တင်လိုက်တဲ့ ပုံလေးတစ်ပုံကြောင့် လွတ်မြောက်နယ်မြေကနေ ပြည်ပနိုင်ငံသို့ရောက်သွားပြီ ဆိုပြီး ထင်ကြေးပေးခြင်းခံနေ ရ တဲ့ Rဇာနည်
|အဆိုတော် အာဇာနည်လို့ဆိုလိုက်ရင်တော့အနုပညာလမ်းကြောင်းပေါ်မှာ ၁၀ နှစ်မကရပ်တည်လာခဲ့တဲ့သူဆိုရင်တော့ မသိသူမရှိလောက်ပါဘူးနော်.. အသံပါဝါကောင်းကောင်းနဲ့သီဆိုတတ်သူ ဖြစ်တာကြောင့် ပရိသတ်တွေက အားပေးကြမ်းနေကြတာ ဖြစ်ပါတယ်နော်.. အာဇာနည်ကတော့ သားလေး ၂ ယောက်နဲ့အတူ သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာကြောင့် သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်နော်..
အာဇာနည်ကတော့ မြန်မာပြည်ရဲ့လက်ရှိအခြေအနေမှာလည်း ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ခဲ့သူဖြစ်တာကြောင့် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်နော်.. လွန်ခဲ့တဲ့လပိုင်းတုန်းကလည်း ဖခင်ကြီးရဲ့မွေးနေ့ကိုလည်း အဝေးကနေပဲ ကန်တော့ခဲ့တာ ဖြစ်ပါတယ်နော်.. တိမ်းရှောင်တဲ့နေရာ မှာနေပြီးတော့လည်း မိသားစုကိုလွမ်းနေကြမှာ အသေအချာပါပဲနော်. အဆိုတော်အာဇာနည်ကတော့မိသားစုကိုပါ လွတ်မြောက်နယ်မြေကို ခေါ်သွားခဲ့တာ ဖြစ်ပါတယ်နော်..
ဒီနေ့လေးမှတော့ အာဇာနည် က ကော်ဖီခွက်လေးကိုင်ထားတဲ့ ပုံလေးတစ်ပုံကို တင်လာခဲ့တာ ဖြစ်ပါတယ်နော်။ Rဇာနည်ကိုင်ထားတဲ့ ကော်ဖီခွက်က နိုင်ငံရပ်ခြားမှာပဲ ရရှိနိုင်တဲ့ ကော်ဖီ ဆိုပြီးလူအများစုကတော့ အချိန်တန်ရင် ပြည်ပ နိုင်ငံကိုပဲ ထွက်ပြေးတာပဲလားဆိုတဲ့ ကောမန့်တွေအပြင် မြန်မာနိုင်ငံမှာ နေလို့မရတော့လို့ ပြည်ပ နိုင်ငံကိုသွားတာ လက်ခံပါတယ်ဆိုတဲ့ကောမန့်တွေနဲ့ အပြန်အလှန်ရေးသားပြီး ပွဲဆူ နေကြတာ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း R ဇာနည်ရဲ့ပုံလေးကို ကြည့်ပြီး တစ်ခုခုရေးပေးခဲ့ကြပါအုံးနော်..
Credit ; Cele World