္ မဟုတ္လား႐ွင္။ ဒုကၡေရာက္တဲ့အခ်ိန္ ေဘးလြတ္ရာေျပးၾကရတဲ့အခါ လူကထြက္သြားေပမယ့္ ကိုယ္တတ္တဲ့ ပညာနဲ႔ျဖစ္ေစ ႏိုင္ရာေနရာကျဖစ္ေစ ပါဝင္ေနႏိုင္ဖို႔ တတ္ႏိုင္သေလာက္ ဆြဲေခၚထားရမွာ မဟုတ္လား။ ”
“သိပ္ပင္ပန္း ဒုကၡေရာက္တဲ့အခါ ေ႐ြးစရာလမ္းမ႐ွိေတာ့လို႔ ႐ွိတဲ့လမ္းေၾကာင္း ေ႐ြးခ်ယ္ၿပီးသြားရသူေတြကို ေတာ္လွန္ေရးအတြက္ ႏိုင္ရာအပိုင္းကေန ပါဝင္ေစဖို႔ အားေပးသင့္တယ္ မဟုတ္လား။ အားေလ်ာ့ ဝမ္းနည္းေစၿပီး ပိုပင္ပန္းေစတဲ့အခါ ထိေရာက္စြာ လုပ္ေဆာင္ႏိုင္တဲ့ လူေတြ နည္းပါး သည္ထက္ နည္းပါး သြားမွာကိုလဲ စိတ္ပူမိပါတယ္။ ေတာတြင္းေနထိုင္မႈဟာ သီတင္းကြၽတ္ တန္ေဆာင္တိုင္ ႏွစ္သစ္ကူး ညဘက္ မီး႐ွဴးမီးပန္းေဖာက္တဲ့အသံၾကားရင္ေတာင္ လက္နက္ႀကီးပစ္တယ္ထင္ၿပီး ေမွာင္မဲထဲ ဘယ္ေျပးရမွန္းမသိ လန္႔လန္႔ႏိုးေနရတဲ့ ညေပါင္းမ်ားစြာ၊ ေတာထဲေတာင္ထဲ ဘယ္လိုေနထိုင္ရတယ္၊ ဘယ္ေလာက္စိတ္ပင္ပန္းဝမ္းနည္းစရာေတြနဲ႔ ဘယ္လိုေက်ာ္ျဖတ္ေနရလဲဆိုတာကို ၿမိဳ႕ေပၚက တခ်ိဳ႕ေတြ သိႏိုင္ဖို႔ ခဲယဥ္းပါတယ္႐ွင္။ ကိုယ္ခ်င္းမစာႏိုင္ရင္ေတာင္ အျပစ္ေတြမဖို႔သင့္ဘူးလို႔ ထင္ပါတယ္။ လက္နက္ကိုင္မတိုက္ႏိုင္တဲ့သူေတြက သူႏိုင္ရာေနရာကေန တာဝန္ႏိုင္သေလာက္ ထမ္းေနၾကတာပါပဲ။ ဘယ္ေနရာကမဆို ပါဝင္သူတေယာက္စီတိုင္းဟာ ေလးစားစရာေကာင္းသူခ်ည္းပါပဲ။ အခုခ်ိန္ ၿမိဳ႕ေပၚကို USA က ေလယာဥ္တစ္စီးေလာက္လႊတ္လိုက္ၿပီး ဘာမွယူစရာမလို လိုက္ခ်င္တဲ့သူတက္ခဲ့လို႔ေျပာရင္ ေလယာဥ္ကို အာဖဂန္ကလူေတြလို တြယ္တက္ၿပီး သြားၾကမယ့္သူေတြ အမ်ားႀကီး႐ွိမွာပါပဲ။ ၿမိဳ႕ျပမွာ ေနထိုင္သူေတြလဲ အစစ အရာရာ လုံျခဳံမႈ႐ွိေနတာမွမဟုတ္တာ ကြၽန္မတို႔ နားလည္ပါတယ္။ အျပစ္တင္ေစာဖို႔ထက္ ကိုယ္လုပ္ႏိုင္တဲ့အတိုင္းအတာအတိုင္းဆက္လုပ္ေနဖို႔ အေရးႀကီးပါတယ္။ အခ်င္းခ်င္းေဖးမရင္း အားေပးၾကဖို႔ပဲလိုတယ္ ထင္ပါတယ္။ ”
“ဆို႐ွယ္ မီဒီယာမွာ လူသိေနသူေတြအတြက္ ေ႐ွာင္ရ ၊ ပုန္းရတဲ့အခါ သူမ်ားေတြထက္ ပိုခက္ခဲပါတယ္။ ကိုယ့္မ်က္ႏွာႀကီးမွတ္မိၿပီး ဘယ္ခ်ိန္အဖမ္းခံရမလဲ? ဘယ္လိုေ႐ွာင္ရမလဲ? ဘယ္လိုေနထိုင္ရမလဲ ဆိုၿပီး အၿမဲတမ္းလုံျခဳံေရးဦးစားေပးစဥ္းစား ရပါတယ္။ တခ်ိဳ႕ခရီးလမ္းေတြ နာရီပိုင္းအတြင္းေရာက္ႏိုင္တဲ့လမ္းေၾကာင္းေတြကို လုံျခဳံေရးအရ ၁ ညအိပ္ ၂ ညအိပ္၊ တခါတေလ ရက္႐ွည္ၾကာ ခက္ခက္ခဲခဲ ပင္ပင္ပန္းပန္းသြားရတဲ့ အခါေတြလဲ ႐ွိပါတယ္။ ဒါေတြကို အေသးစိတ္ နားမလည္ႏိုင္ရင္ေတာင္ ၊ ကိုယ္ခ်င္းမစာႏိုင္ရင္ေတာင္ အျပစ္မဖို႔ၾကဖို႔ ၊ မေလွာင္ေျပာင္ၾကဖို႔၊ အလြဲအေခ်ာ္ေတြ႐ွိခဲ့ရင္ေတာင္ အခ်င္းခ်င္းေဖးမၿပီး လမ္းေၾကာင္းတည့္ေအာင္ အျပဳသေဘာနဲ႔ ထိန္းေက်ာင္းေပးၾကဖို႔ ေမတၱာရပ္ခံပါတယ္႐ွင္။ ကြၽန္မတို႔ လူမ်ိဳးဟာ အခါႀကီးရက္ႀကီး မ်ားမွာ ဇီဝိတ ဒါန အေနနဲ႔ ငွက္ကေလးေတြ ငါးကေလးေတြက စလို႔ သတၱဝါေလးေတြ ရဲ႕အသက္ကို ကယ္တင္ကုသိုလ္ယူၾကတဲ့ ေမတၱာဓါတ္အင္မတန္ႀကီးတဲ့လူမ်ိဳးပါ။ အခုလို အသက္ေဘးေၾကာင့္ မိမိတို႔ေနထိုင္ရာ အမိေျမ ကို စြန္႔ .. မိသားစုကိုစြန္႔ .. ပိုင္ဆိုင္သမွ်ကို စြန္႔ၿပီး ေျခဗလာ လက္ဗလာ နဲ႔ ေ႐ွာင္တိမ္းရတဲ့ ကြၽန္မတို႔ရဲ႕ ရဲေဘာ္ရဲဘက္ေဟာင္းအခ်ိဳ႕အေပၚ ေမတၱာျပ ေပးၾကပါလို႔ ေတာင္းပန္လိုပါတယ္။ ဘယ္သူေတြ ဘယ္လိုပဲ ျပစ္တင္ႀကိမ္းေမာင္းၾကပါေစ။ အသက္ေဘးေၾကာင့္ အမိေျမမွေ႐ွာင္တိမ္းခဲ့ၾကရတဲ့ ရဲေဘာ္မ်ားကို အသက္႐ွင္သ၍ စစ္အာဏာ႐ွင္စနစ္ က်ဆုံးေရး တိုက္ပြဲဝင္မယ့္ ရဲေဘာ္မ်ား လို႔ ကြၽန္မက ယုံၾကည္ေလးစားခ်စ္ခင္လ်က္ပါ႐ွင့္” ဆိုၿပီး ေျပာလာခဲ့တာပဲျဖစ္ပါတယ္။
Source: Htar Htet Htet’s fb
unicode
လက်ရှိ လူမှုကွန်ယက်စာမျက်နှာမှာရေပန်းစားနေတာက နွေဦးတော်လှန်ရေးမှာ ပထမဦးဆုံးတောခိုခဲ့တဲ့ မိတ်ကပ်မေဦးနဲ့ မော်ဒယ်လ်ဟန်လင်းတို့စုံတွဲဟာ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့တိမ်းရှောင်သွားခဲ့ပြီဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ထိုသတင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေက ဝေဖန်မှုတွေရှိနေကြတာမို့ မေဦးတို့လိုပဲတောခိုနေတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထားထက်ထက်က သူမရဲ့အမြင်ကို အခုလိုပဲပြောလာပါတယ်။
“စစ်ပွဲက ကိုယ့်ဆီရောက်လာတဲ့အခါ လက်နက်ကိုင်ပြီးလဲ မတိုက်နိုင် ၊ တိုက်နိုင်လဲ လုံလောက်တဲ့ ထောက်ပို့ပစ္စည်းအင်အားကမရှိ၊ အဲ့ဒီတော့ လူတွေဟာ သူတတ်နိုင်စွမ်းရှိသလောက် လုပ်ဆောင်ပေးပြီးတဲ့အခါ လွတ်မြောက်ရာလမ်းကိုရှာဖွေတာ အပြစ်ဖြစ်တယ်လို့ ကျွန်မမထင်ပါဘူး။ လွတ်မြောက်သွားတဲ့သူတွေ အဖမ်းခံရမှ .. -တ်ဖြတ်ခံရမှ မှ ဝမ်းနည်းပါတယ် RIP ပါဆိုပြီး တရက်လောက် ပို့စ်တင်ကြမှာလား? ပြန်လမ်းမရှိတဲ့နေရာကိုရောက်မှ ကျေနပ်ကြမှာလားရှင်။ ဘယ်ကိစ္စမဆို အပြစ်တင်လိုက်ဖို့ထက် ငါတို့ဘက်တော်သား တယောက် လွတ်မြောက်ပြီ။ သူဆက်ပြီး တိုက်ပွဲဝင်နေဦးမယ် ဆိုပြီး ဝမ်းသာပေးလို့ မရနိုင်ဘူးလားရှင်။ တချို့တွေနေနေကြသလို မသိသလိုလို ရောယောင်ပြီး နေလို့ရနေလျက်နဲ့ ကိုယ်နိုင်ရာကိုလုပ်ဆောင်ပေးနေကြရင် အသိအမှတ်ပြုပေးရမယ် မဟုတ်လားရှင်။ ဒုက္ခရောက်တဲ့အချိန် ဘေးလွတ်ရာပြေးကြရတဲ့အခါ လူကထွက်သွားပေမယ့် ကိုယ်တတ်တဲ့ ပညာနဲ့ဖြစ်စေ နိုင်ရာနေရာကဖြစ်စေ ပါဝင်နေနိုင်ဖို့ တတ်နိုင်သလောက် ဆွဲခေါ်ထားရမှာ မဟုတ်လား။ ”
“သိပ်ပင်ပန်း ဒုက္ခရောက်တဲ့အခါ ရွေးစရာလမ်းမရှိတော့လို့ ရှိတဲ့လမ်းကြောင်း ရွေးချယ်ပြီးသွားရသူတွေကို တော်လှန်ရေးအတွက် နိုင်ရာအပိုင်းကနေ ပါဝင်စေဖို့ အားပေးသင့်တယ် မဟုတ်လား။ အားလျော့ ဝမ်းနည်းစေပြီး ပိုပင်ပန်းစေတဲ့အခါ ထိရောက်စွာ လုပ်ဆောင်နိုင်တဲ့ လူတွေ နည်းပါး သည်ထက် နည်းပါး သွားမှာကိုလဲ စိတ်ပူမိပါတယ်။ တောတွင်းနေထိုင်မှုဟာ သီတင်းကျွတ် တန်ဆောင်တိုင် နှစ်သစ်ကူး ညဘက် မီးရှူးမီးပန်းဖောက်တဲ့အသံကြားရင်တောင် လက်နက်ကြီးပစ်တယ်ထင်ပြီး မှောင်မဲထဲ ဘယ်ပြေးရမှန်းမသိ လန့်လန့်နိုးနေရတဲ့ ညပေါင်းများစွာ၊ တောထဲတောင်ထဲ ဘယ်လိုနေထိုင်ရတယ်၊ ဘယ်လောက်စိတ်ပင်ပန်းဝမ်းနည်းစရာတွေနဲ့ ဘယ်လိုကျော်ဖြတ်နေရလဲဆိုတာကို မြို့ပေါ်က တချို့တွေ သိနိုင်ဖို့ ခဲယဉ်းပါတယ်ရှင်။ ကိုယ်ချင်းမစာနိုင်ရင်တောင် အပြစ်တွေမဖို့သင့်ဘူးလို့ ထင်ပါတယ်။ လက်နက်ကိုင်မတိုက်နိုင်တဲ့သူတွေက သူနိုင်ရာနေရာကနေ တာဝန်နိုင်သလောက် ထမ်းနေကြတာပါပဲ။ ဘယ်နေရာကမဆို ပါဝင်သူတယောက်စီတိုင်းဟာ လေးစားစရာကောင်းသူချည်းပါပဲ။ အခုချိန် မြို့ပေါ်ကို USA က လေယာဉ်တစ်စီးလောက်လွှတ်လိုက်ပြီး ဘာမှယူစရာမလို လိုက်ချင်တဲ့သူတက်ခဲ့လို့ပြောရင် လေယာဉ်ကို အာဖဂန်ကလူတွေလို တွယ်တက်ပြီး သွားကြမယ့်သူတွေ အများကြီးရှိမှာပါပဲ။ မြို့ပြမှာ နေထိုင်သူတွေလဲ အစစ အရာရာ လုံခြုံမှုရှိနေတာမှမဟုတ်တာ ကျွန်မတို့ နားလည်ပါတယ်။ အပြစ်တင်စောဖို့ထက် ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာအတိုင်းဆက်လုပ်နေဖို့ အရေးကြီးပါတယ်။ အချင်းချင်းဖေးမရင်း အားပေးကြဖို့ပဲလိုတယ် ထင်ပါတယ်။ ”
