“ေဆာင္းရာသီမွာ ေရမခ်ိဳးဘဲ ေနျခင္းေၾကာင့္ ျဖစ္လာႏိုင္ တဲ့ ေရာဂါ ႏွင့္ ဆိုးက်ိဳး မ်ား”
|ေရခ်ိဳးေၾကာက္ သူမ်ား၊ အေအးဒဏ္ ေၾကာင့္ တစ္ပတ္မွာ တစ္ႀကိမ္ခန္႔သာ ေရခ်ိဳးသူမ်ား တြင္ ေခါင္းမူးေရာဂါ ရႏိုင္ေၾကာင္း ေတြ႕႐ွိရသည္။ အသက္ ၆ဝ ေက်ာ္ လူႀကီးတစ္ဦး ေခါင္းမူးသျဖင့္ ေသြးေပါင္တက္သည္ ထင္ၿပီး ခ်ိန္ၾကည့္ေသာ အခါ ပုံမွန္ ေသြးေပါင္ ျဖစ္ေၾကာင္း ေတြ႕ရသည္။
ေခါင္းမူးသျဖင့္ အလုပ္မလုပ္ ႏိုင္သည့္အျပင္ အစားအေသာက္ ပါပ်က္ လာသည္။ ထိုသူသည္ အေအးပတ္ လြယ္သျဖင့္ ေၾကာက္ၿပီး ေရမခ်ိဳးသည္မွာ ၁ဝ ရက္ခန္႔ ႐ွိၿပီဟု ဆိုသည္။ ေရေႏြး အနည္းငယ္ စပ္ၿပီး ေရေန႔စဥ္ခ်ိဳး ေသာအခါ ေခါင္းမူး သက္သာ သြားသည္ဟု ဆိုသည္။
ဇက္က်ီးေပါင္း ေရာဂါ႐ွိသူ အသက္ ၅ဝ ဝန္းက်င္ ေက်ာင္းဆရာ တစ္ဦးမွာလည္း နံနက္ေစာေစာ ေက်ာင္းသြား ရသျဖင့္ ေရမခ်ိဳးျဖစ္။ ေက်ာင္းပိတ္ရက္ မွသာ ေရခ်ိဳးသည္။
က်ီးေပါင္းတက္ၿပီး အာ႐ုံေၾကာ ႏွင့္ လည္ပင္း႐ိုးဆစ္ ညပ္သူမ်ားမွာ ခ်ာခ်ာ လည္ေအာင္ မူးေလ့ ႐ွိသည္။ ပုံမွန္အားျဖင့္ မမူး၊ ပစၥည္း တစ္ခုခုကို ကုန္းေကာက္ လိုက္ေသာအခါ ျဖစ္ေစ၊ ျမင့္ေသာ ေနရာ႐ွိ ပစၥည္းတစ္ခုခု ကိုယူရန္ ေမာ့ၾကည့္ လိုက္ေသာအခါတြင္ ျဖစ္ေစ သတိ လက္လြတ္ ခ်ာခ်ာလည္ေအာင္ မူးသြားတတ္သည္။
ဤသည္မွာ လည္ပင္း႐ိုးဆစ္ က်ီးေပါင္းတက္ ေရာဂါ၏ သေဘာျဖစ္သည္။ တစ္ခါတစ္ရံ ႏွလုံးေရာဂါ ထင္ၿပီး ေဆးကုမွား တတ္သည္။
အဆိုပါ ေက်ာင္းဆရာ သည္ ေရမခ်ိဳးရက္ မ်ား၍ မူးလာေသာ အခါ ျဖစ္ေနက် က်ီးေပါင္း ေရာဂါေၾကာင့္ မူးသည္ထင္ၿပီး ယခင္ ကုေနက် ကုထုံးအတိုင္း ေဆး႐ုံ ေဆးခန္း သြားၿပီး ဇက္ကိုခဲ ဆြဲသည္။ မသက္ သာသည့္ အျပင္ ပို၍ မူးလာသည္။
ေက်ာင္းပိတ္ရက္ ေရခ်ိဳးသည့္ ေန႔မ်ားတြင္ ေခါင္းမူး သက္သာသည္ကို သတိျပဳမိသည့္ အခါက်မွ ဇက္က်ီးေပါင္း ေရာဂါေၾကာင့္ မူးျခင္း မဟုတ္ဘဲ ေရမခ်ိဳး၍ မူးျခင္း ျဖစ္ေၾကာင္း သိလာရသည္။
သတိျပဳမိ ၿပီးေနာက္ ေန႔လည္ အားလပ္ခ်ိန္ တြင္ ေက်ာင္းမွ အိမ္သို႔ ျပန္လာၿပီး ေန႔စဥ္ ေရခ်ိဳးေသာအခါ ခ်ာခ်ာလည္ အမူးေရာဂါမွာ ေပ်ာက္ကင္း သြားသည္။
အရပ္သုံး စကား ”ေရမခ်ိဳးလို႔ ေသတဲ့မသာ မ႐ွိဘူး…ေရခ်ိဳးလို႔ ေသတဲ့ မသာပဲ ႐ွိတယ္…” ဟူေသာ စကားမွာ မွားယြင္းေသာ အယူအဆ ျဖစ္သည္။
ေရမခ်ိဳးျခင္းအျပစ္(၁ဝ)ပါး႐ွိသည္။
၁။ အခိုးငုတ္ျခင္း
၂။ မသန္႔ျခင္း
၃။ ေလခ်ဳပ္ျခင္း
