ပြည်တွင်းပြည်ပက ပြည်သူတွေအားလုံး ကို လောဘကြီးစွာ ပူဆာ လိုက် တဲ့ အဆိုတော် လင်းလင်း
|ပရိသတ်တွေ အားပေးချစ်ခင်မူ့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော် လင်းလင်း ကိုတော့ သီချင်းချစ်သူတိုင်း သိကြလိမ့်မယ်ထင်ပါတယ်။ ကိုယ်တိုင်ဖန်တီးသီဆိုထားတဲ့ သီချင်းကောင်းများစွာ ထွက်ရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ကြီးတစ်ဦးဖြစ်ပါတယ် ဒါအပြင် မင်းသမီး ချစ်သုဝေ နဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး ချစ်ဖို့ကောင်းတဲ့ အမွှာသမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်နေရပေမယ့် ကျရာတာဝန်တွေကို တတ်နိုင်တဲ့ဘက်ကနေ ထမ်းဆောင်နေပါတယ်။
အဆိုတော်ကြီး လင်းလင်း ဟာ ပြည်တွင်းပြည်ပမှာ နေထိုင်တဲ့ ပြည်သူတွေအားလုံးကို လောဘကြီးစွာ ပူဆာလိုက်ပါတယ်။ ဘဝမှာ သူကိုယ်တိုင်ဖန်တီး ရေးသားထားတဲ့ “နိုင်ငံဆိုတာ လူထုအမိန့် ” ဆိုတဲ့ သီချင်းလေး ထွက်ရှိလာပြီဖြစ်တာကြောင့် များများနားထောင်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ “နိုင်ငံဆိုတာ လူထုအမိန့် ” ဆိုတဲ့ ကျနော်တို့ရဲ့ သီချင်းလေးဟာ Spotify apps မှာ စတင်နားထောင်လို့ရရှိပါပြီဗျာ။ ဒီတော့ ပြည်တွင်းပြည်ပ မိသားစုတွေကို ပူဆာချင်တာက အားတဲ့အချိန်တိုင်း အကြိမ်ပေါင်းများစွာ ဝင်ရောက်နားထောင်ပေးစေချင်ပါတယ်။
ဘဝမှာ ပထမဆုံး ဒီလို ဖန်တီးဖူး၊ရေးဖူး တဲ့သီချင်းလေးကို FB စာမျက်နှာများပေါ်သို့ အလကားအချောင်တတ်မလာဖို့ကိုလဲ တစ်ယောက်နှင့်တစ်ယောက် ဝိုင်းဝန်းစောင့်ရှောက်ပေးစေချင်ပါတယ် ခင်မျာ ဘာကြောင့်လဲဆိုတော့ ဝင်ရောက်နားထောင်သူ အကြိမ်ရေ အများကြီးရလေ “တော်လှန်ငွေ” အများကြီး ရလေပါ။ iTunes၊ apples music စသည့်တစ်ခြား apps များပေါ်သို့ ရောက်ပြီဆိုရင်လဲ ထပ်မံ အသိပေးပါမယ်။
လောဘတစ်ခုကို ပြောရရင် ဒီတစ်လအတွင်း Spotify မှာ နားထောင်တဲ့ အကြိမ်ရေ အနည်းဆုံး 5m ဖြစ်ချင်ပါတယ် ခင်မျာ အားလုံးကျန်းမာကြပါစေ “လို့ ရေးသားထားတာကို တွေ့ရပါတယ်။ပရိသတ်ကြီးရေ အဆိုတော်ကြီး လင်းလင်း ရဲ့ သီချင်းကောင်းလေးကို ကြိုက်နှစ်သက်ပါက အကြိမ်ရေများစွာ များများနားထောင်လိုက်ကြပါစို့နော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။