(၇) ရက္သားသမီး ျပည္သူမ်ားအတြက္ ဘုရားမွာ ကုသိုလ္ ေကာင္းမႈ မ်ားစြာ ျပဳလုပ္ရင္း ဆုေတာင္းျခင္းေတြ ျပဳလုပ္ေပးခဲ့တဲ့ ေမလသံစဥ္
|ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အခိုင္အမာ သိမ္းပိုက္ထားတဲ့ ျပည္သူ႕အခ်စ္ေတာ္ အႏုပညာ႐ွင္ထဲမွာ သီခ်င္းေကာင္းေလးေတြနဲ႔ ပရိသတ္ရင္ထဲကို ေရာက္႐ွိခဲ့တဲ့ အဆိုေတာ္ေခ်ာေလး ေမလသံစဥ္ကလည္း အပါအဝင္ပါပဲေနာ္ ။
ကိုယ္ပိုင္သံစဥ္သီခ်င္းေကာင္းေလးေတြကို ဖန္တီးတတ္တဲ့အျပင္ ျပန္ဆိုေတးေလးေတြကိုလည္း ပရိသတ္အႀကိဳက္ေတြ႕ေအာင္ သီဆိုႏိုင္ကာ ဂီတေလာကမွာ အသက္ငယ္ငယ္ေလးနဲ႔ ေအာင္ျမင္ေနတာ ျဖစ္ပါတယ္ ။ အၿမဲလိုလို ခ်ိဳသာတဲ့ အျပဳံးေလးေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနတတ္သူေလးျဖစ္ၿပီး ျမန္မာဆန္ဆန္ဖက္႐ွင္ေလးေတြ ႐ိုး႐ွင္းတဲ့ ဖက္႐ွင္ေလးေတြကိုသာ ဝတ္ဆင္ေလ့႐ွိသူေလးပဲ ျဖစ္ပါတယ္။
ေမလက အလုပ္ေတြ ႀကိဳးစားသလို ေကာင္းမႈ ကုသိုလ္ အလႉအတန္းေတြကိုလည္း အၿမဲ ျပဳလုပ္ေလ့႐ွိပါတယ္ အခုလည္း (၇) ရက္သားသမီး ျပည္သူမ်ားအတြက္ ဘုရားမွာ ကုသိုလ္ ေကာင္းမႈ မ်ားစြာ ျပဳရင္း ဆုေတာင္းျခင္းေတြ ျပဳလုပ္ေပးျဖစ္ခဲ့ပုံကို ” ထိုေကာင္းမႈေၾကာင့္ ျမန္မာျပည္သူျပည္သားအားလုံးစိတ္ခ်မ္းသာၾကပါေစ ” စာေလးနဲ႔ ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။
Yuan – Cele Zone
Photo – Mayla Melody
unicode
ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ထဲမှာ သီချင်းကောင်းလေးတွေနဲ့ ပရိသတ်ရင်ထဲကို ရောက်ရှိခဲ့တဲ့ အဆိုတော်ချောလေး မေလသံစဉ်ကလည်း အပါအဝင်ပါပဲနော် ။
ကိုယ်ပိုင်သံစဉ်သီချင်းကောင်းလေးတွေကို ဖန်တီးတတ်တဲ့အပြင် ပြန်ဆိုတေးလေးတွေကိုလည်း ပရိသတ်အကြိုက်တွေ့အောင် သီဆိုနိုင်ကာ ဂီတလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတာ ဖြစ်ပါတယ် ။ အမြဲလိုလို ချိုသာတဲ့ အပြုံးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်သူလေးဖြစ်ပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးတွေ ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေကိုသာ ဝတ်ဆင်လေ့ရှိသူလေးပဲ ဖြစ်ပါတယ်။
မေလက အလုပ်တွေ ကြိုးစားသလို ကောင်းမှု ကုသိုလ် အလှူအတန်းတွေကိုလည်း အမြဲ ပြုလုပ်လေ့ရှိပါတယ် အခုလည်း (၇) ရက်သားသမီး ပြည်သူများအတွက် ဘုရားမှာ ကုသိုလ် ကောင်းမှု များစွာ ပြုရင်း ဆုတောင်းခြင်းတွေ ပြုလုပ်ပေးဖြစ်ခဲ့ပုံကို ” ထိုကောင်းမှုကြောင့် မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာကြပါစေ ” စာလေးနဲ့ ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – Mayla Melody