ငွေချေးထားတဲ့သူတွေကို ဖော့ဘုတ်ကနေ့ လူသူရှင်ကြား သတိပေးလိုက်တဲ့ မျိုးစန္ဒီကျော်




crd

unicode

ပရိသတ်ကြီးရေ သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ မလုပ်တော့ဘဲ သမီးလေးနဲ့သာ သာယာပျော်ရွှင်စရာကောင်းတဲ့ ဘဝလေး တည်ဆောက်ထားတာ ဖြစ်ပါတယ်။Single Mother ဘဝနဲ့ သမီးလေးကို ပညာတတ်ကြီးဖြစ်အောင် ပြုစုပျိုးထောင်လျက်ရှိပြီး အခြား လုပ်ငန်းတွေကိုလည်း တစ်ယောက်တည်းဦးဆောင်လုပ်ကိုင်နေရသူပါ။ ဒီလိုတွေ ကြိုးစားရှာထားရတဲ့ ပိုက်ဆံတွေကို အသိမိတ်ဆွေတစ်ချို့မှ ချေးယူပြီးပြန်မဆပ်ကြတာကြောင့် စိတ်သောကရောက်နေရတာပါ။

မကြာသေးခင်က မျိုးစန္ဒီကျော်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့သူမဆီမှ ချေးထားတဲ့ ပိုက်ဆံတွေ ပြန်မဆပ်ဘဲ မသိသလိုလုပ်နေကြသူများကြောင့် အကြီးအကျယ် ဒေါသထွက်နေတာ ဖြစ်ပါတယ်။” တချို့ လူတွေက စေတနာနဲ့မတန်ဘူး စေတနာနဲ့ လုပ်ပေးလိုက်တယ် လိုတုန်းက ငိုမလို ရီမလို သေမလိုနဲ့လာအကူညီတောင်းကြတယ် ပေးဖို့ကျတော့ အသေလိုပဲ မသိချင်ယောင်ဆောင်နေကျတယ်

ငါလည်းသူဌေးမဟုတ်ဘူးတွင်းထဲကရတဲ့ပိုက်ဆံမဟုတ်ဘူးရိုးရိုးသားသားနဲ့အပင်ပန်းခံရှာထားရတာအေး အလိုက်တသိနဲ့လာပြန်ပေးနော်မပေးလို့ကတော့ Tag တွဲပြီးပြောမှမဂျိုးက လုပ်ရက်တယ် လာမပြောနဲ့တချို့တွေ နှစ်ချီနေပြီအမျိုးအရင်းရော သူစိမ်းရောနားမလည်ဘူးရှက်တတ်ရင် နောက်ဆို ဘယ်သူ့မှအကူညီမပေးတော့ဘူး အခုကူညီထားတဲ့လူတွေကိုလည်း အတိုးတကျပ်တောင်မယူထားတဲ့အပြင်ဘာပစ္စည်းမှလည်းအပေါင်ယူထားတာမဟုတ်ဘူးလူမလား လူဆိုလူလိုလာပေးလိုက်တော့စောက်ရမ်းပေါက်လာပြီသဘောကောင်းတာကိုအခွင့်ရေးယူတာများနေပြီတော်ပြီသိကွ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *