ပြည်သူတိုင်းနားထောင်သင့်တဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုထည့်သွင်းဖန်တီးထားတဲ့ မူးလာရဲ့ ” ငါတို့အတူတူ” ဆိုတဲ့သီချင်း… ( ရုပ်/သံ)
crd MM Load
unicode
ကြည်လင်ပြတ်သားတဲ့အသံ ၊ ပျော်ပျော်နေတတ်တဲ့ အမူအကျင့်တွေနဲ့ Myanmar Idol အဆိုပြိုင်ပွဲမှစကာ ပရိတ်သတ်များရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားသူကတော့ တေးသံရှင် စောခရစ်မူးလာပဲဖြစ်ပါတယ်။သူဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြည်သူ့ကာကွယ်ရေး တပ်သားအနေနဲ့ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ ခံယူချက်အပေါ်ပရိတ်သတ်တွေကလည်း အစဉ်အမြဲ လေးစားလျက်ရှိပါတယ်။
ယမန်နေ့ ဇန်နဝါရီ(၂၉)ရက်နေ့က သူဟာ တော်လှန်ရေးနဲ့ပတ်သက်ပြီးကြုံတွေ့လာရတဲ့ခံစားချက်အချို့ကို တေးသီချင်းအဖြစ် ဖန်တီးလိုက်တာဖြစ်ပါတယ်။ ထိုသီချင်း နာမည်မှာ တို့တွေအတူတူ လို့အမည်ရတာဖြစ်ပြီး ထိုသီချင်းထဲမှာ
တော်လှန်ရေးနဲ့ပတ်သက်ပြီးခံစားရတဲ့ အကြောင်းအရာတွေထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။ နားမထောင်ရသေးတဲ့ပရိတ်သတ်ကြီးလည်းပြန်လည်နားဆင်နိုင်အောင်ဖော်ပြပေးလိုက်ရပါတယ်။
crd MM Load