အရေးပေါ်ကာလ ၁နှစ် ကို အခက် အခဲပေါင်းများစွာဖြင့် ကျော်လွှားခဲ့ရ တယ် လို့ စစ်ကောင်စီဒုဥက္ကဋ္ဌပြော
|စစ်ကောင်စီအနေနဲ့ အရေးပေါ်ကာလ ၁နှစ်ကို အခက်အခဲပေါင်းများစွာဖြင့် ကျော်လွှားခဲ့ရတယ်လို့ စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကယားပြည်နယ် ဘောလခဲမြို့သို့ရောက်ရှိစဉ်မှာ ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဖေဖော်ဝါရီလ ၂ရက်နေ့က ကယားပြည်နယ်၊ ဘောလခဲမြို့သို့သွားရောက်ကာ ဌာနဆိုင်ရာများနဲ့ မြို့မိမြို့ဖများအားတွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အချို့သောဝန်ထမ်းများသည် CDM လုပ်ဆောင်ခဲ့ခြင်းကြောင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရသလို ကြီးမားသောစိန်ခေါ်မှုအဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုပင်ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံအချို့နဲ့ INGO အချို့တို့အနေနဲ့ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ရောဂါအပေါ် လက်မြှောက်အရှုံးပေးရတော့မည်၊ ကျရှုံးသွားရတော့မည်ဟု ပြောဆိုမှုများရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဌာနဆိုင်ရာများအနေနဲ့ နိုင်ငံအပေါ်သစ္စာရှိစွာဖြင့် ဒေသတိုးတက်ရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်တယ်လို့လည်း စစ်ကောင်စီဒုဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
TMA