အနုပညာအလုပ်တွေကိုပြန်မလုပ်ပဲ လိပ်ပြာလုံစွာနဲ့ပရဟိတအသင်းအဖွဲ့တစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ပေးနေတဲ့ ခင်ဝင့်ဝါ

Miss Supranational Myanmar (2013) အလှမယ်တစ်ဦးနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ အလှမယ် သရုပ်ဆောင်မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အောင်မြင်မှုတွေများစွာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ . . . . . . . လက်ရှိမှာတော့ ခင်ဝင့်ဝါက သူမရဲ့ အနုပညာလှုပ်ရှားမှုအားလုံးကို ရပ်နားထားပြီး အကျိုးရှိစေမယ့် အလုပ်လေးတွေလုပ်ကိုင်ရင်း အချိန်ကို တန်ဖိုးထားဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ . . . . . . .

လတ်တလောမှာတော့ ခင်ဝင့်ဝါက Myanmar Kitchen ပရဟိတအသင်းရဲ့ Teach Your Community သို့ သွားရောက်လည်ပတ်ခဲ့ပြီး စေတနာ့ဝန်ထမ်းအဖြစ် အချိန်ပေးကူညီလုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ . . . . . . . ဒါ့အပြင် ခင်ဝင့်ဝါက Food Assistance Programme ရဲ့ ထမင်းပေးဝေလှူဒါန်းမှုတွင်လည်း ကူညီ လုပ်ကိုင်ပေးခဲ့ပြီး ရပ်ကွက်အတွင်းရှိ မိသားစုဝင်များကိုပါ အံ့အားသင့်ပျော်ရွှင်စေခဲ့တယ်လို့ သိရပါတယ်။ . . . . . . .

ခင်ဝင့်ဝါကတော့ အနုပညာအလုပ်တွေရပ်နားထားချိန် ပရဟိတအသင်းအဖွဲ့တစ်ခုမှာ စေတနာ့ ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ . . . . . . . ပရိသတ်ကြီးလည်း လူလေးလှသလို စိတ်ထားလေးလည်းလှတဲ့ ခင်ဝင့်ဝါကို ပိုပိုပြီးချစ်သွားကြပြီထင်ပါတယ်နော်။ . . . . . . .

Source: Myanmar Kitchen ‘s fb

Credit ; Myanmar Celebrities

Add a Comment

Your email address will not be published. Required fields are marked *