ကချင်ဝတ်စုံ ၀တ်တဲ့ ကိစ္စနဲ့ ပက်သက်ပြီး ပြတ်သားစွာပြောလိုက်တဲ့ မင်း မော်ကွန်း
unicode
အကယ်ဒမီသရုပ်ဆောင် မင်းမော်ကွန်း ကတော့ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့ သက်သေပြနေသူ တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း လွတ်မြောက်နယ်မြေမှာ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေတဲ့ မင်းမော်ကွန်းဟာ သူချစ်တဲ့ အနုပညာ အလုပ်တွေကို စွန့်လွှတ်ခဲ့ရတာပဲဖြ စ်ပါတယ်။ ခံယူချက်ခိုင်မာသလို ရည်မှန်းချက်လည်းကြီးမားတဲ့ မင်းမော်ကွန်းကို ပရိသတ်တွေ ကလည်း လေးစားရင်း ချစ်ပြီးရင်းချစ်နေကြရတာပဲဖြစ်ပါတယ်။
စကားပြောပြတ်သားတဲ့ မင်းမော်ကွန်းဟာ ဒီကနေ့မှာလည်း စစ်ကောင်စီခန့်ဝန်ကြီးဒေါ်သက်သက်ခိုင်ရဲ့ ကချင်ပြည်နယ်သွားရောက်တဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး “ဟို….ပုံတွေဆက်မတင်ကြနဲ့။ အဲ့ေ-ာက်မျိုးဆို လုံးဝမပါတ်သက်ဘူး။ ဘယ်လောက်လုပ်ဖော်ကိုင်ဖက်ဖြစ်ပါစေ ရွံတယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ သရုပ်ဆောင်၊ အဆိုတော် ထွန်းအိန္ဒြာဗိုလ်ရဲ့ ညီမရင်းတစ်ယောက်ဖြစ်ပြီး မင်းမော်ကွန်းနဲ့ ထွန်းအိန္ဒြာဗိုလ်တို့ဟာ လည်း တချိန်က အနုပညာအလုပ်တွေကို အတူတူတွဲဖက်လုပ်ကိုင်ဖူးခဲ့ကြတာဖြစ်ပါတယ်။
Source: Kyaw Kyaw Htay Lwin’s fb
Credit:Myanmar Celebrities