လေဖြန်းထားသူဖြစ်၍ ၎င်း၏ ကျန်းမာရေးမှာ စိုးရိမ်စရာ ဖြစ်နေတဲ့ ဒါရိုက်တာ ဝိုင်း ရန်ကုန်နေအိမ် တွင် ဖမ်းခံရ

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သည် ဟုဆိုကာ ရုပ်ရှင် ဒါရိုက်တာ ဝိုင်းကို ယနေ့ နံနက်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏ နေအိမ်တိုက်ခန်းတွင် စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

ဒါရိုက်တာ ဝိုင်းအား စစ်ကောင်စီမှ ၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်ကတည်းက ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၅-က ကြောင့် တိမ်းရှောင်နေရာမှ ၎င်း၏ နေအိမ်တိုက်ခန်းသို့ ခေတ္တပြန်ရောက်ချိန် နာရီဝက်အတွင်း ရဲကား ၂ စီးဖြင့် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေ သွန်းနေစိုးက အတည်ပြု ပြောသည်။

၎င်းသည် လွန်ခဲ့သော နှစ်အနည်းငယ်က လေဖြန်းထားသူဖြစ်၍ ၎င်း၏ ကျန်းမာရေးမှာ စိုးရိမ်စရာ ဖြစ်နေကြောင်း နီးစပ်သူများက ပြောသည်။

ဒါရိုက်တာ ဝိုင်းသည် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်” ဆိုသည့် NLD အောင်နိုင်ရေး ဇာတ်လမ်းတို ရိုက်ကူးခဲ့သူ ဖြစ်သည်။

The Irrawaddy

Add a Comment

Your email address will not be published. Required fields are marked *