မိမိကိုယ်တိုင် ကလေးအမေဖြစ်တာကြောင့် ကလေးတွေနဲ့ ခွဲနေရတာကို ကိုယ်ချင်းစာပြီး အိန္ဒြာကျော်ဇင်အတွက် စိတ်မကောင်းဖြစ်ကာ ငိုနေတဲ့ ချစ်သုဝေ
|သရုပ်ဆောင် အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ ပုဒ်မ (၅၀၅) ကနဲ့ မတရား ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာတော့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပြီဆိုပြီးသတင်းတွေထွက်ပေါ်လာခဲ့ပြီး အဲ့ဒီသတင်းဟာ မမှန်ကန်တဲ့အကြောင်း သူမရဲ့မိသားစုဝင်တွေက အတည်ပြုပေးခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ သတင်းအတွက် ချစ်သုဝေကလည်း ကြားကြားချင်းပျော်ခဲ့ရပေမယ့် သတင်းမမှန်ဘူးဆိုတဲ့ အကြောင်းပြန်သိရချိန်မှာ စိတ်မကောင်းဖြစ်ခဲ့ရကြောင်း အခုလိုပဲပြောလာပါတယ်
ချစ်သုဝေက “အရမ်းကိုမျှော်လင့်ထားတာ။ ကြားကြားချင်း အရမ်းဝမ်းသာလွန်းလို့ Story လေး မှတ်မှတ်ရ ရရေးမိတာ။ မမ သတင်းမမှန်ဘူးတဲ့နော်။ကိုယ်ကလေးတွေနဲ့ခွဲရတုန်းက မမသာဆိုရင်ဆိုပြီးတွေး ၂ ယောက်စာငိုခဲ့ရတာ။အိပ်မက်တွေထဲလည်း ခဏခဏလွတ်မြောက်နေခဲ့တာမို့ မမ အပါအဝင် မတရားအကျဉ်းကျခံသူတွေ အားလုံးလွတ်စေချင်ပြီ။ မိသားစုနဲ့ ပြန်ဆုံစေချင်ပြီ” ဆိုပြီးသူမရဲ့ ဖေ့စ်ဘုတ် Story ကနေ ရင်ဖွင့်လာပါတယ်။
ချစ်သုဝေကတော့ ကိုယ်တိုင်လည်းမိခင်တစ်ယောက်ဖြစ်တာကြောင့် ကလေးတွေနဲ့ လပေါင်းများစွာခွဲခွာနေရတဲ့ အိန္ဒြာကျော်ဇင်ရဲ့ သတင်းအကြောင်းကိုကြားသိရတဲ့အချိန်မှာ စိတ်မကောင်းဖြစ်ခဲ့ရပြီး အမြန်ဆုံးပြန် လည်လွတ်မြောက်လာစေဖို့ ဆုတောင်းပေးနေတာပဲဖြစ်ပါတယ်။
ဖတ်ရှု့အားပေးကြသော ပရိသတ်ကြီး တစ်ဉီးချင်း တစ်ယောက် ချင်းစီတိုင်းအား ကျေးဇူး အထူးတင်ရှိပါသည်။ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကာ မြန်မာပြည်သူပြည်သားများ လိုလားတောင့်တေ သာ နေ့ရက်များ အမြန်ရောက်ရှိ ပိုင်ဆိုင်နိုင်ကြပါစေ။မြန်မာပြည်ကြီးလည်းရွှင်လန်း ချမ်းမြေ့ပါစေဗျ။ ပြည်သူများအားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။သတင်းထူး သတင်းဦးများကို ပိုမိုသိရှိရအောင် ကျွန်တော်တို့ Pageလေးကို followလေးလုပ်သွားကြပါအုံးနော်။