အမိုက်စားပုံစံလေးနဲ့ အပီအပြင်သရေုပ်ဆောင်ထားတဲ့ ခြူးလေး ရဲ့ ဗီဒီယို
|ဒီကနေ့မှာတော့ ခြူးလေးက ဖုန်းလေးတစ်လုံးတည်းသာ အသုံးပြုပြီး သူမ ကိုယ်တိုင် အစအဆုံးဖန်တီးခဲ့တဲ့ ဗီဒီယိုအတိုလေးတစ်ပုဒ်ကို ပရိသတ်တွေကို ချပြလာပါတယ်။ခြူးလေးက “သင်တန်း တက်ခဲ့စဉ်က Project – 1 ( Who am I ? ) ဖုန်းလေးနဲ့ ဘဲ အစဆုံး ကိုယ်တိုင် ဖန်တီး ခဲ့ပုံလေး ပါပေါ့ … နောက်ခံ တီးလုံးလေး အကြိုက်ဆုံး ….” ဆိုပြီး သူမကိုယ်တိုင် အစအဆုံးဖန်တီးဖြစ်ခဲ့တဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေး လာပါတယ်။
ခြူးလေးကတော့ ပရိသတ်တွေအတွက် အသစ်အသစ်သော အနုပညာတွေကို ချပြနိုင်ဖို့အတွက် အားသွန်ခွန်စိုက်ကြိုးစားနေသူလေးပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ခြူးလေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင် တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
ဇာတ်လမ်းတွဲမင်းသမီးလေး တစ်လက်ဖြစ်တဲ့ ခြူးလေးက “ပန်းနုသွေး”၊ “ပို၍လှသောမနက်ဖြန်”၊ “ပဉ္စလက်ရွာ”၊ “ချစ်ရပါသောနွေ”၊ “နွေ လည်ညရဲ့လမင်း” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေ ရရှိလာတာ ဖြစ်ပါတယ်။မတူညီတဲ့ ဇာတ်ရုပ်ကာရိုက်တာတွေကို အမျိုးမျိုး သရုပ်ဆောင်နိုင်တဲ့ ခြူးလေးက ဒီဘက်ခေတ်ရဲ့ အနုပညာကဝေမလေးလို့တောင် တင်စားလို့ရပါတယ်။ခြူးလေးကလည်း သူမရဲ့ ပရိသတ် တွေအတွက် တစ်နေ့ထက်တစ်နေ့ မရိုးနိုင် တဲ့ အနုပညာအသစ်တွေကို ချပြဖို့ ကြိုးစားနေသူတစ်ယောက် ဖြစ်ပါတယ်။
photo – Chue Lay
DW-shweyoe