ဇာတ်လမ်းတွဲတွေရိုက်ကူးခဲ့စဉ် က အချိန်တွေ ကို ပြန်လည်လွမ်းမိနေ တဲ့ နေခြည်ရွှန်းလက်




crd

unicode

ပရိသတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနာမည်ရလာခဲ့တဲ့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ရွှန်းလက် ကိုတော့ ဇာတ်လမ်းတွဲတွေကို ညတိုင်းစောင့်ကြည့်နေကျ ပရိသတ်တွေကတော့ သိကြလိမ့်မယ်ထင်ပါတယ်။ဆံပင်ရှည်ကိုတန်ဖိုးထားပြီး တမူထူးခြားတဲ့ ရုပ်ရှင်သွင်ပြင်ကြောင့် ယောက်ကျားလေးပရိသတ်တွေကြားထဲမှာ နာမည်ကြီးကျော်ကြားတဲ့ မင်းသမီးလေးလဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြင် ကောင်းမွန်တဲ့အိုက်တင်တွေကြောင့် သူမပါဝင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတိုင်းဟာ အောင်မြင်မှု့တွေ ရရှိခဲ့တာပါ။ မင်းသမီးချောလေး နေခြည်ရွှန်းလက် ဟာ အရင်တုန်းက ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ အချိန်တွေကို ပြန်လည်လွမ်းမိနေတယ်ဆိုတဲ့ အကြောင်းကိုအခုလိုပဲ ရေးသားလာခဲ့ပါတယ်။

သရုပ်ဆောင် နေခြည်ရွှန်းလက် ဟာပြည်သူတွေနဲ့တစ်သားထည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ အနုပညာလှုပ်ရှားမှု့တွေရပ်နားထားတာကြောင့် သူမရဲ့ဇာတ်ကောင်လေးတွေကို လွမ်းနေမိတယ်ဆိုတဲ့အကြောင်းကို ” ဘာရယ်မဟုတ် အနာဂတ်က ကျွန်မရဲ့ ဇာတ်ကောင်လေးတွေကိုလွမ်းမိတဲ့နေ့တစ်နေ့ပါပဲ နေခြည်ရွှန်းလက်မဟုတ်ပဲ အရင်ကလို ဇာတ်လမ်းထဲက ဇာတ်ကောင် ကောင်မလေး တစ်ယောက်ပြီး တစ်ယောက်အဖြစ်နဲ့ပဲ ကျွန်မရဲ့ အချိန် တွေကိုကုန်ဆုံးခဲ့ချင်တာ ချစ်ရပါသော အနာဂတ်က ဇာတ်ကောင်လေး တွေ ငါတို့တွေ တစ်နေ့ကျပြန်ဆုံကြမယ် နင်တို့ကဘယ်လိုဇာတ်ကောင်မျိုးလေးတွေမှန်း မသိပင်မယ့် တွေ့တဲ့နေ့ကျ တမြတ်တနိုးနဲ့ ပုံဖော်ပေးပါ့မယ် အခုတော့ နင်တို့လည်း အားတင်းထား ငါကိုယ်တိုင်လည်းအားတင်းထားပါ့မယ် ” လို့ အားပေးရင်း သူမကိုယ်တိုင်လဲ ဇာတ်ကောင်လေးတွေကို လွမ်းနေတယ်လို့ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

ကဲ… Cele Only ပရိသတ်ကြီးရေ ဇာတ်ကောင်လေးတွေကို လွမ်းမိနေတဲ့ ပရိသတ်အချစ်တော် နေခြည်ရွှန်းလက် အတွက်အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်း။ နေခြည်ရွှန်းလက် ရဲ့ဘယ်ဇာတ်ကောင်လေးတွေကို မှတ်မိသေးလဲ??? ဖြေခဲ့ကြအုန်းနော်။

crd

Add a Comment

Your email address will not be published. Required fields are marked *