နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ရှာပေးတော့မယ် အောင်လအန်ဆန်း
|မြန်မာလူထုတစ်ခုလုံး ရဲ့ချစ်ခင်မှုကိုရရှိထားပြီး ကမ္ဘာမှာပါအောင်မြင်မှုတွေရရှိထားတဲ့ ကချင် တိုင်းရင်းသား One Championship မှာအချုပ်တစ်ပေါက်လျှမ်းလျှမ်းတောက်တဲ့ အောင်လအန်ဆန်းကတော့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့အတွက် MMA သမိုင်းဝင်အောင်ပွဲမှာ သူအသုံးပြုဝတ်ဆင်ခဲ့တဲ့ လက်အိပ် ၁ စုံ နဲ့ ဘောင်းဘီ ၂ စုံ ကို ပေးလှူပါဝင်ခဲ့ပါတယ်။
လက်အိပ်နဲ့ ဘောင်းဘီကို တစုံလျှင် ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကနေ စတင်မှာဖြစ်ပြီး လေလံပွဲကနေရရှိလာတဲ့ ရန်ပုံငွေကို သမိုင်းဝင်နွေဦးအတွက် တပြားမကျန် အသုံးချသွားမှာဖြစ်ပါတယ်။
မြန်မာနိင်ငံပြည်တွင်း / ပြည်ပနိုင်ငံတကာရောက် နွေဦးသားများ မည်သူမဆို ဝင်ရောက်ပါဝင်လေလံဆွဲဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်။
လေလံအောင်တဲ့သူကို MMA Fightet Awng La N Sang ကိုယ်တိုင် ၂၀၂၂ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပေးအပ်ချီးမြင့်သွားမည်ဖြစ်ပါတယ်။ လေလံဆွဲမယ့်သူများအနေနဲ့ Kachin Alliance fb page နဲ့ KPICT fb page တွေကို တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။