ပရိတ်သတ်များ ဝေဖန်နေတဲ့ကြားက ချစ်သူလေးနဲ့ တမင်ပျော်မြူးပြနေတဲ့ ပုံတွေ ထက်ပေါ်လာတဲ့ တပ်ချစ်သူ မင်းသားချော အောင်ရဲလင်း
ခရက်ဒစ်
unicode
မင်းသားတွေထဲမှာ အရပ် ၆ ပေကျော်နဲ့ six pack နဲ့body ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ဖြစ် Model လောကရော သရုပ်ဆောင်ပိုင်းမှာနာမည်ကြီးအောင်မြင်နေတဲ့ အောင်ရဲလင်းဟဟိုးအရင် က ကိုနိုင်းနိုင်းရဲ့ ရုပ်ရှင်တွေမှာဇာတ်ပို့ဇာတ်ရံနေရာမှာ မြင့်မိုရ် ဆိုတဲ့နာမည်နဲ့ အချိန်ကြာမြင့်စွာ သရုပ်ဆောင်ခဲ့သူပါ။ အနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်စွာလျှောက်လှမ်းလာပြီးနောက်ပိုင်းမှာတော့ ခရိုနီကြိုက်မင်းသားလေးတစ်ယောက်ဖြစ်လာပါတော့တယ်။
အောင်ရဲလင်းချစ်သူအဖြစ်ရွေး လိုက်တဲ့ သူတွေကတော့ ခရိုနီတွေထဲပဲ တစ်ယောက်ပြီးတစ်ယောက်ဖြစ်လို့နေတာကြောင့် ခုလက်ရှိမြန်မာနိုင်ငံရဲ့ ဖြစ်နေတဲ့နိုင်ငံရေး အနေအထားမှာ အနုပညာရှင်တော်တော်များများကတော့ ပြည်သူတွေနဲ့တစ်သားထဲကျလို့ နေခဲ့ပေမဲ့ မင်းသားချော အောင်ရဲလင်းကတော့ တိတ်ဆိတ်နေခဲ့တဲ့အကြောင်းရာတွေကို ဖြေရှင်းလာခဲ့ပါသေးတယ်။
သူ့ရဲ့ Instagram မှာတော့ အချစ်ရေး နဲ့ ပတ်သက်ပြီးကောင်မလေး တွေနဲ့ တွဲလိုက် ပြတ်လိုက် ဖီးလိုက် ဘီယာလေး ချလိုက်နဲ့ အလုပ်များ နေခဲ့တာပါနော် တော်လှန်ရေးကာလမှာ ငြိမ်ချက်သားကောင်းနေတဲ့ အောင်ရဲလင်းက ဒီကနေ့မှာဆိုရင်တော့ချစ်သူကောင်မလေးနဲ့လျှောက်လည်နေတာပဲဖြစ်ပါတယ်နော်။ချစ်သူကောင်မလေး မေသဇင်အောင်ကတော့ အောင်ရဲလင်းနဲ့အတူပျော်ရွှင်စွာ လျှောက်လည်နေတဲ့ပုံလေးတွေကို “ကိုကိုနဲ့အမှတ်တရပုံလေးတွေတင်ပါရစေ”ဆိုတဲ့စာသားလေးနဲ့အတူသူမတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကိုပြသလာခဲ့တာပဲဖြစ်ပါတယ်နော်။သူတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်လေးတွေကိုကြည့်ရင် အောင်ရဲလင်းကိုချစ်သူကောင်မလေးက အရမ်းကိုချစ်တာပဲလို့ထင်မိပါတယ်နော်။
ခရက်ဒစ်