မိန္းကေလးတိုင္းသတိျပဳသင့္တဲ့ အမ်ိဳးသမီးေရာဂါမ်ားရဲ႕အစပ်ိဳးလကၡဏာရပ္မ်ား ..

အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္ဖြဲ႕စည္းပုံက အမ်ိဳးသားေတြနဲ႔ လုံးဝကိုျခားနားေနၿပီး အမ်ိဳးသမီးေတြမွာသာျဖစ္တတ္တဲ့ေရာဂါ

တခ်ိဳ႕ေၾကာင့္ ကိုယ့္ကိုယ္ကိုပိုဂ႐ုစိုက္ဖို႔လိုပါတယ္။ အသက္အႏၲရာယ္ကိုၿခိမ္းေျခာက္ႏိုင္တဲ့

ေရာဂါေတြဟာ တစ္ရက္ႏွစ္ရက္အတြင္းျဖစ္လာတာမဟုတ္ဘဲ ရက္႐ွည္လမ်ားအစပ်ိဳးၿပီး ျဖစ္လာတာပါ။

ေရာဂါအစျပဳေနခ်ိန္မွာ သတိထားမိခဲ့ရင္အသက္အႏၲရာယ္မျဖစ္ေအာင္ အခ်ိန္မီတားဆီးႏိုင္မွာပါ။ ဒါေၾကာင့္ အမ်ိဳးသမီး

တိုင္းသတိျပဳသင့္တဲ့ ေရာဂါအစပ်ိဳးလကၡဏာေတြကို ေျပာျပေပးလိုက္ပါတယ္။

(၁) ဗိုက္ပူေနျခင္း

မိန္းကေလးေတြဟာ အသက္ရလာတာနဲ႔အမွ် ေလ့က်င့္ခန္းေတြေသခ်ာမလုပ္ဘူးဆိုရင္ ဗိုက္ပူလာတတ္ပါတယ္။ ဗိုက္မွာ

အဆီစုၿပီး ဗိုက္ပူတာက ပုံမွန္ပဲျဖစ္ေပမယ့္ အစားအမ်ားႀကီးစားထားသလိုမ်ိဳး

ဗိုက္ေဖာင္းၿပီးပူေနတယ္ဆိုရင္ေတာ့ စိုးရိမ္ရပါတယ္။ ဝမ္းဗိုက္က အၿမဲလိုလိုတင္းၿပီး ပူေနတယ္ဆိုရင္ ဒါဟာ ရင္သား

ကင္ဆာ ဒါမွမဟုတ္ သားအိမ္ကင္ဆာအစပ်ိဳးေနတာျဖစ္ႏိုင္ပါတယ္။

(၂) ေမးေစ့နားတဝိုက္ဝက္ျခံေတြထြက္ျခင္း

ဝက္ျခံထြက္တာကလည္း ေဟာ္မုန္းအေျပာင္းအလဲေတြျဖစ္တတ္တဲ့အရာမို႔ သိပ္ေတာ့မထူးဆန္းပါဘူး။ ဒါေပမယ့္ ေမးေစ့

နားတဝိုက္မွာ ဝက္ျခံေတြအၿမဲလိုလိုထြက္ေနတယ္ဆိုရင္ေတာ့

သင့္ခႏၶာကိုယ္ထဲက ေဟာ္မုန္းေတြ အလြန္အမင္းကေမာက္ကမျဖစ္ေနပါၿပီ။ သင့္ေမးေစ့နားတဝိုက္မွာ ဝက္ျခံေတြအၿမဲ

ထြက္ေနတယ္ဆိုရင္ ဆရာဝန္နဲ႔ေသခ်ာျပသစစ္ေဆးဖို႔လိုေနပါၿပီ။

(၃) ေလ့က်င့္ခန္းလုပ္တဲ့အခါ ကိုယ္လက္ေတြအလြန္အမင္းနာက်င္ျခင္း

ေလ့က်င့္ခန္းလုပ္တဲ့အခါ ကိုယ္ေတြလက္ေတြနာတာက ပုံမွန္ျဖစ္ေနက်ပါပဲ။ ဒါေပမယ့္ သင္ကေတာ့ သူမ်ားေတြထက္ပို

