ကြွေရုပ်လေးလို့ ထင်မှားရလောက်အောင် ဖြူဝင်းလှပနေတဲ့ မင်းသမီးချောလေး Alice Ong
|သရုပ်ဆောင် မင်းသမီးချောလေး Alice Ong တစ်ယောက်ကတော့ ကလေးဆန်တဲ့ အမူအရာလေးတွေ ကြောင့်လည်း ပရိသတ်တွေက အချစ်ပိုခဲ့ကြတာပါသူမရဲ့ ချိုသာတဲ့အပြုံးလေးတွေဟာလည်း ပုရိသတွေကိုအဓိကကြွေစေရတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်…..။ဒါ့အပြင် ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်များသာမက အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်။သူမဟာ Miss Asia 2015 ကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ အလှမယ်လေးတစ်ဦးလည်းဖြစ်ပါတယ်။
သွယ်လျလှ ပတဲ့ ခန္ဓာကိုယ်လေး နဲ့အတူ ကြွေရုပ်လေးလို့ ထင်မှားရလောက်အောင် ဖြူဝင်းလှပနေသူလေးမို့ မြင်သူချစ်မိစေတဲ့ သူမရဲ့အလှက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်…..
ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှုအနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။လတ်တလောမှာလည်း ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့ အလှတရားတွေပေါ်လွင်စေတဲ့ ပုံလေးတွေနဲ့အတူ ဒီဇင်ဘာလရဲ့နွေးထွေးသောအကြင်နာ ❤️🎄❄️ဆိုတဲ့ ခရီးသွား ဘလော့ လေးကိုသူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားပါတယ်
ချစ်ပရိသတ်ကြီး လည်း Alice Ong ရဲ့ စမတ်ကျကျနဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနှင့် သူမရဲ့ ဘန်ကောက်ကို သွားခဲ့တဲ့ ခရီးသွား ဘလော့လေးကိုကြည့်ရှုပြီး ကြည်နူးနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။သူမရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေကိုလည်း အားပေးလိုက်ပါအုံးနော်။ဒီထက်မကလည်းအောင်မြင်မှုတွေ ချစ်ခင်မှုတွေ ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်၊
photo crd Alice Ong
Thwin