CDM ဝန္ထမ္းေတြကို ေတာင္းစားတယ္ေျပာလို႔ Live လႊင့္ ပြဲၾကမ္းလိုက္တဲ့ ေဒါက္တာျမဝတ္ရည္ (႐ုပ္သံ)

တရားမႈကိုျမတ္ႏိုးသလို မွန္တယ္ထင္ရာကို ရဲရဲဝံ့ဝံ့လုပ္ကိုင္တတ္တဲ့ ေဒါက္တာျမဝတ္ရည္ဟာ လက္႐ွိစစ္အာဏာသိမ္းတဲ့ျဖစ္စဥ္မွာလည္းဓမၼဘက္ကေန ရပ္တည္ေနသူတစ္ေယာက္ပါ။CDM ဝန္ထမ္းေတြကို ေထာက္ပံ့ကူညီႏိုင္ဖို႔ အလႉေငြေတြကို လက္ခံလႉဒါန္းေပးေနတဲ့ ေဒါက္တာျမဝတ္ရည္ဟာ အလုပ္ေတြမ်ားလြန္းလို႔လသားအ႐ြယ္သမီးေလးကိုေတာင္ ဂ႐ုမစိုက္ႏိုင္ေလာက္ေအာင္ထိ ႀကိဳးစား႐ုန္းကန္ခဲ့သူပဲ ျဖစ္ပါတယ္ ကိုယ့္ကေလးကိုေတာင္ အခ်ိန္ သိပ္မေပးျဖစ္ဘဲ CDM အတြက္ လုပ္ေပးျဖစ္တာတစ္ခ်ိဳ႕ေတြက ရန္ေတြ႕တယ္။

စိတ္ဆိုးၾကတယ္။ စကားနာထိုးၾကတယ္။ အလိမ္ခံရတယ္။”“ကိုယ္တိုင္ အလႉေငြထည့္ အလႉ႐ွင္ေတြကို ေဆာ္ဩ မႏိုင္ဝန္ထမ္း လူ ၃ ေယာက္တည္းနဲ႔ (လူ ၅၀၀ ေလာက္ထဲက)လူ ၁၉၃ ေယာက္ကို ေ႐ြးထုတ္ စာရင္းျပဳစု တစ္ဦးခ်င္းေငြလႊဲ လႊဲၿပီးေၾကာင္းအေၾကာင္းျပန္ အ ေသးစိတ္ကအစ အကုန္စစ္ေဆးရတာ မလြယ္ေနပါဘူးေနာ္။ အလႉေငြလႊဲသူစာရင္းကိုလည္း ဒီ CB ထဲကပဲ ၿဖဲယဲ႐ွာရတာ

ၿပီးရင္ ေငြထုတ္ေပးမယ့္ မိတ္ေဆြအစ္မဆီပို႔ သူ က ထုတ္ေပး ရမရ ျပန္ေျပာ ျပန္စစ္၊CDM ေတြကို လႊဲရင္လည္း တစ္ဦးခ်င္း ဖုန္းေတြကို တစ္ေၾကာင္းခ်င္းစီပို႔ရတာ ေငြလႊဲဖို႔ ဖုန္းမွားလႊဲလို႔လည္း မျဖစ္ေနေတာ့ ေသခ်ာ ျပဴးၿပဲ လုပ္ရပါတယ္။လူ၅၀၀ ေက်ာ္ရဲ႕စာေတြအားလုံးထဲက ေ႐ြးရတာပါ။ မ်က္႐ိုးေတြကိုက္ ေခါင္းပါကိုက္ပါတယ္။ ယခုလို အမ်ားအက်ိဳးအတြက္ လုပ္ေပးေနသည္ ကိုပင္ CDM ဝန္ထမ္းေတြကို ေတာင္းစားတယ္ေျပာလို႔

