သူမရိုက်တဲ့ ဇာတ်လမ်းတွဲလေးအကြောင်းကို မိတ်ဆက်ပေးလာတဲ့ သရုပ်ဆောငင် မေမီကိုကို…

ပရိသတ်ကြီးရေ မေမီကိုကိုဟာဆိုရင်Star Awards (2018 ) မှာ သူမဟာ Best TV Series Actress Award ဆုကိုရရှိထားတဲ့သူတစ်ယောက်ဖြစ်ပြီးပျားရည်အိုင်ဇာတ်လမ်းတွဲမှမြိုင်ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ သိရှိလာသူလေးပါ။ လူကြီးလူငယ်မရွေး အားပေးခံရတဲ့ MRTV-(4) ဇာတ်လမ်းတွဲမင်းသမီးလေးဖြစ်တဲ့အပြင် ဇာတ်လမ်းတွဲများစွာမှာလည်းရိုက်ကူးသမျှဇာတ်ကောင်တွေကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။

လတ်တလောမှာတော့ ဖေဖော်ဝါရီလ၃ရက်နေ့မှာပြသမယ့် မကြေးစည်ဇာတ်ကားမှာခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်ကောင်အမည်ကလည်းမကြေးစည်ပဲ ဖြစ်ပြီး ဒီတစ်ခါမှတော့ဘယ်လိုဇာတ်ရုပ်နဲ့ပရိသတ်တွေကို ဆွဲဆောင်မလဲဆိုတာကလည်းစိတ်ဝင်စားစရာပါပဲနော်။

မပြသခင်ကတည်းက ဆိုရှယ်မီဒီယာမှာ မကြေးစည်ဇာတ်လမ်းတွဲကို ပရိသတ်တွေကအထူးစိတ်ဝင်စားလျက်ရှိနေကြတာပါ။ ပရိသတ်တွေလည်း မကြေးစည်ဇာတ်လမ်းတွဲလေးကိုအားပေးဖို့အသင့်ပဲလားဆ်ုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

crd- CeleGabar
Source-MayMiKoKo

Add a Comment

Your email address will not be published. Required fields are marked *