(၃) ရက္ အတြင္း ေျခ၊လက္ေတြ ျဖဴေဖြး လာ တဲ့ အိမ္တြင္း နည္းလမ္းေကာင္

ႏွစ္သစ္မွာ ေဆးနည္းသစ္တခုေပးပါရေစ…သုံးရက္မဟုတ္ဘဲ

တစ္ရက္နဲ႔ကို သင့္အသားအေရ ထူးျခားလာေစရပါမယ္ …။

အထူးသျဖင့္ ေနေလာင္ထားတဲ့ ေျခ၊လက္ အသားအေရအတြက္ ဒီနည္းက အသုံးဝင္လြန္းပါတယ္။

ပ်က္ဆီးေနတဲ့ အသားအေရ ျပန္လည္ ျဖဴေဖြးခ်င္တယ္ ဆိုရင္ အဆင့္(၂)ဆင့္ ျပဳလုပ္ဖို႔ လိုပါတယ္ …။

ပထမအဆင့္က ဆဲလ္ေသေတြ ဖယ္႐ွားတဲ့အဆင့္ျဖစ္တယ္။ scrub လို႔ ေခၚပါတယ္။

ဒုတိယအဆင့္က ေျခလက္ေတြ ျပန္လည္ ျဖဴေဖြးလာေအာင္ ထိန္းသိမ္းရတဲ့အဆင့္ …။

ဒီအဆင့္ႏွစ္ဆင့္ကို တခ်ိန္တည္း ဆကိတိုက္လုပ္ဖို႔ လိုပါတယ္။ ဒီလိုျပဳလုပ္ျခင္းအားျဖင့္

သင့္အသားအေရဟာ သုံးရက္အတြင္း သိသာလာမွာပဲ ျဖစ္ပါတယ္ …။

ပထမအဆင့္ – Scrub

ဆဲလ္ေသေတြ ဖယ္႐ွားတဲ့အဆင့္ျဖစ္တယ္။ ဒီအဆင့္မွာ သၾကား လက္ဖက္ရည္တစ္ဇြန္းစာ နဲ႔ စႏၵာကူးမႈန္႔ ထမင္းစားဇြန္း တစ္ဇြန္းစာကို ေရာစပ္ပါ …။

ၿပီးရင္ အဆိုပါအေရာထဲ ခရမ္းခ်ဥ္သီးကို အတုံး ခပ္ေသးေသးေလးေတြ ပိုင္းၿပီးထည့္ပါ …။(တခ်ိဳ႕က အထဲက အႏွစ္ကိုလည္း အသုံးျပဳၾကတယ္)

သၾကား၊စႏၵာကူးမႈန္႔နဲ႔ ခရမ္းခ်ဥ္းသီး သုံးမ်ိဳးအေရာကို ေျခေထာက္ သို႔မဟုတ္ လက္ စတဲ့ေနရာေတြမွာ ၅-၁၀ မိနစ္ခန္႔ ၾကာေအာင္ ပြတ္ေပးပါ …။

ၿပီးတာနဲ႔ ေရခပ္ေႏြးေႏြးနဲ႔ ေဆးခ်ၿပီး အဝတ္ေျခာက္တခုနဲ႔ ေသခ်ာသုတ္ပါ။ ဒါဆိုရင္ ပထမအဆင့္ ၿပီးပါၿပီ …။

ဒုတိယအဆင့္ – Whitening Pack

ဒီအဆင့္က ေျခလက္ေတြကို ျပန္လည္ ျဖဴေဖြးလာေအာင္ ထိန္းသိမ္းရတဲ့အဆင့္ျဖစ္လို႔ ပိုအေရးႀကီးတယ္။

အရင္ဆုံး အာလူးသီးကို အခြံခြာၿပီး blender (ႀကိတ္စက္)ထဲ ထည့္ႀကိတ္ပါ …။

(blender မ႐ွိရင္ ႏုတ္ႏုတ္စင္းၿပီး ညက္ေအာင္ ေထာင္းလို႔လည္းရပါတယ္)။ ၿပီးရင္ ထြက္လာတဲ့ အႏွစ္ကို

သန္႔စင္တဲ့ ပိတ္ျဖဴစ(အဝတ္စ)တစ္ခုထဲထည့္ၿပီး အရည္ခ်ည္းထြက္ေအာင္ စစ္ထုတ္ယူပါ …။

ဒါဆိုရင္ အာလူးသီးအရည္ရလာလိမ့္မယ္။ အာလူးသီးအရည္ကို ထမင္းစားဇြန္း (၄)ဇြန္းစာေလာက္ယူၿပီး

ေ႐ွာက္သီးရည္ ထမင္းစားဇြန္း (၃)ဇြန္းစာ အရင္ ေရာစပ္ပါ …။

ၿပီးရင္ ဆန္မႈန္႔ ထမင္းစားဇြန္း(၂)ဇြန္းထပ္ထည့္ပါ။ ေနာက္ဆုံးမွ ပ်ားရည္ ထမင္းစားဇြန္း(၁)ဇြန္း ေရာထည့္လိုက္ၿပီး

