တော်လှ.န်ရေး နဲ့ ပတ်သက် တဲ့ သူ ရဲ့ အိမ်မက်တွေ က ဈေးကြီး လွန်း လို့ ‘မင်းလဲလိုက်မက်ကွာ’လို့ ပြောမထွက်ခဲ့ ဘူး ဆို တဲ့ ဦးကျော်သက်လင်း

ပရိတ်သတ်ကြီးရေ MRTVသတင်းကြေညာသူတစ်ယောက်ဖြစ်တဲ့ ဦးကျော်သက်လင်းကတော့ လွတ်မြောက်နယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူရဲဘော်တစ်ဦးဖြစ်ပါတယ်။ချစ်ရတဲ့သူများကိုစွန့်ခွာပြီး ကိုယ့်အသက်ကို ပဓာနမထားပဲ ပြည်သူတွေအတွက် ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ယနေ့မှာ ကိုကျော်သက်လင်းက သူ့ရဲ့ခံစားချက်အမှန်တစ်ချို့ကိုပြောပြလာခဲ့ပါတယ်။

”ကျနော် စကတည်းကပြောခဲ့ပါတယ်။ မစစ်မှန်တဲ့အရာတွေက ကြာကြာမခံပါဘူး။ လူတွေဖန်တီးထားတဲ့အရာတွေပဲဖြစ်ဖြစ် ရင်ထဲကဆန္ဒတွေ ရည်မှန်းချက်တွေပဲဖြစ်ဖြစ်စေတနာမမှန်ရင် ဆန္ဒမကြီးရင် လွယ်လွယ်ပဲကွယ်ပျောက်သွားကြမှာပါ။

ကျနော်တို့အိပ်မက်တွေက ဈေးကြီးလွန်းပါတယ်။ အသက်တွေစည်းစိမ်တွေ ရာထူးတွေမိသားစုတွေကို စွန့်လွှတ်ပြီးမက်ရပါတယ်။မင်းလည်းလိုက်မက်ကွာလို့ ဒီအဖိုးကြီးက ပြောမထွက်ပါဘူး။ ဒီလိုနဲ့ပဲ ကျနော်တစ်ယောက်ထဲ ဘယ်သူ့မှမစည်းရုံးမသိမ်းသွင်းပဲ ထွက်လာခဲ့တယ်။ လမ်းတူရင် တစ်နေ့မှာ ကျနော်တို့ဆုံကြမှာပါ။

လမ်းတူပေမယ့်လည်း အိပ်မက်တွေအတွက် အသ.က်တွေပေးခဲ့ကြတဲ့သူတွေနဲ့တော့ဖြင့် မဆုံနိုင်ကြတော့ပါဘူး။ ကျန်ခဲ့ကြတဲ့သူတွေနဲ့ပဲ ဈေးကြီးလွန်းတဲ့ အိပ်မက်တွေအကြောင်းတဝကြီးထိုင်ပြောကြတာပေါ့” ဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်။ဟုတ်ပါတယ် အိမ်မက်တွေကဈေးကြီးလွန်းလို့ အိမ်မက်မက်ရဖို့ စိတ်ခွန်အားတွေရှိမှရပါမယ်နော်။

လေးစားစွာဖြင့် ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *