ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ ဆုံးမစကားနဲ့အညီ နေထိုင် ခဲ့ တဲ့အကြောင်း ပြောပြလိုက် တဲ့ ထက်ထက်မိုးဦး
crd
unicode
ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါတုန်းက ရုပ်ရှင်လောကမှာ အောင်မြင်မှု့သရဖူဆောင်းခဲ့တဲ့ ဝါရင့်မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ ထက်ထက်မိုးဦး ကိုတော့ ကြော်ငြာဘုရင်မလို့လဲ လူသိများကျ်ောကြားခဲ့ပါသေးတယ်။ သူမဟာကျရာဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့တာကြောင့် အကယ်ဒမီပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ထက်ထက်မိုးဦး ရဲ့ နာမည်ကြီးဇာတ်ကားများဖြစ်တဲ့ သမီးမိုက်၊ပန်းသခင် စတဲ့ ရုပ်ရှင်ကားကြီးတွေကတော့ ပရိသတ်တွေမသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။ အခုလက်ရှိ မြန်မာပြည်ရဲ့အခြေအနေတွေအရ ထက်ထက် ဟာ ပြည်သူတွေနဲ့မပါဝင်ပဲ နှုတ်ဆိတ်နေတာခဲ့ကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ ထက်ထက်မိုးဦး ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ ဆုံးမစကားနဲ့အညီ နေထိုင်ခဲ့တဲ့အကြောင်း ပရိသတ်တွေကို ပြောပြလိုက်ပါတယ်။
” ဟိုလွန်ခဲ့တဲ့နှစ် ၁၀ နှစ်ကျော် ဒီလိုဆောင်းရာသီ မီးဖိုလေးဘေးနား အဖေဆုံးမခဲ့ဖူးတာလေး။ခုချိန်မှာ အဖေမရှိတော့ပေမယ့်လည်း အခုထိ ထက်ဘဝမှာမှတ်သားထားတဲ့စကားလုံးလေးတွေ တစ်ခါလိမ်ပြီးသွားရင်အကြိမ်ကြိမ်လိမ်ရလို့ အမှန်တွေမေ့သွားတတ်တယ်။ဒီလိုနဲ့ကြာရင် အမှန်တွေက အမှားတွေဖြစ်သွားတတ်တယ်။ လူလူချင်း လိမ်လို့ရပေမယ့် မေတ္တာကိုလိမ်လို့မရဘူး မေတ္တာလိမ်မိရင် မေတ္တာဆူး ဆူးတတ်တယ်။ မစားဖူးဘဲ စားဖူးတယ်မပြောရဘူး မရောက်ဖူးဘဲရောက်ဖူးတယ်မပြောရဘူး မသိတာကို သိတယ်မလုပ်နဲ့ မရှိဘဲ ရှိတယ်မပြောနှဲ့န်သောစကားကိုချိုချိုသာသာပြောပါအိုးနဲ့ဆန်တန်ရုံ ပေးထားတာသူများပစ္စည်းကိုမလိုချင်ရဘူး။ သူတပါးကိုအားကျလို့ရတယ် မနာလိုမဖြစ်ရဘူး ထက်အဖေကဘွဲ့ရမဟုတ်ခဲ့ပေမယ့် ထက်အပေါ်အမြဲဒါမျိုးပဲဆုံးမခဲ့တယ်။
အဲဒီလိုနေလွန်းတော့တစ်ခါတစ်လေအလိမ်ခံရတာ စော်ကားခံရတာတွေလဲကြုံရပါတယ်။ဒါပေမယ့် ထက်ကျေနပ်ပါတယ်။ မိဘစကားနားမထောင်လို့မှားတာထက် မိဘစကားနားထောင်ရင်းနဲ့ခံရတာတွေက ဝဋ်ကြွေးလို့တွေးပြီး အကောင်းမြင်စွာပဲ လက်ခံလိုက်တော့တယ်။ဘဝဆိုတာ အမြဲငိုနေတာမှ မဟုတ်တာနော် ငိုပြီးပျော်ရမှာပဲလေ အဓိက လက်မလျှော့မိဖို့ပဲမဟုတ်လား။ ” ထက်ထက်မိုးဦး ဟာသူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေထားပါတယ်။
ထက်ထက်မိုးဦး ကတော့ မိဘစကားနားထောင်တဲ့ သမီးအလိမ္မာလေးပါတဲ့။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။