သူမနဲ့အလုပ်တွဲလုပ်ဖူးတဲ့ လုပ်ငန်းရှင်တစ်ချို့ရဲ့ ပေါ့ဆမှုကြောင့် မျက်နှာပျက်ရတဲ့အထိဖြစ်ခဲ့ရကြောင်း ပြောပြလာတဲ့ မေပန်းချီ
|သရုပ်ဆောင်မေပန်းချီကတော့ လူလေးလှသလို စကားပြောလည်းပြတ်သားပွင့်လင်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပဲဖြစ်ပါတယ် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာသရုပ်ဆောင်တဲ့ မေပန်းချီက လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးရေးအလုပ်တွေကိုရပ်နားထားပြီး Online Live Sale ရောင်းချခြင်းနဲ့ ကြော်ငြာအချို့ကိုသာရိုက်ကူးပေးဖြစ်နေတာပဲဖြစ်ပါတယ်။
စားဝတ်နေရေးအတွက်အလုပ်တွေကို မလုပ်မဖြစ်လုပ်ကိုင်နေရတဲ့ မေပန်းချီဟာ အလုပ်ကို အလုပ်နဲ့တူအောင်မလုပ်တဲ့ လုပ်ငန်းရှင်အချို့အကြောင်းကို အခုလိုပဲပြောလာပါတယ်။ “တချို့ အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်တဲ့လုပ်ငန်းရှင်တချို့ကြောင့် ဖြစ်သမျှ့ ပြသနာ ကိုယ်ကပါပြန်ရှင်းပေးနေရတာ အဆင်မပြေဘူး။ အဓိက စားသောက်ကုန်လုပ်ငန်းရှင်တချို့ စေတနာထား လုပ်ပေးလိုက်မိတာ ငါးပါးေ.မှာက်ပဲ။
မဲဖောက်ပေးခိုင်းတယ် ပြီးရင်မပို့ဘူး။ ဝယ်သူတွေကိုလဲ မပို့ဘူး။ ငွေလွှဲထားသူတွေ ကိုလဲ အဖတ်မလုပ်ဘူး။ ရေရှည်မခံပါဘူးနော် ဒီလိုတိကျမူ့မရှိရင် ကျွန်မတို့က မျက်နှာပြပြီး တာဝန်ယူမူ့ တာဝန်ခံမူ့နဲ့အလုပ်လက်ခံတာပါ ။ ပြီးရင်ပြီးရော မလုပ်ကျပါနဲ့။ တချို့က ပစ္စည်းကြိုက်လို့အားပေးသလို တချို့က ကျွန်မတို့ကိုချစ်လို့ အားပေးကျတာပါ။ ကျွန်မတို့ကာစတန်မာတွေကိုလေးစားဖို့လိုပါတယ်။
ရှင်းရတာ များလာရင် page ပါ ssတင်ပါ့မယ်။ ကိုယ့် live ချိန်ပြီးသွားပေမဲ့ ဖြစ်လာတဲ့ပြသနာတွေကို မျက်နှာလွှဲခဲပစ် လုပ်တဲ့သူတွေထဲ ကျွန်မမပါပါဘူးရှင့်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။မေပန်းချီကတော့ အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်တဲ့ လုပ်ငန်းရှင်အချို့ကြောင့် ပရိတ်တွေနဲ့ သူမအကြားမှာ အဆင်မပြေမှုတွေကို ပြတ်ပြတ်သားသားပြောလာတာပဲဖြစ်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်