ပြာသိုမှာခွာညိုမိုးတွေ ရွာမယ့်ဒေသတွေ ကို ပြောလိုက် တဲ့ တိကျမှန်ကန်တဲ့ ဆရာမလေး စုစုစံ
unicode
ခွာညိုမိုး – ၂၀၂၂ ဇန်နဝါရီလ ၁၄ ရက် ၁၅ရက် ၁၆ရက်နေ့ များတွင် ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီ လက်ပံတန်း မင်းလှ အုတ်ဖို စစ်ကွင်း အိုးသည်ကုန်း ကြို့ပင်ကောက် ဇီးကုန်း နတ္တလင်း တာပွန် ပေါင်းတည် ပုတီးကုန်း သဲကုန်း အင်းမ ပြည် ရွှေတောင် ဒေသမျာ
းတွင် မိုးအနည်းငယ် မှ အသင့်အတင့် အထိ ရွာသွန်းနို င်သဖြင့် ပြာသိုမှာ ခွာညိုပွင့်ချိန်မို့ ခွာညိုမိုးလို့ အမည် ပေးထားပါတယ် နော်။ (ခန့်မှန်းချိန် ၁၂-၁-၂၀၂၂ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်)ရွာမယ်လေ ဆောင်းသီးနှံအပင် အား တိုး ခွာညိုမိုးတွေ ရွာမယ်လေ – ၂၀၂၂ ဇန်နဝါရီလ ၁၅ရက် နေ့ ၁၆ ရက်နေ့တွေမှ
ပဲခူးတိုင်းအရှေ့ပိုင်း စစ်တောင်မြစ်ဝှမ်းဒေသ ဒိုက်ဦး ပြွန်တန်ဆာ ညောင်လေးပင် ပိန်းဇလုတ် ဖတို ကျောက်တံခါး ညောင်ပင်သာ ညောင်ခြေထောက် တောကျွဲအင်း ဖြူး ဇေယျဝတီ ကျောက်ကြီး မဒေါက် အုတ်တွင်း တောင်ငူ ထန်းတပင်
ခွာညိုအပင်အားတိုးမိုးတွေသာဖြစ်နိုင်ပါတယ် တဲ့။ (ခန့်မှန်းချိန် ၁၂-၁-၂၀၂၂ ည ၇ နာရီ ၁၅ မိနစ်)Su Su San (Senior Meteorologist, Advanced Weather Forecaster Meteorological Intelligence Officer)