လာမယ့္ ၂၀၂၃ ခုႏွစ္မွာ အခ်ိဳးက်ကိုယ္စားျပဳ PR စနစ္နဲ႔ ေ႐ြးေကာက္ပြဲက်င္းပၿပီး အေကာင္အထည္ေဖာ္မယ့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ရဲ႕ သမၼတ ရည္မွန္းခ်က္

လာမယ့္ ၂၀၂၃ ခုႏွစ္မွာ အာဏာသိမ္းစစ္ေကာင္စီဟာ အခ်ိဳးက်ကိုယ္စားျပဳ PR စနစ္နဲ႔ ေ႐ြးေကာက္ပြဲက်င္းပၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က သမၼတရာထူးကို ကူးေျပာင္းေရးလုပ္ေဆာင္လိမ့္မယ္လို႔ ႏိုင္ငံေရးအသိုင္းအဝိုင္းက တြက္ဆထားပါတယ္။
ႏိုင္ငံေရးပါတီတစ္ပါတီတည္း ေသာင္ၿပိဳကမ္းၿပိဳအႏိုင္မရဘဲ တိုင္းရင္းသားပါတီေတြ လႊတ္ေတာ္မွာ ေနရာအမ်ားစုရႏိုင္ဖို႔ရည္႐ြယ္တယ္ဆိုၿပီး လာမယ့္ ၂၀၂၃ ခုႏွစ္မွာ PR စနစ္နဲ႔ ေ႐ြးေကာက္ပြဲက်င္းပဖို႔ စစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ႐ွင္က ႏိုင္ငံေရးပါတီေတြကို ေဆာ္ၾသေနပါတယ္။စစ္ေကာင္စီေခါင္းေဆာင္ကိုယ္တိုင္ကလည္း ႏိုင္ငံေတာ္ဥပေဒျပဳကိစၥေတြမွာ တိုင္းရင္းသားေတြ ဒီထက္ပိုၿပီး ကိုယ္စားျပဳစနစ္လိုခ်င္ရင္ PR စနစ္ကို စဥ္းစားသင့္တယ္လို႔ သူရဲ႕မိန္႔ခြန္းေတြမွာ ထည့္ေျပာေနပါတယ္။
တိုင္းရင္းသားပါတီေတြထဲမွာ လူထုေထာက္ခံမႈအားေကာင္းတဲ့ ႐ွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီ ဒုတိယဥကၠ႒ ဦးစိုင္းလိတ္ကေတာ့ PR စနစ္နဲ႔ ေ႐ြးေကာက္ပြဲလုပ္ဖို႔ စီစဥ္လာတာဟာ စစ္တပ္က ႏိုင္ငံေရးကေန ထြက္မသြားဘဲ ကာခ်ဳပ္အေနနဲ႔ သမၼတရာထူးကို တက္လွမ္းဖို႔ လုပ္ေဆာင္တာပဲလို႔ ေျပာပါတယ္။

“PR စနစ္ကိုလုပ္ဖို႔ လုံးပမ္းလာတာက ႐ွင္း႐ွင္းေျပာရရင္ တပ္အေနနဲ႔ ႏိုင္ငံေရးကေနထြက္ခြာဖို႔ လုံးဝ စိတ္ဆႏၵမ႐ွိတာကို ျပတာပဲ။ ဒီထပ္ကို ေနာက္တစ္ဆင့္ ထပ္တြက္မယ္ဆိုရင္ေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္တိုင္ စကစ ဥကၠ႒ ကိုယ္တိုင္ သမၼတရာထူးအထိ တက္လွမ္းဖို႔ ေျခလွမ္းျပင္တယ္လို႔ တြက္လို႔ရပါတယ္။ ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း အဲလိုပဲ ယုံၾကည္ေနပါတယ္။ တကယ္လို႔ ေ႐ြးေကာက္ပြဲ အမွန္တကယ္ ျဖစ္ေအာင္လုပ္ႏိုင္တယ္ဆိုရင္ေတာင္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းဖို႔က ဘယ္လိုမွ ေမွ်ာ္မွန္းလို႔မရပါဘူး။”လႊတ္ေတာ္အသီးသီးမွာ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္း ေနရာယူထားဆဲျဖစ္တာေၾကာင့္ PR စနစ္သာက်င့္သုံးမယ္ဆိုရင္ ႏိုင္ငံေရးပါတီေတြမ်ားတဲ့ ျမန္မာျပည္မွာ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးက႑ေတြမွာ တပ္ဘက္က ေနရာပိုရလာမယ္လို႔ ႏိုင္ငံေရးသမားေတြက လက္ခံထားပါတယ္။
ဒါ့အျပင္ စစ္တပ္အာဏာသိမ္းထားဆဲ ဒီလိုကာလမွာ ႏိုင္ငံေရးပါတီတိုင္း ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ဖို႔ ရာခိုင္ႏႈန္းနည္းေနတာမို႔ တပ္ဘက္က အားသာႏိုင္ေျခက ပိုမ်ားေနပါတယ္။
လာမယ့္ ၂၀၂၃ မွာ NLD က ဝင္ၿပိဳင္ႏႈန္းနည္းၿပီး ေအာင္ႏိုင္ေျခနည္းႏိုင္တယ္လို႔ စစ္တပ္က တြက္ဆထားတာမို႔ ဒီတြက္ဆခ်က္ကို ေဖာက္ထြက္သင့္တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္းက အၾကံျပဳပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အဓိကေခါင္းေဆာင္ေတြ အက်ဥ္းခ်ခံထားရလို႔ လုံးဝႀကီး ႏိုင္လိမ့္မယ္လို႔ သူတို႔ေမွ်ာ္မွန္းမထားဘူး။ ဥပမာ ေဒၚေအာင္ဆန္းစုၾကည္တို႔၊ ဦးဝင္းျမင့္တို႔ အက်ဥ္းခ်ခံထားရသည္တိုင္ က်န္ေနတဲ့လူေတြကို NLD ၿပိဳင္ခြင့္ျပဳလိုက္ၿပီး NLD ကိုပဲ မဲထည့္ေပးပါလို႔ စည္း႐ုံးေပးလိုက္လို႔႐ွိရင္ NLD က ႏိုင္ႏိုင္တဲ့ပမာဏကမ်ားႏိုင္တယ္။ အဲလိုဆိုလို႐ွိရင္ သူတို႔ေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္လာမွာမဟုတ္ဘူး။ NLD ပါတီနဲ႔ တျခားမဟာမိတ္ပါတီတခ်ိဳ႕နဲ႔ေပါင္းၿပီးေတာ့ အစိုးရဖြဲ႕ႏိုင္တဲ့ အေနအထားလည္း ျဖစ္ႏိုင္တယ္။အစိုးရဖြဲ႕ႏိုင္ရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္တို႔ လြတ္ေျမာက္ဖို႔ကလည္း လမ္းပြင့္သြားၿပီေပါ့ေနာ္။ အဲလိုမဟုတ္ဘဲ သူတို႔စဥ္းစားထား ေမွ်ာ္မွန္းထားတဲ့အတိုင္း USDP က ႏိုင္မယ္ဆိုရင္ေတာ့ USDP ဥကၠ႒က သမၼတလုပ္မွာလား ကာခ်ဳပ္က သမၼတလုပ္မွာလား။ သူ (ကာခ်ဳပ္) ပဲ သမၼတ ဆက္လုပ္ခ်င္တဲ့ပုံေတာ့ ေတြ႕ရတယ္။ ေျပာတဲ့ဆိုတဲ့စကားေတြမွာ မိန္႔ခြန္းေတြ နားေထာင္ၾကည့္ေတာ့။”

NLD ဘက္ကေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္ေတြမွာ ကာကြယ္ေရးဦးစီးခ်ဳပ္က ေ႐ြးေကာက္ပြဲကို ဦးစီးက်င္းပေပးခြင့္မ႐ွိသလို ေ႐ြးေကာက္ပြဲေကာ္မ႐ွင္ကိုလည္း အသစ္ျပန္လည္ဖြဲ႕စည္းေပးပိုင္ခြင့္ မ႐ွိတာေၾကာင့္ လက္႐ွိေဆာင္႐ြက္ေနတာေတြဟာ တရားဝင္မႈမ႐ွိဘူးလို႔ လက္ခံထားပါတယ္။ေ႐ြးေကာက္ပြဲဝင္ဖို႔၊ မဝင္ဖို႔ဆိုတာဟာ NLD ဗဟိုအလုပ္မႈေဆာင္အဖြဲ႕ဝင္ေတြ စုံညီအစည္းေဝးလုပ္ၿပီး ဆုံးျဖတ္မွရမွာလို႔ NLD ပါတီရဲ႕ ဗဟိုေကာ္မတီဝင္ ဦးေက်ာ္ေထြး က RFA ကို ေျပာပါတယ္။
“ပါတီတစ္ခုရဲ႕ အဓိကက်တဲ့ ေခါင္းေဆာင္ေတြ အကုန္လုံး မတရားဖမ္းဆီးထားၿပီးမွက်င္းပမယ့္ ေ႐ြးေကာက္ပြဲကို ဘယ္ NLD က ေခါင္းလ်ိဳၿပီးဝင္မွာလဲ။ လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲေကာ ျဖစ္ႏိုင္မလား။ NLD ပါတီက တရားဝင္႐ွိေနတယ္လို႔ပဲ သူတို႔ေျပာတာေလ။ ပါတီ႐ုံးေတြ တရားဝင္ဖြင့္ခြင့္ရၿပီးေတာ့ အလုပ္လုပ္ကိုင္ႏိုင္ဖို႔ကို သူတို႔အာမခံခ်က္ေပးထားတာမ႐ွိဘူး။ ပါတီ႐ုံးေတြ ဖ်က္ဆီးခံရတာ၊ ဗုံးခြဲခံရတာ၊ ပါတီ႐ုံးအေပါက္ဝေတြမွာ ေခါင္းျပတ္ေတြ လာခ်ိတ္တာေတြ၊ အေျပာတျခားနဲ႔ လက္ေတြ႕မွာ လုပ္ေနတာ တျခားစီျဖစ္ေနပါတယ္။ ေ႐ြးေကာက္ပြဲဝင္ဖို႔ မဝင္ဖို႔ဆိုတာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဗဟိုအလုပ္မႈေဆာင္အဖြဲ႕ဝင္ေတြ အားလုံး စုံညီအစည္းအေဝးက်င္းပၿပီး ဆုံးျဖတ္မွပဲရမွာ။”

အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာလည္း အာဏာသိမ္းစစ္ေခါင္းေဆာင္က ဝန္ႀကီးခ်ဳပ္ေနရာကို ရယူခဲ့ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္လည္း ဒီလမ္းစဥ္ကို လုပ္ေဆာင္လိမ့္မယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေအာင္သူၿငိမ္းက တြက္ဆပါတယ္။

“အာဏာသိမ္းၿပီးတဲ့ကာလမွာ ထိုင္းႏိုင္ငံမွာ ကြၽန္ေတာ္တို႔ၾကည့္လိုက္လို႔႐ွိရင္ သူတို႔လိုခ်င္တဲ့အာဏာေတြကို ထည့္ေရးဆြဲၿပီးေတာ့မွ ျပန္ၿပီးေတာ့ အာဏာစြန္႔ၿပီးဆင္းသြားတဲ့ပုံစံမ်ိဳးေတြ႕ရတယ္။ စစ္အာဏာသိမ္း ဗိုလ္ခ်ဳပ္ႀကီး ပရာ႐ြတ္ခ်န္အိုခ်ာ၊ သူဆိုေတာ့လည္း တခ်ိန္က်ေတာ့ ဝန္ႀကီးခ်ဳပ္ျဖစ္သြားတာပဲ။ မျဖစ္ျဖစ္ေအာင္လုပ္ယူတဲ့ပုံစံမ်ိဳးျဖစ္တာေပါ့။ အဲေတာ့ မျဖစ္ႏိုင္ဘူးဆိုတာေတာ့ ေတာ္ေတာ္ေတာ့ ခက္တယ္ထင္တယ္။ ေနာက္တစ္ခုက ျဖစ္သြားရင္ ဘာျဖစ္မလဲ။ ႏိုင္ငံတကာကေတာ့ ခဏထားပါ။ အာဆီယံမွာက်ေတာ့ အားလုံးသိတဲ့အတိုင္းပဲ။ ဘာပဲျဖစ္ျဖစ္ ႏိုင္ငံတစ္ခုက ေ႐ြးေကာက္ပြဲျပန္ျဖစ္သြားၿပီး အရပ္သားအစိုးရျပန္ျဖစ္လာၿပီဆိုရင္ အမ်ားစုကေတာ့ ျပန္ၿပီး ႀကိဳဆိုပါတယ္တို႔ ဘာတို႔လုပ္ၾကမွာပါ။”တပ္မေတာ္သားအရာ႐ွိေဟာင္းေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕က အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦး ကေတာ့ ကာကြယ္ေရးဦးစီးခ်ဳပ္ သမၼတလုပ္ မလုပ္ဆိုတာ ေ႐ြးေကာက္ပြဲၿပီးမွ ဆုံးျဖတ္လို႔ရမယ္လို႔ ဆိုပါတယ္။
“ကြၽန္ေတာ္တို႔ကေတာ့ ႐ိုး႐ိုး႐ွင္း႐ွင္းေလးျမင္တာက တိုင္းျပည္ရဲ႕ လက္႐ွိအေျခအေန တည္ၿငိမ္သြားၿပီးေတာ့ နစကအေနနဲ႔ သူကတိေပးထားတဲ့ ၂၀၂၃ မွာ ေ႐ြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္ျဖစ္ႏိုင္ဖို႔က အဓိက အေရးႀကီးတဲ့အခ်က္ပဲ။ အဲဒါၿပီးမွ ကြၽန္ေတာ္တို႔က က်န္တာဆက္ဆုံးျဖတ္လို႔ရလိမ့္မယ္။ အဲဒီအဆင့္မၿပီးဘဲ ကြၽန္ေတာ္တို႔ ေနာက္အဆင့္ကို မွန္းစရာအေၾကာင္းမ႐ွိဘူး။ အဲေတာ့ ကာကြယ္ေရးဦးစီးခ်ဳပ္အေနနဲ႔ သမၼတ လုပ္မလား၊ မလုပ္မလားဆိုတဲ့ ေခါင္းစဥ္က ေနာက္ေတာ္ေတာ္ေဝးေဝးမွာ႐ွိတယ္ေပါ့ေလ။”

ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ PR စနစ္နဲ႔ ေ႐ြးေကာက္ပြဲက်င္းပၿပီး သမၼတရာထူးကို ကူးေျပာင္းရယူမယ္ဆိုတဲ့ တြက္ဆခ်က္ေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္႐ွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း က ျငင္းဆိုမႈ မျပဳပါဘူး။
“လက္႐ွိ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္လည္း ေျပာထားၿပီးသားျဖစ္တယ္။ သူ႕အေနနဲ႔ကေတာ့ ႏိုင္ငံနဲ႔ ပတ္သက္လာရင္ သူ႕အေတြ႕အၾကဳံအရ ဆက္လက္ၿပီးေတာ့ အသုံးခ်ႏိုင္လို႔ရတဲ့ေနရာမ်ိဳးကေန ပါဝင္သြားမယ္လို႔ ေျပာၿပီးသားျဖစ္တယ္။ ဒါက အခုမွေျပာတဲ့စကားမဟုတ္ဘူး။ ယခင္ေ႐ြးေကာက္ပြဲ မၿပီးခင္တည္းက ေျပာတဲ့စကားျဖစ္တယ္။ ဒီစကားပဲထပ္ၿပီး ရည္ၫြန္းစရာ႐ွိပါတယ္။”

၂၀၂၀ ေ႐ြးေကာက္ပြဲၿပီးေနာက္ အေကာင္အထည္မေပၚခဲ့တဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ သမၼတ ရာထူးအေျပာင္းအေ႐ြ႕ဟာ ၂၀၂၃ မွာ ေ႐ြးေကာက္ပြဲျဖစ္ေျမာက္ၿပီး ရယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္႐ုံသာ႐ွိပါတယ္။ စစ္ေခါင္းေဆာင္အေနနဲ႔ ဘယ္လိုရာထူးနဲ႔ တိုင္းျပည္အာဏာကို ခ်ဳပ္ကိုင္ထားသည္ျဖစ္ေစ လူထုေထာက္ခံမႈရ႐ွိဖို႔က မျဖစ္ႏိုင္ဘူးလို႔ ႏိုင္ငံေရးအသိုင္းအဝိုင္းက မွတ္ခ်က္ျပဳၾကေၾကာင္း တင္ျပလိုက္ရပါတယ္။

Crd

unicode
လာမယ့် ၂၀၂၃
ခုနှစ်မှာ အာဏာသိမ်းစစ်ကောင်စီဟာ အချိုးကျကိုယ်စားပြု PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရာထူးကို ကူးပြောင်းရေးလုပ်ဆောင်လိမ့်မယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက တွက်ဆထားပါတယ်။
နိုင်ငံရေးပါတီတစ်ပါတီတည်း သောင်ပြိုကမ်းပြိုအနိုင်မရဘဲ တိုင်းရင်းသားပါတီတွေ လွှတ်တော်မှာ နေရာအများစုရနိုင်ဖို့ရည်ရွယ်တယ်ဆိုပြီး လာမယ့် ၂၀၂၃ ခုနှစ်မှာ PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ဆော်သြနေပါတယ်။စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်ကလည်း နိုင်ငံတော်ဥပဒေပြုကိစ္စတွေမှာ တိုင်းရင်းသားတွေ ဒီထက်ပိုပြီး ကိုယ်စားပြုစနစ်လိုချင်ရင် PR စနစ်ကို စဉ်းစားသင့်တယ်လို့ သူရဲ့မိန့်ခွန်းတွေမှာ ထည့်ပြောနေပါတယ်။
တိုင်းရင်းသားပါတီတွေထဲမှာ လူထုထောက်ခံမှုအားကောင်းတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းလိတ်ကတော့ PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်လာတာဟာ စစ်တပ်က နိုင်ငံရေးကနေ ထွက်မသွားဘဲ ကာချုပ်အနေနဲ့ သမ္မတရာထူးကို တက်လှမ်းဖို့ လုပ်ဆောင်တာပဲလို့ ပြောပါတယ်။

“PR စနစ်ကိုလုပ်ဖို့ လုံးပမ်းလာတာက ရှင်းရှင်းပြောရရင် တပ်အနေနဲ့ နိုင်ငံရေးကနေထွက်ခွာဖို့ လုံးဝ စိတ်ဆန္ဒမရှိတာကို ပြတာပဲ။ ဒီထပ်ကို နောက်တစ်ဆင့် ထပ်တွက်မယ်ဆိုရင်တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် စကစ ဥက္ကဋ္ဌ ကိုယ်တိုင် သမ္မတရာထူးအထိ တက်လှမ်းဖို့ ခြေလှမ်းပြင်တယ်လို့ တွက်လို့ရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အဲလိုပဲ ယုံကြည်နေပါတယ်။ တကယ်လို့ ရွေးကောက်ပွဲ အမှန်တကယ် ဖြစ်အောင်လုပ်နိုင်တယ်ဆိုရင်တောင် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့က ဘယ်လိုမှ မျှော်မှန်းလို့မရပါဘူး။”လွှတ်တော်အသီးသီးမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နေရာယူထားဆဲဖြစ်တာကြောင့် PR စနစ်သာကျင့်သုံးမယ်ဆိုရင် နိုင်ငံရေးပါတီတွေများတဲ့ မြန်မာပြည်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကဏ္ဍတွေမှာ တပ်ဘက်က နေရာပိုရလာမယ်လို့ နိုင်ငံရေးသမားတွေက လက်ခံထားပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းထားဆဲ ဒီလိုကာလမှာ နိုင်ငံရေးပါတီတိုင်း ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ရာခိုင်နှုန်းနည်းနေတာမို့ တပ်ဘက်က အားသာနိုင်ခြေက ပိုများနေပါတယ်။
လာမယ့် ၂၀၂၃ မှာ NLD က ဝင်ပြိုင်နှုန်းနည်းပြီး အောင်နိုင်ခြေနည်းနိုင်တယ်လို့ စစ်တပ်က တွက်ဆထားတာမို့ ဒီတွက်ဆချက်ကို ဖောက်ထွက်သင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက အကြံပြုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိကခေါင်းဆောင်တွေ အကျဉ်းချခံထားရလို့ လုံးဝကြီး နိုင်လိမ့်မယ်လို့ သူတို့မျှော်မှန်းမထားဘူး။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့ အကျဉ်းချခံထားရသည်တိုင် ကျန်နေတဲ့လူတွေကို NLD ပြိုင်ခွင့်ပြုလိုက်ပြီး NLD ကိုပဲ မဲထည့်ပေးပါလို့ စည်းရုံးပေးလိုက်လို့ရှိရင် NLD က နိုင်နိုင်တဲ့ပမာဏကများနိုင်တယ်။ အဲလိုဆိုလိုရှိရင် သူတို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမှာမဟုတ်ဘူး။ NLD ပါတီနဲ့ တခြားမဟာမိတ်ပါတီတချို့နဲ့ပေါင်းပြီးတော့ အစိုးရဖွဲ့နိုင်တဲ့ အနေအထားလည်း ဖြစ်နိုင်တယ်။အစိုးရဖွဲ့နိုင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်မြောက်ဖို့ကလည်း လမ်းပွင့်သွားပြီပေါ့နော်။ အဲလိုမဟုတ်ဘဲ သူတို့စဉ်းစားထား မျှော်မှန်းထားတဲ့အတိုင်း USDP က နိုင်မယ်ဆိုရင်တော့ USDP ဥက္ကဋ္ဌက သမ္မတလုပ်မှာလား ကာချုပ်က သမ္မတလုပ်မှာလား။ သူ (ကာချုပ်) ပဲ သမ္မတ ဆက်လုပ်ချင်တဲ့ပုံတော့ တွေ့ရတယ်။ ပြောတဲ့ဆိုတဲ့စကားတွေမှာ မိန့်ခွန်းတွေ နားထောင်ကြည့်တော့။”

NLD ဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးခွင့်မရှိသလို ရွေးကောက်ပွဲကော်မရှင်ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းပေးပိုင်ခွင့် မရှိတာကြောင့် လက်ရှိဆောင်ရွက်နေတာတွေဟာ တရားဝင်မှုမရှိဘူးလို့ လက်ခံထားပါတယ်။ရွေးကောက်ပွဲဝင်ဖို့၊ မဝင်ဖို့ဆိုတာဟာ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ စုံညီအစည်းဝေးလုပ်ပြီး ဆုံးဖြတ်မှရမှာလို့ NLD ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးကျော်ထွေး က RFA ကို ပြောပါတယ်။
“ပါတီတစ်ခုရဲ့ အဓိကကျတဲ့ ခေါင်းဆောင်တွေ အကုန်လုံး မတရားဖမ်းဆီးထားပြီးမှကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ် NLD က ခေါင်းလျိုပြီးဝင်မှာလဲ။ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော ဖြစ်နိုင်မလား။ NLD ပါတီက တရားဝင်ရှိနေတယ်လို့ပဲ သူတို့ပြောတာလေ။ ပါတီရုံးတွေ တရားဝင်ဖွင့်ခွင့်ရပြီးတော့ အလုပ်လုပ်ကိုင်နိုင်ဖို့ကို သူတို့အာမခံချက်ပေးထားတာမရှိဘူး။ ပါတီရုံးတွေ ဖျက်ဆီးခံရတာ၊ ဗုံးခွဲခံရတာ၊ ပါတီရုံးအပေါက်ဝတွေမှာ ခေါင်းပြတ်တွေ လာချိတ်တာတွေ၊ အပြောတခြားနဲ့ လက်တွေ့မှာ လုပ်နေတာ တခြားစီဖြစ်နေပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ အားလုံး စုံညီအစည်းအဝေးကျင်းပပြီး ဆုံးဖြတ်မှပဲရမှာ။”

အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ကြီးချုပ်နေရာကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ဒီလမ်းစဉ်ကို လုပ်ဆောင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက တွက်ဆပါတယ်။

“အာဏာသိမ်းပြီးတဲ့ကာလမှာ ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ကြည့်လိုက်လို့ရှိရင် သူတို့လိုချင်တဲ့အာဏာတွေကို ထည့်ရေးဆွဲပြီးတော့မှ ပြန်ပြီးတော့ အာဏာစွန့်ပြီးဆင်းသွားတဲ့ပုံစံမျိုးတွေ့ရတယ်။ စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာ၊ သူဆိုတော့လည်း တချိန်ကျတော့ ဝန်ကြီးချုပ်ဖြစ်သွားတာပဲ။ မဖြစ်ဖြစ်အောင်လုပ်ယူတဲ့ပုံစံမျိုးဖြစ်တာပေါ့။ အဲတော့ မဖြစ်နိုင်ဘူးဆိုတာတော့ တော်တော်တော့ ခက်တယ်ထင်တယ်။ နောက်တစ်ခုက ဖြစ်သွားရင် ဘာဖြစ်မလဲ။ နိုင်ငံတကာကတော့ ခဏထားပါ။ အာဆီယံမှာကျတော့ အားလုံးသိတဲ့အတိုင်းပဲ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတစ်ခုက ရွေးကောက်ပွဲပြန်ဖြစ်သွားပြီး အရပ်သားအစိုးရပြန်ဖြစ်လာပြီဆိုရင် အများစုကတော့ ပြန်ပြီး ကြိုဆိုပါတယ်တို့ ဘာတို့လုပ်ကြမှာပါ။”တပ်မတော်သားအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး ကတော့ ကာကွယ်ရေးဦးစီးချုပ် သမ္မတလုပ် မလုပ်ဆိုတာ ရွေးကောက်ပွဲပြီးမှ ဆုံးဖြတ်လို့ရမယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ကတော့ ရိုးရိုးရှင်းရှင်းလေးမြင်တာက တိုင်းပြည်ရဲ့ လက်ရှိအခြေအနေ တည်ငြိမ်သွားပြီးတော့ နစကအနေနဲ့ သူကတိပေးထားတဲ့ ၂၀၂၃ မှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ဖြစ်နိုင်ဖို့က အဓိက အရေးကြီးတဲ့အချက်ပဲ။ အဲဒါပြီးမှ ကျွန်တော်တို့က ကျန်တာဆက်ဆုံးဖြတ်လို့ရလိမ့်မယ်။ အဲဒီအဆင့်မပြီးဘဲ ကျွန်တော်တို့ နောက်အဆင့်ကို မှန်းစရာအကြောင်းမရှိဘူး။ အဲတော့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သမ္မတ လုပ်မလား၊ မလုပ်မလားဆိုတဲ့ ခေါင်းစဉ်က နောက်တော်တော်ဝေးဝေးမှာရှိတယ်ပေါ့လေ။”

ကာကွယ်ရေးဦးစီးချုပ်ဟာ PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပပြီး သမ္မတရာထူးကို ကူးပြောင်းရယူမယ်ဆိုတဲ့ တွက်ဆချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က ငြင်းဆိုမှု မပြုပါဘူး။
“လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ပြောထားပြီးသားဖြစ်တယ်။ သူ့အနေနဲ့ကတော့ နိုင်ငံနဲ့ ပတ်သက်လာရင် သူ့အတွေ့အကြုံအရ ဆက်လက်ပြီးတော့ အသုံးချနိုင်လို့ရတဲ့နေရာမျိုးကနေ ပါဝင်သွားမယ်လို့ ပြောပြီးသားဖြစ်တယ်။ ဒါက အခုမှပြောတဲ့စကားမဟုတ်ဘူး။ ယခင်ရွေးကောက်ပွဲ မပြီးခင်တည်းက ပြောတဲ့စကားဖြစ်တယ်။ ဒီစကားပဲထပ်ပြီး ရည်ညွန်းစရာရှိပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲပြီးနောက် အကောင်အထည်မပေါ်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သမ္မတ ရာထူးအပြောင်းအရွေ့ဟာ ၂၀၂၃ မှာ ရွေးကောက်ပွဲဖြစ်မြောက်ပြီး ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရုံသာရှိပါတယ်။ စစ်ခေါင်းဆောင်အနေနဲ့ ဘယ်လိုရာထူးနဲ့ တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားသည်ဖြစ်စေ လူထုထောက်ခံမှုရရှိဖို့က မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုကြကြောင်း တင်ပြလိုက်ရပါတယ်။

Crd

Add a Comment

Your email address will not be published. Required fields are marked *