တ႐ုတ္ယဥ္ေက်းမႈ အယူ အဆနဲ႔ ဆန္႔က်င္ေနတာေၾကာင့္ အမ်ားရဲ႕ ေဝဖန္မႈ ကို ခံေနရတဲ့ ေမာ္ဒယ္လ္ ပတ္ထရစ္႐ွာ
|သ႐ုပ္ေဆာင္ ပတ္ထရစ္႐ွာကေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္ ကတည္းက အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူျဖစ္ၿပီး ဒီေန႔ဒီအခ်ိန္ထိ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရ႐ွိေနဆဲ မင္းသမီးတစ္လက္ပါပဲ။ႏိုင္ငံျခားသူေလး တစ္ေယာက္လို စြဲမက္ဖြယ္အလွနဲ႔ ပရိသတ္ႀကိဳက္ႏွစ္သက္မႈ အမ်ားဆုံး ရ႐ွိထားတဲ့ မင္းသမီးတစ္ေယာက္ပီပီ ေၾကာ္ျငာေတြမ်ားစြာ လက္ခံ႐ိုက္ကူးေနရတဲ့ ပတ္ထရစ္႐ွာဟာ ဒီတစ္ေခါက္မွာေတာ့
တ႐ုတ္လူမ်ိဳးပရိသတ္ေတြရဲ႕ ေဝဖန္မႈကို ျပင္းျပင္းထန္ထန္ရ႐ွိေနတာပဲျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ပတ္ထရစ္႐ွာက 119 Store ရဲ႕ တ႐ုတ္ႏွစ္သစ္ကူးေန႔အတြက္ ႐ိုက္ကူးေပးထားတဲ့ ဓာတ္ပုံထဲမွာအနက္ေရာင္ဝတ္စုံကို ဝတ္ဆင္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ အနက္ေရာင္ဆိုတာ တ႐ုတ္လူမ်ိဳးေတြအတြက္ မဂၤလာမ႐ွိတဲ့အေရာင္၊ နာေရးေတြမွာပဲအသုံးျပဳတဲ့အေရာင္ျဖစ္ၿပီး အခုလိုႏွစ္သစ္ကူးတဲ့အခ်ိန္မွာ ကံေကာင္းမႈ၊
ေပ်ာ္႐ႊင္မႈေတြကို ကိုယ္စားျပဳတဲ့အနီေရာင္နဲ႔ မဂၤလာ႐ွိတဲ့အေရာင္ ေ႐ႊေရာင္ကိုသာ အသုံးျပဳၾကတာပဲျဖစ္ပါတယ္။ ပတ္ထရစ္႐ွာကေတာ့ ေၾကာ္ျငာအတြက္ဓာတ္ပုံ႐ိုက္ကူးခဲ့တယ္ဆိုေပမယ့္တ႐ုတ္လူမ်ိဳးေတြနဲ႔ ယဥ္ေက်းမႈကိုနားမလည္တဲ့ Stylist နဲ႔ စီစဥ္သူေတြရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ အခုလို ပရိသတ္ေတြရဲ႕ ေဝဖန္မႈကို ခံခဲ့ရတာပဲျဖစ္ပါတယ္။
photo- Pa
DW-shweyoe
unicode
သရုပ်ဆောင် ပတ်ထရစ်ရှာကတော့ ဆယ်ကျော်သက်အရွယ် ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲ မင်းသမီးတစ်လက်ပါပဲ။နိုင်ငံခြားသူလေး တစ်ယောက်လို စွဲမက်ဖွယ်အလှနဲ့ ပရိသတ်ကြိုက်နှစ်သက်မှု အများဆုံး ရရှိထားတဲ့ မင်းသမီးတစ်ယောက်ပီပီ ကြော်ငြာတွေများစွာ လက်ခံရိုက်ကူးနေရတဲ့ ပတ်ထရစ်ရှာဟာ ဒီတစ်ခေါက်မှာတော့
တရုတ်လူမျိုးပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိနေတာပဲဖြစ်ပါတယ်။ အကြောင်းကတော့ ပတ်ထရစ်ရှာက 119 Store ရဲ့ တရုတ်နှစ်သစ်ကူးနေ့အတွက် ရိုက်ကူးပေးထားတဲ့ ဓာတ်ပုံထဲမှာအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ အနက်ရောင်ဆိုတာ တရုတ်လူမျိုးတွေအတွက် မင်္ဂလာမရှိတဲ့အရောင်၊ နာရေးတွေမှာပဲအသုံးပြုတဲ့အရောင်ဖြစ်ပြီး အခုလိုနှစ်သစ်ကူးတဲ့အချိန်မှာ ကံကောင်းမှု၊
ပျော်ရွှင်မှုတွေကို ကိုယ်စားပြုတဲ့အနီရောင်နဲ့ မင်္ဂလာရှိတဲ့အရောင် ရွှေရောင်ကိုသာ အသုံးပြုကြတာပဲဖြစ်ပါတယ်။ ပတ်ထရစ်ရှာကတော့ ကြော်ငြာအတွက်ဓာတ်ပုံရိုက်ကူးခဲ့တယ်ဆိုပေမယ့်တရုတ်လူမျိုးတွေနဲ့ ယဉ်ကျေးမှုကိုနားမလည်တဲ့ Stylist နဲ့ စီစဉ်သူတွေရဲ့ ပေါ့လျော့မှုကြောင့် အခုလို ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတာပဲဖြစ်ပါတယ်။
photo- Pa
DW-shweyoe