YBS ယာဉ်စီးခနှုန်းထား ကို ယခင် ထက် ပိုမိုကောက်ခံ ရန် YRTC ကိုတင်ပြထား





unicode

လတ်တလော စက်သုံးဆီဈေးနှုန်းတွေမြင့်တက်လာတဲ့အတွက် မြို့တွင်းပြေးဆွဲနေတဲ့ YBSယာဉ်များကို ယာဉ်စီးခနှုန်းထားကို တရားဝင်ယာဉ်စီးခနှုန်းထားအဖြစ်ငွေကျပ် ၄၀၀ထက်မပိုသောနှုန်းထားကောက်ခံရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်မှု ကြီးကြပ်မှုကော်မတီ YRTCကို တင်ပြထားကြောင်းသိရပါတယ်။

မကြာသေးမီက ရန်ကုန်-ပဲခူး ယာဉ်လိုင်းများတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် ယာဉ်စီးခနှုန်းထားတွေမြင့်တက်သွားပြီးနောက် ရန်ကုန်မြို့တွင်းမှာလည်းယာဉ်အပိုပစ္စည်းဈေးနှုန်းများမြင့်တက်နေတာကြောင့် ယာဉ်စီးခနှုန်းထားပိုမိုရရှိရေး တင်ပြရခြင်းဖြစ်ကြောင်းသိရပါတယ်။ YRTCအနေဖြင့် ယာဉ်စီးခနှုန်းထား ပိုမိုကောက်ခံမှုလျော့ကျစေရန်

ကတ်စနစ်အသုံးပြုနိုင်ရေးဆောင်ရွက်လျက်ရှိရာ ကတ်စနစ်တွင် အနိမ့်ဆုံးယာဉ်စီးခနှုန်းထား ၄၀၀ကျပ်ရရှိရေးတင်ပြထားကြောင်းသိရပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *