ပြည်သူပရိတ်သတ်တွေနဲ့တစ်သားတည်းပါလို့ပြောပြီး Mytel ကြော်ငြာရိုက်ကူးနေတဲ့ ရွှေထူး ရဲ့ ဗီဒီယို
|ရွှေထူးကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဆယ်ကျော်သက်လူငယ်တွေရဲ့ အားပေးမှုကို အခိုင်အမာနေရာ ယူထားနိုင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်တဲ့ ရွှေထူးကတော့ အချစ်သီချင်းလေးတွေ အလွမ်းသီချင်းလေးတွေ အဆွေးသီချင်းလေးတွေကို သီဆိုလေ့ရှိပါတယ်။
ဒါ့အပြင် ရွှေထူးတို့ ဇနီးမောင်နှံက ဆိုရင်လည်း တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး ရွှေလက်တွဲလက်ထပ်ထားကြတဲ့ စုံတွဲလေးဖြစ်ပြီး ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲပဲဖြစ်ပါတယ်။မကြာခင်ရက်ပိုင်းတုန်းက ရွှေထူးက ပြည်သူနဲ့ တစ်ထပ်တည်းရှိနေပါတယ်ဆိုပြီး ရေးသားလာတာကြောင့် ပြည်သူတွေကြား ဝေဖန်မှုမြှင့်တင်္ကနေခဲ့ပါသေးတယ်။
ဒီနေ့လေးမှာတော့ Mytel Myanmar page ကနေပြီး ရွှေထူးရဲ့ mytel ကြော်ငြာလေးကို တင်လာခဲ့တာကြောင့်လည်းပြည်သူပရိသတ်တွေကြား ထပ်မံပြီးတော့ ပွဲဆူနေတာ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ရွှေထူးရဲ့ ကြော်ငြာဗီဒီယိုလေးကို ကြည့်ပြီး တစ်ခုခုရေးပေးခဲ့ကြပါ အုံးနော်…
Credit ;