သူမရဲ့ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ် အလှတရားတွေကို ပြသလိုက်တဲ့ စံရတီမိုးမြင့်
ခရက်ဒစ်
unicode
ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ဆယ်စုနှစ်ကျော်တိုင်အောင် ရိုက်ကူးခဲ့ပြီး ယနေ့ချိန်ထိလည်း ပရိသတ်အားပေးမှုတွေကိုတစ်ခဲနက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စံရတီမိုးမြင့်ပဲ ဖြစ်ပါတယ်ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာအောင်မြင်မှုရရှိထားတဲ့ ပြည်သူချစ် မင်းသမီးလေး တစ်လတ် ဆိုလည်း မမှားပါဘူး။
သရုပ်ဆောင်ကောင်းတဲ့ သူမကတော့ ချစ်စရာလည်းကောင်းကာ နိုင်ငံခြားသူလေးတစ်ယောက်လိုကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေအပြင် အချိုးအစားကျပြီး အဆီပိုကင်းကာ ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကောက်ကြောင်းအလှတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပါနော်။
ယခုလည်း လိုချင်နေတဲ့ ပြီးပြည့်စုံသော ခန္ဓာကိုယ်လေးတစ်ခုကို ရဖို့ Gym မှာ ပြင်းပြင်း ထန်ထန် လေ့ကျင့်နေပြီး ရလာတဲ့ အမိုက်စား ခန္ဓာကိုယ် အလှတရား ပုံလေးတွေကို ဝေမျှလာပါတယ်။ပုံလေးထဲမှာ သဲတစ်ယောက် အရမ်းကို မိမိုက်နေတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ခရက်ဒစ်