သမေအာင္ ေမႊရင္ အသားျဖဴေဖြးေစတဲ့ Pack တခုရ႐ွိမွာ ျဖစ္ပါတယ္ …။

ရလာတဲ့ ေလးမ်ိဳးစပ္ အေရာကို ေျခ၊လက္၊ကုပ္ စတဲ့ေနရာေတြမွာ လိမ္းၿပီး

နာရီဝက္ျပည့္ေအာင္ လိမ္းထားလိုက္ပါ။ ၿပီးရင္ ေရေဆး လိုက္ပါ

နဂိုမည္းေနတဲ့အသားအေရေတြ သုံးရက္အတြင္း သိသိသာသာ

ျပန္လည္ျဖဴေဖြးလာတာ ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

ေဒါက္တာ ေအးမင္းထူး

unicode

နှစ်သစ်မှာ ဆေးနည်းသစ်တခုပေးပါရစေ…သုံးရက်မဟုတ်ဘဲ

တစ်ရက်နဲ့ကို သင့်အသားအရေ ထူးခြားလာစေရပါမယ် …။

အထူးသဖြင့် နေလောင်ထားတဲ့ ခြေ၊လက် အသားအရေအတွက် ဒီနည်းက အသုံးဝင်လွန်းပါတယ်။

ပျက်ဆီးနေတဲ့ အသားအရေ ပြန်လည် ဖြူဖွေးချင်တယ် ဆိုရင် အဆင့်(၂)ဆင့် ပြုလုပ်ဖို့ လိုပါတယ် …။

ပထမအဆင့်က ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ scrub လို့ ခေါ်ပါတယ်။

ဒုတိယအဆင့်က ခြေလက်တွေ ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့် …။

ဒီအဆင့်နှစ်ဆင့်ကို တချိန်တည်း ဆကိတိုက်လုပ်ဖို့ လိုပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့်

သင့်အသားအရေဟာ သုံးရက်အတွင်း သိသာလာမှာပဲ ဖြစ်ပါတယ် …။

ပထမအဆင့် – Scrub

ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ ဒီအဆင့်မှာ သကြား လက်ဖက်ရည်တစ်ဇွန်းစာ နဲ့ စန္ဒာကူးမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာကို ရောစပ်ပါ …။

ပြီးရင် အဆိုပါအရောထဲ ခရမ်းချဉ်သီးကို အတုံး ခပ်သေးသေးလေးတွေ ပိုင်းပြီးထည့်ပါ …။(တချို့က အထဲက အနှစ်ကိုလည်း အသုံးပြုကြတယ်)

သကြား၊စန္ဒာကူးမှုန့်နဲ့ ခရမ်းချဉ်းသီး သုံးမျိုးအရောကို ခြေထောက် သို့မဟုတ် လက် စတဲ့နေရာတွေမှာ ၅-၁၀ မိနစ်ခန့် ကြာအောင် ပွတ်ပေးပါ …။

ပြီးတာနဲ့ ရေခပ်နွေးနွေးနဲ့ ဆေးချပြီး အဝတ်ခြောက်တခုနဲ့ သေချာသုတ်ပါ။ ဒါဆိုရင် ပထမအဆင့် ပြီးပါပြီ …။

ဒုတိယအဆင့် – Whitening Pack

ဒီအဆင့်က ခြေလက်တွေကို ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့်ဖြစ်လို့ ပိုအရေးကြီးတယ်။

အရင်ဆုံး အာလူးသီးကို အခွံခွာပြီး blender (ကြိတ်စက်)ထဲ ထည့်ကြိတ်ပါ …။

(blender မရှိရင် နုတ်နုတ်စင်းပြီး ညက်အောင် ထောင်းလို့လည်းရပါတယ်)။ ပြီးရင် ထွက်လာတဲ့ အနှစ်ကို

သန့်စင်တဲ့ ပိတ်ဖြူစ(အဝတ်စ)တစ်ခုထဲထည့်ပြီး အရည်ချည်းထွက်အောင် စစ်ထုတ်ယူပါ …။

ဒါဆိုရင် အာလူးသီးအရည်ရလာလိမ့်မယ်။ အာလူးသီးအရည်ကို ထမင်းစားဇွန်း (၄)ဇွန်းစာလောက်ယူပြီး

ရှောက်သီးရည် ထမင်းစားဇွန်း (၃)ဇွန်းစာ အရင် ရောစပ်ပါ …။

ပြီးရင် ဆန်မှုန့် ထမင်းစားဇွန်း(၂)ဇွန်းထပ်ထည့်ပါ။ နောက်ဆုံးမှ ပျားရည် ထမင်းစားဇွန်း(၁)ဇွန်း ရောထည့်လိုက်ပြီး

သမအောင် မွှေရင် အသားဖြူဖွေးစေတဲ့ Pack တခုရရှိမှာ ဖြစ်ပါတယ် …။

ရလာတဲ့ လေးမျိုးစပ် အရောကို ခြေ၊လက်၊ကုပ် စတဲ့နေရာတွေမှာ လိမ်းပြီး

နာရီဝက်ပြည့်အောင် လိမ်းထားလိုက်ပါ။ ပြီးရင် ရေဆေး လိုက်ပါ

နဂိုမည်းနေတဲ့အသားအရေတွေ သုံးရက်အတွင်း သိသိသာသာ

ပြန်လည်ဖြူဖွေးလာတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်နော် …။ ။

ဒေါက်တာ အေးမင်းထူး

Add a Comment

Your email address will not be published. Required fields are marked *