AA နှင့် NUG ဗီဒီယိုကွန်ဖရင့်ဖြင့်တွေ့ဆုံဆွေးနွေးမှု့သည် တပ်မတော် အပေါ်မခန့်လေးစားပြုရာရောက် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

AA နှင့် NUG ဗီဒီယိုကွန်ဖရင့်ဖြင့်တွေ့ဆုံဆွေးနွေးမှု့သည်တပ်မတော်အပေါ်မခန့်လေးစားပြုရာရောက်ဟုဗိုလ်ချုပ်ဇော်မင်းထွန်းပြောဒုတိယအကြိမ်မြောက် AA နှင့် NUG တို့၏တွေ့ဆုံဆွေးနွေးမှု့သည်တပ်မတော်အပေါ်မခန့်လေးစားပြုရာရောက်ပြီး AA အပေါ်တပ်မတော်၏ငဲ့ညှာထောက်ထားမှု့ကိုအလွဲသုံးစားပြု၍ စော်ကားလိုက်ခြင်းဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုလိုက်ပါတယ်။

တပ်ချုပ်ကတော်ကြီးဒေါ်ကြူကြူလှ၏ တောင်းဆိုချက်ကြောင့် AA အပေါ်တပ်ချုပ်ကြီးမှအလျော့ပေးဆက်ဆံမှုပြုနေသည့်ကြားမှယခုကဲ့သို့စော်ကားလိုက်ခြင်းသည် တပ်မတော်ထိပ်တန်းအရာရှိကြီးများအကြားဂယက်ရိုက်မှုပြင်းထန်ခဲ့ပြီး တပ်မတော်ဂုဏ်သိက္ခာကို

လည်းထိခိုက်စေတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ တပ်ချုပ်ကတော်ဒေါ်ကြူကြူလှသည် ရခိုင်လူမျိုးဖြစ်ပြီး AA နှင့်ပတ်သတ်၍သဘောထားပျော့ပြောင်းသည်ဟုသူနှင့်နီးစပ်သူအချို့ကပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက AA အနေဖြင့် NUG နှင့်ကင်းကင်းနေသင့်ပြီး NCA သဘောတူညီချက်စာချုပ်တွင်ပါဝင်လက်မှတ်ထိုး၍ ရက္ခိုင့်EAO အနေအထားရယူကာ တပ်မတော်နှင့်လက်တွဲကာ တိုင်းကျိုးပြည်ပြုလုပ်ငန်းစဉ်များတွင်ကူညီဆောင်ရွက်သင့်တယ်လို့ပြောဆိုသည်။

တပ်မတော်သတင်းပြန်ကြားရေး

unicode

Add a Comment

Your email address will not be published. Required fields are marked *