လွတ်လပ်ပြီးဘက်လိုက်မှုမ ရှိ တဲ့ သန့်ရှင်း တဲ့ရွေးကောက် ပွဲဖြစ်စေရ မည့်ဟုဆို
Credit
unicode
လွတ်လပ်ပြီး တရားမျှတ သည့် တစ်နည်းအားဖြင့် ဘက်လိုက်မှု မရှိသည့် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက် သွားမည်ဟု UEC ဥက္ကဋ္ဌပြောကြားလာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲ များတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရ (FPTP) စနစ်အစား အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးနိုင်ရေး အတွက် နိုင်ငံရေးပါတီများနှင့်
ဆွေးနွေးဆောင်ရွက် လျက်ရှိပြီး PR စနစ်အတွက် ကိုက်ညီမည့်ဥပဒေများ ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ လက်စွဲများ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးက ပြောကြားသည်။ အမှတ် ( ၃ ) စစ်ကြောရေးနှင့် တည်းခိုရေးတပ် ( ရွာတော် )၊ ဆင်ဖြူရှင် ခန်းမ၌ ဇန်နဝါရီ၁၀ရက်နေ့က ကျင်းပပြုလုပ်သည့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်နှင့်ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန် ထမ်းဆောင်မည့် အမှုထမ်း(ဒုတိယဦးစီးမှူး)များ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် ( ၁ / ၂၀၂၂ ) သင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
Credit