ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းများ ကို ဦးစားပေးဆောင်ရွက် ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား

နိုင်ငံအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ဦးစားပေးဆောင်ရွက်ဖို့ မှာကြား ရေအားလျှပ်စစ်စီမံကိန်းသည် ရေရှည်ဆောင်ရွက်ရသည့် စီမံကိန်းများဖြစ်၍အထက်ရဲရွာနှင့် အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဒီးဒုတ် ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ နစက ဥက္ကဋ္ဌက မှာကြားသည်။

ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌက LNG ဓာတ်ငွေ့များအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ကုန်ကျစရိတ်ကြီးမြင့်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ဦးစားပေးဆောင်ရွက်ရန်လိုကာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဆောင်ရွက်ရာတွင်လည်း ပြည်ပကုမ္ပဏီများကိုသာမက ပြည်တွင်း ကုမ္ပဏီများမှလည်းဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ရန်လိုကြောင်းပြောသည်။

“လျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်ရန်” ဟု ယခင်က သတ်မှတ် ဆောင်ရွက်ခဲ့မှုရှိ၍ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းသည် စီးပွားရေးအရ တွက်ခြေ ကိုက်သည့်အကြောင်း၊ လမ်းစဉ်ပါတီအစိုးရနှင့်တပ်မတော်အစိုးရလက်ထက်တွင် ရေအား လျှပ်စစ်ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရလက်ထက် တွင်လည်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း သဘာဝပတ်ဝန်းကျင်ကို အကြောင်းပြ၍ နိုင်ငံရေးအရ အသုံးချပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းများကို အခက်အခဲဖြစ်အောင် ဆောင်ရွက်ခဲ့ မှုများရှိကြောင်းလည်း ပြောသည်။

နစကဥက္ကဋ္ဌက ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည်ကြီးမားပြီး ကုန်ကျစရိတ်တန်ဖိုးအား တိကျစွာတွက်ချက်နိုင်သော်လည်း ပြန်လည်ရရှိသောအကျိုးအမြတ်မှာတန်ဖိုးဖြတ်၍မရအောင် အတိုင်းအတာကြီးမားကြောင်းနှင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းများ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိမှုကြောင့် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများစွာရှိကြောင်း၊လက်ရှိဆောင်ရွက် နေသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများကိုလည်း လုပ်ငန်းများပြီး မြောက်အောင်မြင်စေရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်းစသည်ဖြင့်လည်းပြောကြားခဲ့သည်။

crd

Add a Comment

Your email address will not be published. Required fields are marked *