အမေ ကို ချစ် တဲ့ သားဟာ မယားမချစ်ဘူး ဆို တာ မျိုး မဖြစ် ပါစေ နဲ့ ငါ့သား







ယ် ငါ့သားလေးရဲ့..




#crd

unicode

အမေနဲ့မိသားစုကိုလဲချစ်ပါ မိခင်မျိုးနွယ်ဝင်ဇနီးသည်ကိုလဲချစ်ပါ..အမေ့အတွက်သားကောင်း အစ်မညီမအတွက် မောင်ကောင်း၊အစ်ကိုကောင်းဖြစ်ပေမဲ့ ဇနီးသည်ကို မကောင်းဘူး ဆိုတာမျိုး မဖြစ်စေနဲ့ကွဲ့ မိသားစုကိုချစ်သလို ဇနီးသည်ကိုချစ်ပေးပါ…..

မိဘအိမ် မောင်နှမအိမ် ဇနီးသည် မသိဘဲမသွားနဲ့ငါ့သား သူတို့မိသားစုတွေ ငါ့ကွယ်ရာ ငါ့ယောက်ျားကိုဘာသွေးထိုးနေပါလိမ့်လို့

သူ့ဖက်ကအမြင်မျိုးဖြစ်စေတတ်လို့ တတ်နိုင်ရင် ငါ့သားမိသားစုဆီသွားရင် ဇနီးကိုခေါ်သွားကွဲ့မလိုက်တာတော့သူ့အပိုင်းပေါ့ ခေါ်ပါရဲ့နဲ့မလိုက်ပဲ စကားနာထိုးတာ သွေးထိုးတာလဲလက်မခံနဲ့ငါ့သားမိသားစုနဲ့ဇနီးသည်ကြား သမာသမတ်ကျကျ မျှမျှတတဖြစ်ပါစေ…။

ငါ့လုပ်စာပဲ ငါ့မိဘ မောင်နှမ ပေးတာ မိန်းမပြောစရာမလိုဘူး မထင်နဲ့ငါ့သား အမှားကြီးမှားမယ်

အမေကမွေး အမေပြုစုယုယပေးပေမယ့် အိမ်ထောင်ကျရင်အမေ မပိုင်ဘူး ငါ့သားလေးရဲ့….

မိန်းမ မသိအောင်ခိုးပေးခြင်းဟာ အမေ့သိက္ခာထိခိုက်သလို ချွေးမ အနေနဲ့ကြည့်ရင် သူ့မာန ထိခိုက်စေတ

ယ် ငါ့သားလေးရဲ့..

မိန်းမရေ ဒီလောက် ဒီမျှတော့ မိဘတွေကန်တော့ရအောင်ကွာ ငါမပေးဘူး မင်းလက်နဲ့ပေးလို့ပြောတဲ့အခါယောက္ခမအပေါ် သိတတ်တဲ့ချွေးမအဖြစ် သူဂုဏ်တတ်ရလို့ ကြည်ဖြူကျေနပ်မှာပါ…။

လျို့ဝှက်အပ်ရာ အရာရာကို အစ်ကိုညီသား မိဘကိုထား မယားသော်မှမပြောရ ဆိုပေမယ့် အရာရာအတိုင်းလျှို့ဝှက်စရာမလိုဘူးငါ့သား

ဇနီးသည်ကို အလေးထားပါ တိုင်ပင်ပါ ဇနီးသည်ရဲ့ဂုဏ်ကို မြှင့်တင်ပေးပါ ငါ့သား….ငါ့သားများအိမ်ထောင်ပြုခဲ့ရင်လေ…..မှာချင်တာတွေအများကြီးပါသားကြီးရေ ဒီနေ့တော့ ဒီမျှသာ…။

#crd

Add a Comment

Your email address will not be published. Required fields are marked *