ရောက်ရာအရပ် မှာပျော်အောင် နေတတ်တဲ့ အကျင့်လေးလည်းကျင့်ထားတယ် လို့ဆိုရင်း ပုံလေးတွေ တင်ပေးလိုက်တဲ့ အမေးသောင်း
|သရုပ်ဆောင်မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ဖေဖော်ဝါရီလအစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပါဝင်ခဲ့တာကြောင့် အမှုဖွင့်အရေးယူခြင်းခံခဲ့ရသူပဲ ဖြစ်ပါတယ်။ အရေးတော်ပုံကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့သလို အကြမ်းဖက်မှုတွေကြောင့်ဒုက္ခပင်လယ်ဝေနေရတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေလည်း ပြုလုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ စကစဘက်မှ သူမကိုအမှုပြန်လည်ရုပ်သိမ်းထားပေမယ့်လည်း အေးဝတ်ရည်သောင်းကတော့ လတ်တလောမှာဘေးလွတ်ရာကို
ရှောင်တိမ်းနေတာ ဖြစ်ပြီး ပြည်သူတွေကလည်း စိတ်ပူနေကြတာပါ။ မအေးသောင်းကတော့ သူမအတွက်စိတ်ပူနေကြတဲ့ ပရိသတ်တွေကို လုံခြုံအေးချမ်းတဲ့နေရာမှာရောက်ရှိနေကြောင်း ဓာတ်ပုံလေးတွေနဲ့အတူ သက်သေပြလာတာပါနော်။ တောင်တန်းတွေနဲ့ အေးချမ်းတဲ့ဘေးလွတ်ရာမှာရောက်ရှိနေကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဓာတ်ပုံလေးတွေ ဝေမျှထားသလို ပြည်သူတွေ ငြိမ်းချမ်းစေဖို့ကိုလည်း ဆုတောင်းထားပါသေးတယ်။ သူမရဲ့ပို့စ်အောက်မှာတော့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်ဆွေသူင်ာချင်းပရိသတ်တွေကလည်း
အားပေးစကားပြောရင်း ဘေးကင်းလုံခြုံစေဖို့ကိုလည်း ပြန်လည်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်။သရုပ်ဆောင်မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ဖေဖော်ဝါရီလအစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပါဝင်ခဲ့တာကြောင့် အမှုဖွင့်အရေးယူခြင်းခံခဲ့ရသူပဲ ဖြစ်ပါတယ်။ အရေးတော်ပုံကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့သလို အကြမ်းဖက်မှုတွေကြောင့်ဒုက္ခပင်လယ်ဝေနေရတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေလည်း ပြုလုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
photo – Aye Thaung
DW-shweyoe