ဟန္ၿငိမ္းဦးသတင္းေပးမႈေၾကာင့္ စကစရဲ႕ဖမ္းဆီးျခင္းခံလိုက္ရတဲ့ မိတ္ကပ္ Gucci ေအာင္
|ႏိုင္ငံေက်ာ္ မိတ္ကပ္အလွဖန္တီး႐ွင္တစ္ေယာက္ျဖစ္တဲ့ မိတ္ကပ္Gucci ေအာင္ကေတာ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာ တရားေသာဓမၼဘက္ကေန ရပ္တည္ၿပီး ျပည္သူေတြတင္ေျမႇာက္ေ႐ြးခ်ယ္ထားတဲ့ အစိုးရကို အာဏာျပန္ေပးဖို႔ ဆႏၵျပေတာင္းဆိုခဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ ဒါ့အျပင္ သူ႕ရဲ႕ မိတ္ကပ္ဖန္တီးျခင္းပညာနဲ႔လည္း သမၼာအာဇီဝက်က် ဝမ္းစာ႐ွာေနတဲ့ Gucci ေအာင္ဟာ အႏုပညာအသိုင္းအဝိုင္းမွာလည္း ထင္႐ွားသူတစ္ေယာက္ပဲျဖစ္ပါတယ္။
ဒီကေန႔ ဇန္နဝါရီလ (၂၆) ရက္ေန႔မွာေတာ့ မိတ္ကပ္Gucci ေအာင္ဟာ သူမေနထိုင္ရာ စမ္းေခ်ာင္းၿမိဳ႕နယ္ေနအိမ္ကေန စကစရဲ႕ မတရားဖမ္းဆီးျခင္းကို ခံခဲ့ရပါတယ္။ မိတ္ကပ္Gucci ေအာင္ ဖမ္းဆီးခံရျခင္းမွာ စကစလက္ပါးေစ ဟန္ၿငိမ္းဦးရဲ႕ ေသြးထိုးလႈံ႕ေဆာ္မႈေတြပါဝင္ေနၿပီး ဟန္ၿငိမ္းဦးက မိတ္ကပ္Gucci ေအာင္ရဲ႕ ေနအိမ္လိပ္စာအတိအက်နဲ႔ ဖမ္းဆီးခိုင္းခဲ့တာပဲျဖစ္ပါတယ္။
မိတ္ကပ္Gucci ေအာင္ကေတာ့ ျပည္သူေတြနဲ႔ တရားေသာဓမၼဘက္မွာရပ္တည္ခဲ့သူတစ္ေယာက္ျဖစ္ၿပီး အခုလို မတရားဖမ္းဆီးျခင္းခံခဲ့ရတာ စိတ္မေကာင္းစရာပါပဲ။ မိတ္ကပ္Gucci ေအာင္တစ္ေယာက္ အျမန္ဆုံးလြတ္ေျမာက္လာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Source: Bahan Information ll’s fb
unicode
နိုင်ငံကျော် မိတ်ကပ်အလှဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ မိတ်ကပ်Gucci အောင်ကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ တရားသောဓမ္မဘက်ကနေ ရပ်တည်ပြီး ပြည်သူတွေတင်မြှောက်ရွေးချယ်ထားတဲ့ အစိုးရကို အာဏာပြန်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ မိတ်ကပ်ဖန်တီးခြင်းပညာနဲ့လည်း သမ္မာအာဇီဝကျကျ ဝမ်းစာရှာနေတဲ့ Gucci အောင်ဟာ အနုပညာအသိုင်းအဝိုင်းမှာလည်း ထင်ရှားသူတစ်ယောက်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ (၂၆) ရက်နေ့မှာတော့ မိတ်ကပ်Gucci အောင်ဟာ သူမနေထိုင်ရာ စမ်းချောင်းမြို့နယ်နေအိမ်ကနေ စကစရဲ့ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ မိတ်ကပ်Gucci အောင် ဖမ်းဆီးခံရခြင်းမှာ စကစလက်ပါးစေ ဟန်ငြိမ်းဦးရဲ့ သွေးထိုးလှုံ့ဆော်မှုတွေပါဝင်နေပြီး ဟန်ငြိမ်းဦးက မိတ်ကပ်Gucci အောင်ရဲ့ နေအိမ်လိပ်စာအတိအကျနဲ့ ဖမ်းဆီးခိုင်းခဲ့တာပဲဖြစ်ပါတယ်။
မိတ်ကပ်Gucci အောင်ကတော့ ပြည်သူတွေနဲ့ တရားသောဓမ္မဘက်မှာရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပြီး အခုလို မတရားဖမ်းဆီးခြင်းခံခဲ့ရတာ စိတ်မကောင်းစရာပါပဲ။ မိတ်ကပ်Gucci အောင်တစ်ယောက် အမြန်ဆုံးလွတ်မြောက်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Bahan Information ll’s fb