၄။ သြားနာျခင္း
၅။ မ်က္စိေဝျခင္း
၆။ ဆံပင္ကြၽတ္ျခင္း
၇။ အသံပ်က္ျခင္း
၈။ သမ္းေဝျခင္း
၉။ ေခါင္းမူးျခင္း
၁ဝ။ အသားပတ္ျခင္း
အထက္ပါ အခ်က္မ်ားကို ၾကည့္ျခင္း အားျဖင့္ ေရာဂါ မဟုတ္ေသာ္လည္း ေရမခ်ိဳးျခင္း ေၾကာင့္ျဖစ္ေသာ ျပႆနာ အေတာ္မ်ားမ်ား ႐ွိေၾကာင္း ေတြ႕ႏိုင္ေပသည္။ ေဆာင္းတြင္း ေအးသျဖင့္ ေန႔စဥ္ ေရမခ်ိဳး ႏိုင္သည့္တိုင္ တစ္ရက္ျခား ေရခ်ိဳးႏိုင္ေအာင္ ႀကိဳးစား သင့္သည္။
အေအးမပတ္ ေစရန္ ေရေႏြး စပ္ခ်ိဳးပါ။ (အလြန္အမင္း ပူေအာင္ မစပ္ပါႏွင့္)။ ေရေပးေရးမွ ေရေပးေဝ ခ်ိန္တြင္ ပိုက္မွ စီးလာေသာ ေရသည္ အေႏြးဓာတ္ ပါသည္။
ထိုအခ်ိန္တြင္ ေရတင္ၿပီး ခ်ိဳးပါ။ အဝီစိတြင္း ႐ွိသူမ်ားမွာ ေရတင္ၿပီး ခ်က္ခ်င္း ခ်ိဳးလွ်င္ ေႏြးပါသည္။
ေရေႏြး မ႐ွိလွ်င္ ေရကို အင္တုံတြင္ ထည့္ၿပီး ေန႔ ၁၁ နာရီမွ ၁၂ နာရီအတြင္း ေနေရာင္ျခည္ ျပၿပီး ေႏြးေသာေရ ခ်ိဳးပါ။
ေရခ်ိဳးၿပီးလွ်င္ ေႏြးေသာ အဝတ္ကို လ်င္ျမန္စြာ ဝတ္ပါ။ ေရေႏြးပူပူ၊ ေကာ္ဖီပူပူ သို႔မဟုတ္ ျမန္မာ့႐ိုးရာ အခိုးပြင့္ေဆး တစ္မ်ိဳးမ်ိဳးကို ေသာက္ပါ။
ေန႔စဥ္ ေရခ်ိဳးျခင္း သည္ အခိုးပြင့္ က်န္းမာၿပီး ေသြးတိုးျခင္း ကိုလည္း ေလ်ာ့က် ေစႏိုင္ေသာ နည္းျဖစ္ပါသည္။
credit
unicode
ရေချိုးကြောက် သူများ၊ အအေးဒဏ် ကြောင့် တစ်ပတ်မှာ တစ်ကြိမ်ခန့်သာ ရေချိုးသူများ တွင် ခေါင်းမူးရောဂါ ရနိုင်ကြောင်း တွေ့ရှိရသည်။ အသက် ၆ဝ ကျော် လူကြီးတစ်ဦး ခေါင်းမူးသဖြင့် သွေးပေါင်တက်သည် ထင်ပြီး ချိန်ကြည့်သော အခါ ပုံမှန် သွေးပေါင် ဖြစ်ကြောင်း တွေ့ရသည်။
ခေါင်းမူးသဖြင့် အလုပ်မလုပ် နိုင်သည့်အပြင် အစားအသောက် ပါပျက် လာသည်။ ထိုသူသည် အအေးပတ် လွယ်သဖြင့် ကြောက်ပြီး ရေမချိုးသည်မှာ ၁ဝ ရက်ခန့် ရှိပြီဟု ဆိုသည်။ ရေနွေး အနည်းငယ် စပ်ပြီး ရေနေ့စဉ်ချိုး သောအခါ ခေါင်းမူး သက်သာ သွားသည်ဟု ဆိုသည်။
ဇက်ကျီးပေါင်း ရောဂါရှိသူ အသက် ၅ဝ ဝန်းကျင် ကျောင်းဆရာ တစ်ဦးမှာလည်း နံနက်စောစော ကျောင်းသွား ရသဖြင့် ရေမချိုးဖြစ်။ ကျောင်းပိတ်ရက် မှသာ ရေချိုးသည်။
ကျီးပေါင်းတက်ပြီး အာရုံကြော နှင့် လည်ပင်းရိုးဆစ် ညပ်သူများမှာ ချာချာ လည်အောင် မူးလေ့ ရှိသည်။ ပုံမှန်အားဖြင့် မမူး၊ ပစ္စည်း တစ်ခုခုကို ကုန်းကောက် လိုက်သောအခါ ဖြစ်စေ၊ မြင့်သော နေရာရှိ ပစ္စည်းတစ်ခုခု ကိုယူရန် မော့ကြည့် လိုက်သောအခါတွင် ဖြစ်စေ သတိ လက်လွတ် ချာချာလည်အောင် မူးသွားတတ်သည်။
ဤသည်မှာ လည်ပင်းရိုးဆစ် ကျီးပေါင်းတက် ရောဂါ၏ သဘောဖြစ်သည်။ တစ်ခါတစ်ရံ နှလုံးရောဂါ ထင်ပြီး ဆေးကုမှား တတ်သည်။
အဆိုပါ ကျောင်းဆရာ သည် ရေမချိုးရက် များ၍ မူးလာသော အခါ ဖြစ်နေကျ ကျီးပေါင်း ရောဂါကြောင့် မူးသည်ထင်ပြီး ယခင် ကုနေကျ ကုထုံးအတိုင်း ဆေးရုံ ဆေးခန်း သွားပြီး ဇက်ကိုခဲ ဆွဲသည်။ မသက် သာသည့် အပြင် ပို၍ မူးလာသည်။
ကျောင်းပိတ်ရက် ရေချိုးသည့် နေ့များတွင် ခေါင်းမူး သက်သာသည်ကို သတိပြုမိသည့် အခါကျမှ ဇက်ကျီးပေါင်း ရောဂါကြောင့် မူးခြင်း မဟုတ်ဘဲ ရေမချိုး၍ မူးခြင်း ဖြစ်ကြောင်း သိလာရသည်။
သတိပြုမိ ပြီးနောက် နေ့လည် အားလပ်ချိန် တွင် ကျောင်းမှ အိမ်သို့ ပြန်လာပြီး နေ့စဉ် ရေချိုးသောအခါ ချာချာလည် အမူးရောဂါမှာ ပျောက်ကင်း သွားသည်။
အရပ်သုံး စကား ”ရေမချိုးလို့ သေတဲ့မသာ မရှိဘူး…ရေချိုးလို့ သေတဲ့ မသာပဲ ရှိတယ်…” ဟူသော စကားမှာ မှားယွင်းသော အယူအဆ ဖြစ်သည်။
ရေမချိုးခြင်းအပြစ်(၁ဝ)ပါးရှိသည်။
၁။ အခိုးငုတ်ခြင်း
၂။ မသန့်ခြင်း
၃။ လေချုပ်ခြင်း
၄။ သွားနာခြင်း
၅။ မျက်စိဝေခြင်း
၆။ ဆံပင်ကျွတ်ခြင်း
၇။ အသံပျက်ခြင်း
၈။ သမ်းဝေခြင်း
၉။ ခေါင်းမူးခြင်း
၁ဝ။ အသားပတ်ခြင်း
အထက်ပါ အချက်များကို ကြည့်ခြင်း အားဖြင့် ရောဂါ မဟုတ်သော်လည်း ရေမချိုးခြင်း ကြောင့်ဖြစ်သော ပြဿနာ အတော်များများ ရှိကြောင်း တွေ့နိုင်ပေသည်။ ဆောင်းတွင်း အေးသဖြင့် နေ့စဉ် ရေမချိုး နိုင်သည့်တိုင် တစ်ရက်ခြား ရေချိုးနိုင်အောင် ကြိုးစား သင့်သည်။
အအေးမပတ် စေရန် ရေနွေး စပ်ချိုးပါ။ (အလွန်အမင်း ပူအောင် မစပ်ပါနှင့်)။ ရေပေးရေးမှ ရေပေးဝေ ချိန်တွင် ပိုက်မှ စီးလာသော ရေသည် အနွေးဓာတ် ပါသည်။
ထိုအချိန်တွင် ရေတင်ပြီး ချိုးပါ။ အဝီစိတွင်း ရှိသူများမှာ ရေတင်ပြီး ချက်ချင်း ချိုးလျှင် နွေးပါသည်။
ရေနွေး မရှိလျှင် ရေကို အင်တုံတွင် ထည့်ပြီး နေ့ ၁၁ နာရီမှ ၁၂ နာရီအတွင်း နေရောင်ခြည် ပြပြီး နွေးသောရေ ချိုးပါ။
ရေချိုးပြီးလျှင် နွေးသော အဝတ်ကို လျင်မြန်စွာ ဝတ်ပါ။ ရေနွေးပူပူ၊ ကော်ဖီပူပူ သို့မဟုတ် မြန်မာ့ရိုးရာ အခိုးပွင့်ဆေး တစ်မျိုးမျိုးကို သောက်ပါ။
နေ့စဉ် ရေချိုးခြင်း သည် အခိုးပွင့် ကျန်းမာပြီး သွေးတိုးခြင်း ကိုလည်း လျော့ကျ စေနိုင်သော နည်းဖြစ်ပါသည်။
credit