ေဒါက္တာျမဝတ္ရည္မွ Live လႊင့္ၿပီး ေျပာဆိုလာတဲ့ ေဘ- ာ မ တသိုက္ကို ဒဲ့ၿဖဲ စ္န္ေခၚလိုက္ျခင္းပဲ ျဖစ္ပါတယ္ ပရိတ္သတ္ႀကီးလဲ ေဒာက္တာ ျမဝတ္ရည္အေပၚ ထင္ျမင္ခ်က္ေလးနဲ႔ အားေပး ႏွစ္သိမ့္ေပးခဲ့ၾကပါဦးေနာ္။

ခရက္ဒစ္

unicode

တရားမှုကိုမြတ်နိုးသလို မှန်တယ်ထင်ရာကို ရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်တဲ့ ဒေါက်တာမြဝတ်ရည်ဟာ လက်ရှိစစ်အာဏာသိမ်းတဲ့ဖြစ်စဉ်မှာလည်းဓမ္မဘက်ကနေ ရပ်တည်နေသူတစ်ယောက်ပါ။CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့ အလှူငွေတွေကို လက်ခံလှူဒါန်းပေးနေတဲ့ ဒေါက်တာမြဝတ်ရည်ဟာ အလုပ်တွေများလွန်းလို့လသားအရွယ်သမီးလေးကိုတောင် ဂရုမစိုက်နိုင်လောက်အောင်ထိ ကြိုးစားရုန်းကန်ခဲ့သူပဲ ဖြစ်ပါတယ် ကိုယ့်ကလေးကိုတောင် အချိန် သိပ်မပေးဖြစ်ဘဲ CDM အတွက် လုပ်ပေးဖြစ်တာတစ်ချို့တွေက ရန်တွေ့တယ်။

စိတ်ဆိုးကြတယ်။ စကားနာထိုးကြတယ်။ အလိမ်ခံရတယ်။”“ကိုယ်တိုင် အလှူငွေထည့် အလှူရှင်တွေကို ဆော်ဩ မနိုင်ဝန်ထမ်း လူ ၃ ယောက်တည်းနဲ့ (လူ ၅၀၀ လောက်ထဲက)လူ ၁၉၃ ယောက်ကို ရွေးထုတ် စာရင်းပြုစု တစ်ဦးချင်းငွေလွှဲ လွှဲပြီးကြောင်းအကြောင်းပြန် အ သေးစိတ်ကအစ အကုန်စစ်ဆေးရတာ မလွယ်နေပါဘူးနော်။ အလှူငွေလွှဲသူစာရင်းကိုလည်း ဒီ CB ထဲကပဲ ဖြဲယဲရှာရတာ

ပြီးရင် ငွေထုတ်ပေးမယ့် မိတ်ဆွေအစ်မဆီပို့ သူ က ထုတ်ပေး ရမရ ပြန်ပြော ပြန်စစ်၊CDM တွေကို လွှဲရင်လည်း တစ်ဦးချင်း ဖုန်းတွေကို တစ်ကြောင်းချင်းစီပို့ရတာ ငွေလွှဲဖို့ ဖုန်းမှားလွှဲလို့လည်း မဖြစ်နေတော့ သေချာ ပြူးပြဲ လုပ်ရပါတယ်။လူ၅၀၀ ကျော်ရဲ့စာတွေအားလုံးထဲက ရွေးရတာပါ။ မျက်ရိုးတွေကိုက် ခေါင်းပါကိုက်ပါတယ်။ ယခုလို အများအကျိုးအတွက် လုပ်ပေးနေသည် ကိုပင် CDM ဝန်ထမ်းတွေကို တောင်းစားတယ်ပြောလို့

ဒေါက်တာမြဝတ်ရည်မှ Live လွှင့်ပြီး ပြောဆိုလာတဲ့ ဘေ- ာ မ တသိုက်ကို ဒဲ့ဖြဲ စ်န်ခေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ် ပရိတ်သတ်ကြီးလဲ ဒောက်တာ မြဝတ်ရည်အပေါ် ထင်မြင်ချက်လေးနဲ့ အားပေး နှစ်သိမ့်ပေးခဲ့ကြပါဦးနော်။

ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *