သရုပ်ဆောင် ပိုင်တံခွန် နှင့် အိန္ဒြာကျော်ဇင်တို့ ပြန်လည်လွတ်မြောက် တယ်လို့ သတင်းရရှိ
|ပြည်ထောင်စုနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သရုပ်ဆောင် ပိုင်တံခွန် နှင့် အိန္ဒြာကျော်ဇင်တို့ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရပါတယ်။
ထိုသတင်းနှင့်ပတ်သက်ပြီး The Burmese Post အနေဖြင့် ထပ်မံအတည်ပြုဖို့ ကြိုးစားနေပါတယ်။
ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား (၈၁၄) ယောက် ပြန်လွှတ်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်က အကျဉ်းသား (၈၄)ဦး လွတ်မြောက်ခဲ့ပါတယ်။
#TheBurmesePost