Juction Cityမှာ ဝယ်သူတွေတန်းစီစောင့်ရတဲ့အထိ မုန့်ဟင်းခါးတွေ လက်မလည်အောင်ရောင်းခဲ့ရလို့ ပျော်ရွှင်နေတဲ့ ရဲလေးမ
unicode
ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရဲလေးမကတော့ သူ့ရဲ့အနုပညာနာမည် ရဲလေးကနေ ရဲလေးမဆိုပြီး အမည်တွင်သည့်တိုင်အောင် မိန်းမလ.ျာကာရိုက်တာနဲ့ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်သူတစ်ယောက်ဖြစ်ပေမယ့် လက်ရှိအနုပညာအလုပ်တွေရှားပါးနေချိန်မှာတော့ ရဲလေးမဟာ ဝမ်းရေးအတွက် အလုပ်တွေမျိုးစုံကို လုပ်ကိုင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း ရဲလေးမက ရန်ကုန်မြို့လည်ခေါင်က Juction Cityကုန်တိုက်ကြီးမှာ မုန့်ဟင်းခါးလက်မလည်အောင် ရောင်းခဲ့ရကြောင်းကို ပြောပြလာခဲ့ပါတယ်။ ရဲလေးမက “ဒီနေ့လည်း စားမယ့်သူတွေက
စောင့်နေကြရတယ်။ လက်မလည်အောင်ရောင်းခဲ့ရတယ်။ အန်တီမို့မို့မြင့်အောင်ရဲ့ တူမလေးဝါဆိုမြင့်အောင်လေး လာအားပေးသွားတယ်။ ပစ်တိုင်းထောင်သီချင်းလေးထဲကလေးလေး ခုအပျိုကြီးဖြစ်လို့ချစ်စရာလေး။
ခုလည်းကျေးဇူးပါနော်။ လာအားပေးတဲ့ချစ်တဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်နော်။ နောက်နှစ်ရက်ရှိနေပါဦးမယ်နော်” ဆိုပြီး ဝမ်းသာစွာပြောလာပါတယ်။ရဲလေးမကတော့ သမာအာဇီဝကျကျ
ဈေးရောင်းစားရင်း စေတနာအကျိုးပေးတာကြောင့် ရန်ကုန်မြို့လည်ခေါင်က ကုန်တိုက်ကြီးမှာတောင် မုန့်ဟင်းခါးလက်မလည်အောင် ရောင်းချနိုင်ခဲ့တာ ပရိသတ်ကြီးမျက်မြင် ကိုယ်တွေ့ပါပဲနော်။
လးစားစွာဖြင့် ခရက်ဒစ်