“ဆိုရှယ် မီဒီယာမှာ လူသိနေသူတွေအတွက် ရှောင်ရ ၊ ပုန်းရတဲ့အခါ သူများတွေထက် ပိုခက်ခဲပါတယ်။ ကိုယ့်မျက်နှာကြီးမှတ်မိပြီး ဘယ်ချိန်အဖမ်းခံရမလဲ? ဘယ်လိုရှောင်ရမလဲ? ဘယ်လိုနေထိုင်ရမလဲ ဆိုပြီး အမြဲတမ်းလုံခြုံရေးဦးစားပေးစဉ်းစား ရပါတယ်။ တချို့ခရီးလမ်းတွေ နာရီပိုင်းအတွင်းရောက်နိုင်တဲ့လမ်းကြောင်းတွေကို လုံခြုံရေးအရ ၁ ညအိပ် ၂ ညအိပ်၊ တခါတလေ ရက်ရှည်ကြာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းသွားရတဲ့ အခါတွေလဲ ရှိပါတယ်။ ဒါတွေကို အသေးစိတ် နားမလည်နိုင်ရင်တောင် ၊ ကိုယ်ချင်းမစာနိုင်ရင်တောင် အပြစ်မဖို့ကြဖို့ ၊ မလှောင်ပြောင်ကြဖို့၊ အလွဲအချော်တွေရှိခဲ့ရင်တောင် အချင်းချင်းဖေးမပြီး လမ်းကြောင်းတည့်အောင် အပြုသဘောနဲ့ ထိန်းကျောင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်။ ကျွန်မတို့ လူမျိုးဟာ အခါကြီးရက်ကြီး များမှာ ဇီဝိတ ဒါန အနေနဲ့ ငှက်ကလေးတွေ ငါးကလေးတွေက စလို့ သတ္တဝါလေးတွေ ရဲ့အသက်ကို ကယ်တင်ကုသိုလ်ယူကြတဲ့ မေတ္တာဓါတ်အင်မတန်ကြီးတဲ့လူမျိုးပါ။ အခုလို အသက်ဘေးကြောင့် မိမိတို့နေထိုင်ရာ အမိမြေ ကို စွန့် .. မိသားစုကိုစွန့် .. ပိုင်ဆိုင်သမျှကို စွန့်ပြီး ခြေဗလာ လက်ဗလာ နဲ့ ရှောင်တိမ်းရတဲ့ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်ဟောင်းအချို့အပေါ် မေတ္တာပြ ပေးကြပါလို့ တောင်းပန်လိုပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ပြစ်တင်ကြိမ်းမောင်းကြပါစေ။ အသက်ဘေးကြောင့် အမိမြေမှရှောင်တိမ်းခဲ့ကြရတဲ့ ရဲဘော်များကို အသက်ရှင်သ၍ စစ်အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲဝင်မယ့် ရဲဘော်များ လို့ ကျွန်မက ယုံကြည်လေးစားချစ်ခင်လျက်ပါရှင့်” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
Source: Htar Htet Htet’s fb