ရှေးဗမာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ကို ဂုဏ်ယူဝင့်ကြွားစွာ နဲ့ ဝတ်ဆင်ဖော်ကြူး ခဲ့ တဲ့ နန်းစန္ဒာလှထွန်း




Chilli – CeleZone

unicode

ပရိသတ်ကြီးရေ နန်းစန္ဒာလှထွန်းကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်ထားနိုင်တဲ့သူတစ်ယောက်ပါ။ သရုပ်ဆောင်ပီပြင်လွန်းလှတာကြောင့် ပရိသတ်တွေရဲ့သူ့ရဲ့ဇာတ်ကောင်ဖြစ်တဲ့ “ရေဝတီ” လို့တောင် ချစ်စနိုးနဲ့ ခေါ်ဆိုကြရတဲ့ အထိပါပဲ။

နန်းစန္ဒာလှထွန်းကတော့ ခေတ်လူငယ်တစ်ယောက်ပီပီခေတ်အလိုက်ဖက်ရှင်တွေကိုလည်း ဝတ်ဆင်လေ့ရှိပေမဲ့ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့လည်း မြန်မာဝတ်စုံတွေကို အမြတ်တနိုးတန်ဖိုးထားဝတ်ဆင့်လေ့ရှိပါတယ်။ ဒီနေ့မှာလည်း သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “၁၉၂၀ ဝန်းကျင် ရှေးဗမာအမျိုးသမီးတယောက်ရဲ့ဟန်” ဆိုပြီး ကျက်သရေရှိလွန်းလှတဲ့(၁၉၂၀)ခေတ်ဝန်းကျင်က ဗမာအမျိုးသမီးတစ်ယောက်ရဲ့ ပုံစံ ရိုက်ကူးထားတဲ့ ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။

ရိုးရိုးရှင်းရှင်း တင့်တယ်ခမ်းနားလှတဲ့ အမျိုးသမီးတွေရဲ့ ကျက်သရေရှိလွန်းလှတဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနဲ့ လိုက်ဖက်ညီစွာလှပလွန်းတဲ့ နန်းစ္ဒာလှထွန်းရဲ့ ပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေကတော့ တကယ်ကို သဘောကျနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေအတွက်လည်း နန်းစ္ဒာလှထွန်းရဲ့ ကျက်သရေရှိလွန်းလှတဲ့ ဒီပုံလေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Nan Sandar Hla Htun
Chilli – CeleZone

Add a Comment

Your email address will not be published. Required fields are marked *