ဆိုးၿပီး ေလ့က်င့္ခန္းလုပ္လိုက္တာနဲ႔ မခံမရပ္ႏိုင္ေအာင္ ၊

မလႈပ္ႏိုင္ေလာက္ေအာင္နာက်င္ေနတယ္ဆိုရင္ေတာ့ ကိုယ္တြင္းအဂၤါေတြ သိပ္မက်န္းမာဘူးဆိုတဲ့ လကၡဏာပါ။ ဒီလိုျဖစ္

ေနရင္ ဆရာဝန္ျပဖို႔လိုပါတယ္။

(၄) ဆံပင္ေတြအမ်ားအျပားကြၽတ္ျခင္း

ေခါင္းၿဖီးလိုက္တာနဲ႔ဆံပင္ေတြတေထြးႀကီးကြၽတ္လာရင္ ေပါ့ဆမေနသင့္ပါဘူး။ ဒါက ေဟာ္မုန္းမညီမွ်ျခင္းေၾကာင့္ျဖစ္ႏိုင္

ၿပီး ဆံပင္ေတြအမ်ားအျပားကြၽတ္တဲ့အေျခအေနကေန ဒီထက္ပိုဆိုးတဲ့ အေျခအေနျဖစ္လာႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ျပ

သင့္ပါတယ္။

(၅) ဓမၼတာလာစဥ္ေသြးခဲမ်ားဆင္းျခင္း

ဓမၼလာတဲ့အခါ ေသြးခဲေတြပါလာတာ၊ ေသြးေရာင္ကပုံမွန္လိုမဟုတ္ဘဲ အညိဳေရာင္လိုလိုျဖစ္ေနတာေတြက သားအိမ္

အတြက္စိုးရိမ္ရတဲ့အေနအထားပါ။

ဒီလိုအေျခအေနျဖစ္လာၿပီဆိုရင္ သားအိမ္အတြင္းအလုံးျဖစ္ေနတာမ်ိဳး၊ ေရအိတ္ျဖစ္ေနတာမ်ိဳးေတြ ျဖစ္ႏိုင္တာေၾကာင့္

သားဖြားမီးယပ္ဆရာဝန္နဲ႔ျပဖို႔လိုေနပါၿပီ။

(၆) အစားစားခ်င္စိတ္နည္းလြန္းျခင္း

တခါတရံမွာ အစားစားခ်င္စိတ္ေပ်ာက္ေနတာမ်ိဳးကလည္း ပုံမွန္ျဖစ္တတ္တဲ့အေနအထားတစ္ခုပါ။ ဒါေပမယ့္ ကိုယ့္

အႀကိဳက္ဆုံး အစားအစာကိုေတာင္စားခ်င္စိတ္မ႐ွိတာမ်ိဳး၊

တစ္ေနကုန္ေနလို႔မွ တစ္ခါေလာက္ပဲစားျဖစ္တာမ်ိဳးေတြ ျဖစ္ေနရင္ေတာ့ သတိထားရေတာ့မွာပါ။ ဒါက သားအိမ္ကင္ဆာ

အစျပဳတဲ့လကၡဏာျဖစ္ေနႏိုင္လို႔ပါ။

CRD

unicode

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေနဲ့ လုံးဝကိုခြားနားနေပြီး အမျိုးသမီးတွေမှာသာဖြစ်တတ်တဲ့ရောဂါ

တချို့ကြောင့် ကိုယ့်ကိုယ်ကိုပိုဂရုစိုက်ဖို့လိုပါတယ်။ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့

ရောဂါတွေဟာ တစ်ရက်နှစ်ရက်အတွင်းဖြစ်လာတာမဟုတ်ဘဲ ရက်ရှည်လများအစပျိုးပြီး ဖြစ်လာတာပါ။

ရောဂါအစပြုနေချိန်မှာ သတိထားမိခဲ့ရင်အသက်အန္တရာယ်မဖြစ်အောင် အချိန်မီတားဆီးနိုင်မှာပါ။ ဒါကြောင့် အမျိုးသမီး

တိုင်းသတိပြုသင့်တဲ့ ရောဂါအစပျိုးလက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ဗိုက်ပူနေခြင်း

မိန်းကလေးတွေဟာ အသက်ရလာတာနဲ့အမျှ လေ့ကျင့်ခန်းတွေသေချာမလုပ်ဘူးဆိုရင် ဗိုက်ပူလာတတ်ပါတယ်။ ဗိုက်မှာ

အဆီစုပြီး ဗိုက်ပူတာက ပုံမှန်ပဲဖြစ်ပေမယ့် အစားအများကြီးစားထားသလိုမျိုး

ဗိုက်ဖောင်းပြီးပူနေတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ ဝမ်းဗိုက်က အမြဲလိုလိုတင်းပြီး ပူနေတယ်ဆိုရင် ဒါဟာ ရင်သား

ကင်ဆာ ဒါမှမဟုတ် သားအိမ်ကင်ဆာအစပျိုးနေတာဖြစ်နိုင်ပါတယ်။

(၂) မေးစေ့နားတဝိုက်ဝက်ခြံတွေထွက်ခြင်း

ဝက်ခြံထွက်တာကလည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်တတ်တဲ့အရာမို့ သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် မေးစေ့

နားတဝိုက်မှာ ဝက်ခြံတွေအမြဲလိုလိုထွက်နေတယ်ဆိုရင်တော့

သင့်ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ အလွန်အမင်းကမောက်ကမဖြစ်နေပါပြီ။ သင့်မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေအမြဲ

ထွက်နေတယ်ဆိုရင် ဆရာဝန်နဲ့သေချာပြသစစ်ဆေးဖို့လိုနေပါပြီ။

(၃) လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်လက်တွေအလွန်အမင်းနာကျင်ခြင်း

လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်တွေလက်တွေနာတာက ပုံမှန်ဖြစ်နေကျပါပဲ။ ဒါပေမယ့် သင်ကတော့ သူများတွေထက်ပို

ဆိုးပြီး လေ့ကျင့်ခန်းလုပ်လိုက်တာနဲ့ မခံမရပ်နိုင်အောင် ၊

မလှုပ်နိုင်လောက်အောင်နာကျင်နေတယ်ဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတွေ သိပ်မကျန်းမာဘူးဆိုတဲ့ လက္ခဏာပါ။ ဒီလိုဖြစ်

နေရင် ဆရာဝန်ပြဖို့လိုပါတယ်။

(၄) ဆံပင်တွေအများအပြားကျွတ်ခြင်း

ခေါင်းဖြီးလိုက်တာနဲ့ဆံပင်တွေတထွေးကြီးကျွတ်လာရင် ပေါ့ဆမနေသင့်ပါဘူး။ ဒါက ဟော်မုန်းမညီမျှခြင်းကြောင့်ဖြစ်နိုင်

ပြီး ဆံပင်တွေအများအပြားကျွတ်တဲ့အခြေအနေကနေ ဒီထက်ပိုဆိုးတဲ့ အခြေအနေဖြစ်လာနိုင်တာကြောင့် ဆရာဝန်နဲ့ပြ

သင့်ပါတယ်။

(၅) ဓမ္မတာလာစဉ်သွေးခဲများဆင်းခြင်း

ဓမ္မလာတဲ့အခါ သွေးခဲတွေပါလာတာ၊ သွေးရောင်ကပုံမှန်လိုမဟုတ်ဘဲ အညိုရောင်လိုလိုဖြစ်နေတာတွေက သားအိမ်

အတွက်စိုးရိမ်ရတဲ့အနေအထားပါ။

ဒီလိုအခြေအနေဖြစ်လာပြီဆိုရင် သားအိမ်အတွင်းအလုံးဖြစ်နေတာမျိုး၊ ရေအိတ်ဖြစ်နေတာမျိုးတွေ ဖြစ်နိုင်တာကြောင့်

သားဖွားမီးယပ်ဆရာဝန်နဲ့ပြဖို့လိုနေပါပြီ။

(၆) အစားစားချင်စိတ်နည်းလွန်းခြင်း

တခါတရံမှာ အစားစားချင်စိတ်ပျောက်နေတာမျိုးကလည်း ပုံမှန်ဖြစ်တတ်တဲ့အနေအထားတစ်ခုပါ။ ဒါပေမယ့် ကိုယ့်

အကြိုက်ဆုံး အစားအစာကိုတောင်စားချင်စိတ်မရှိတာမျိုး၊

တစ်နေကုန်နေလို့မှ တစ်ခါလောက်ပဲစားဖြစ်တာမျိုးတွေ ဖြစ်နေရင်တော့ သတိထားရတော့မှာပါ။ ဒါက သားအိမ်ကင်ဆာ

အစပြုတဲ့လက္ခဏာဖြစ်နေနိုင်လို့ပါ။

CRD

Add a Comment

Your email address will not be published. Required fields are marked *