သူမချွေးနဲစာလေးနဲ့မိခင်ကြီး အတွက်ဆိုပြီးဆောက်လုပ်နေ တဲ့ အိမ်သစ်လေးပြီးခါနီးမှာ အိမ်မက်လေးတွေလက်တွေ့ဖြစ်မလာ ခဲ့ တာကြောင့် ရင်ကွဲမတတ်ခံစားနေရတဲ့ မေပန်းချီ ( ရုပ်/သံ)
|ပရိတ်သတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီဆိုတာ ပရိတ်သတ်တွေတစ်ခဲနက် အားပေးမှုဝန်းရံမှုတွေကိုရရှိထားတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ အမိုက်စားခန္တာကိုယ်ကောက်ကြောင်းအလှတွေနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံလေးပေါက်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ နာမည်ကြီး မင်းသမီးတွေထဲကတစ်ယောက်လည်းဖြစ်ပါတယ်နော်။ . . . . . . .
ဒါ့အပြင် မကြာသေးမီက ချစ်ရတဲ့မိခင်ကြီးကိုဆုံးရှုံးခဲ့ရကာ ချစ်ရတဲ့ညီမလေးနဲ့အတူတူဘဝကိုဖြတ်သန်းကာနေထိုင်လျက်ရှိတာပါ။ ဒီနေ့မှာတော့” အမေ့အတွက်အိမ်လေးက ပြီးတော့မှာကိုငေးကြည့်ရင်းအမေ အမေနဲ့ ရင်ဘတ်ထဲကတောင်းတ နေမိတာ ရင်တွေကွဲ …..လွမ်းလိုက်တာအမေရယ် ။ . . . . . . . အမေ့ကိုထားမဲ့အထပ်လေးကနေ အမေလှမ်းကြည့်နေမဲ့အိမ်မက်လေးက လက်တွေ့ဖြစ်မလာခဲ့ဘူး။ . . . . . . . လောကကြီးကမတရားလိုက်တာ”ဆိုတဲ့စာလေးနဲ့ သူမရဲ့ပြီးခါနီးအိမ်သစ်လေးကိုကြည့်ရင်း မျက်ရည်တွေကျနေ ခဲ့တဲ့ဗီဒီယိုဖိုင်လေးကိုတင်လာခဲ့တာပါ။ . . . . . . .
အမေနဲ့ အတူတူအရာရာကိုဖြတ်သန်းခဲ့ရတဲ့ မိဘသိတတ်တဲ့ မေပန်းချီတစ်ယောက် အခုချိန်မှာ မိခင်ကြီးကိုပိုလွမ်းနေမှာအမှန်ပါပဲနော်။ ပရိသတ်တွေထဲမှာလည်း မေပန်းချီလို မိဘအတွက်ရည်စူးပြီး ပြုလုပ်တဲ့အရာလေးတွေ မိဘကမမြင်သွားနိုင်ခဲ့တဲ့ သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။ .
Credit-CeleGabar
Source – MayPanche