ျပည္ခိုင္ၿဖိဳးပါတီ ကို အမ်ားတကာက သူခိုးပါတီလို႔ ေလွာင္ေျပာင္တာ မခံခ်င္ရင္ ပါတီဝင္ေတြ အေနနဲ႔ စိတ္ဓါတ္ နဲ႔ လုပ္ရပ္ ကို ျပင္ရ မယ္ လို႔ ပါတီဥကၠဌ ေျပာ

ျပည္ခိုင္ၿဖိဳးပါတီကို သူမ်ားေတြက သူခိုးပါတီလို႔ ေလွာင္ေျပာင္တာ မခံခ်င္ရင္ ပါတီဝင္ေတြအေနနဲ႔ စိတ္ဓာတ္နဲ႔ လုပ္ရပ္ကိုျပဳျပင္ရမည္လို႔ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠဌေျပာဆို မိမိတို႔ ျပည္ခိုင္ၿဖိဳးပါတီဟာဒို႔တာဝန္အေရး ( ၃ )ပါးကို ဦးထိပ္ထားရပ္တည္ေနတဲ့ ျပည္သူ႕ကိုယ္စားျပဳပါတီျဖစ္တာနဲ႔အညီ သူမ်ားေတြ ဝိုင္းလက္ညိႇဳးထိုး သူခိုးပါတီလို႔ ေလွာင္ေျပာင္ခံရတဲ့အထိ ဆိုးဝါးတဲ့ ႏွိမ့္ခ်မႈ ခံေနရျခင္းမွာ

ပါတီတြင္း အက်င့္ပ်က္ ျခစားမႈအခ်ိဳ႕ေၾကာင့္ဆိုတာ ျငင္းမရပါဘူး၊ ဒီအက်င့္ပ်က္ျခစားမႈ လုပ္သူေတြကိက်န္ပါတီဝင္ က သူတို႔ေတာင္လုပ္ေနၾကတာပဲ ငါလည္းရသေလာက္လုပ္မယ္ဆိုတာကေန သူခိုးေတြဆိုတဲ့နာမည္ဆိုးကိုပါတီႀကီးအေနနဲ႔ခံစားလိုက္ရၿပီးၿပီ ျဖစ္ပါတယ္။ အူမေတာင့္မွ သီလေစာင့္ႏိုင္မယ္ ၊ အူမမေတာင့္လို႔ဟု ဆိုကာ အဂတိလိုက္စားေနၾကေသာ ပါတီဝင္မ်ားကိုယ့္ကိုယ္ကို မျပဳျပင္ၾကေသးသ၍ ျပည္ခိုင္ၿဖိဳးပါတီဟာသမိုင္းအမဲစက္ထင္က်န္ခဲ့လိမ့္မယ္

ပါတီဝင္ေတြထဲကျခစားေနသူအခ်ိဳ႕ေတြကိုစုံစမ္းေဖာ္ထုတ္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌးမွ အသိေပးေျပာဆိုလိုက္ၿပီး ပါတီသန္႔႐ွင္းေရးကိုအထူးေဆာင္႐ႊက္သြားမယ္လို႔ ေနျပည္ေတာ္ ျပည္ခိုင္ၿဖိဳးပါတီ ႐ုံး ပါတီဝင္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးပြဲမွာေျပာၾကားလိုက္ပါတယ္။

crd

unicode

ပြည်ခိုင်ဖြိုးပါတီကို သူများတွေက သူခိုးပါတီလို့ လှောင်ပြောင်တာ မခံချင်ရင် ပါတီဝင်တွေအနေနဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကိုပြုပြင်ရမည်လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌပြောဆို မိမိတို့ ပြည်ခိုင်ဖြိုးပါတီဟာဒို့တာဝန်အရေး ( ၃ )ပါးကို ဦးထိပ်ထားရပ်တည်နေတဲ့ ပြည်သူ့ကိုယ်စားပြုပါတီဖြစ်တာနဲ့အညီ သူများတွေ ဝိုင်းလက်ညှိုးထိုး သူခိုးပါတီလို့ လှောင်ပြောင်ခံရတဲ့အထိ ဆိုးဝါးတဲ့ နှိမ့်ချမှု ခံနေရခြင်းမှာ

ပါတီတွင်း အကျင့်ပျက် ခြစားမှုအချို့ကြောင့်ဆိုတာ ငြင်းမရပါဘူး၊ ဒီအကျင့်ပျက်ခြစားမှု လုပ်သူတွေကိကျန်ပါတီဝင် က သူတို့တောင်လုပ်နေကြတာပဲ ငါလည်းရသလောက်လုပ်မယ်ဆိုတာကနေ သူခိုးတွေဆိုတဲ့နာမည်ဆိုးကိုပါတီကြီးအနေနဲ့ခံစားလိုက်ရပြီးပြီ ဖြစ်ပါတယ်။ အူမတောင့်မှ သီလစောင့်နိုင်မယ် ၊ အူမမတောင့်လို့ဟု ဆိုကာ အဂတိလိုက်စားနေကြသော ပါတီဝင်များကိုယ့်ကိုယ်ကို မပြုပြင်ကြသေးသ၍ ပြည်ခိုင်ဖြိုးပါတီဟာသမိုင်းအမဲစက်ထင်ကျန်ခဲ့လိမ့်မယ်

ပါတီဝင်တွေထဲကခြစားနေသူအချို့တွေကိုစုံစမ်းဖော်ထုတ်ရမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အသိပေးပြောဆိုလိုက်ပြီး ပါတီသန့်ရှင်းရေးကိုအထူးဆောင်ရွှက်သွားမယ်လို့ နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ရုံး ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲမှာပြောကြားလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *