ကိုရီးယားစုံတွဲကိုအတုခိုးပြီးကထားတယ်ဆိုကာ ပရိတ်သတ်တွေဝေဖန်မှုမြင့်တတ်နေတဲ့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ဗီဒီယို
|ပရိသတ်ကြီးရေ…..မင်းသမီးချော နန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တဲ့ ဒေါက်တာစိန်ဖြိုးလှိုင်ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်နော်။သူဟာ တစ်ချိန်က ‘မောင်’ ဆိုတဲ့နာမည်နဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တာဖြစ်ပြီဇာတ်ကားပေါင်းစွာရိုက်ကူးခဲ့တဲ့သူပါ။ အခုချိန်မှာဆိုရင်တော့ဒေါက်တာစိန်ဖြိုးလှိုင်ဟာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဖြစ်ပြီး ဆရာဝန်တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်….။
စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ဦးကတော့ စိတ်တူကိုယ်တူနဲ့ ပျော်စရာလေးတွေကို ပရိသတ်တွေကို ဝေမျှပေးလေ့ရှိတာကြောင့် ပရိသတ်များက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ ပျော်စရာလေးတွေကိုလည်း အတူတကွလုပ်တတ်ကြသလို အလှူအတန်းမှာဆိုရင်လည်း နှစ်ယောက်သားက တိုင်တိုင်ပင်ပင်နဲ့လုပ်လေ့ရှိကြပါတယ်။ . . . . . . . မကြာခင်မှာလည်း ချစ်သူလေးနဲ့လက်ထပ်ဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။
အခွီဗီဒီယိုတွေ တင်လေ့ရှိတဲ့စိန်ဖြိုးလှိုင်တို့ ချစ်သူနှစ်ဦးကတော့ အခုမှာလည်း ဗီဒီယိုလေးတစ်ခု Tik Tok မှာ တင်ပေးလာခဲ့တာ ဖြစ်ပါတယ်နော်…စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူ ကစုံတွဲအနေနဲ့ ချစ်စရာကောင်းအောင် ကပြထားတာ ပဲဖြစ်ပါတယ်။ . . . . . . .
သူတို့ကပြထားတဲ့ ဗီဒီယိုက ကိုးရီးယားစုံတွဲကို အတုခိုးပြီး ကထားပြန်ပြီဆိုပြီး ကောမန့်တွေမှာ ရေးသားထားကြပြန်ပါတယ်။ စိန်ဖြိုးလှိုင်တို့က Pre weddingမှာလည်း ထိုင်းစုံတွဲ ကိုအတုခိုးပြီးရိုက်ထားရုံမကပဲ ခုလည်း ခိုးချထားပြန်ပြီဆိုပြီး ရေးသားပြီးပွဲဆူနေကြတာပါနော်.. ပရိသတ်ကြီးလည်း စိန်ဖြိုးလှိုင်တို့ရဲ့ အကဗီဒီယိုလေးကို ကြည့်ပြီး တစ်ခုခုရေးပေးခဲ့ကြပါအုံးနော်..
Source: Sein Phyo Hlaing & Yi Yi
Credit ; Cele World