ေထာင္ဒဏ္ ႏွစ္ ၈၀ ေက်ာ္ မတရားခ်မွတ္ခံထားရ သည့္ ကရင္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ ကို ျပစ္ဒဏ္ ထက္ဝက္ ေလွ်ာ့ေပါ့
|NLD ဗဟိုအလုပ္အမႈေဆာင္တစ္ဦးျဖစ္ေသာ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကို အၾကမ္းဖက္စစ္ေကာင္စီက ေထာင္ဒဏ္ ႏွစ္ ၈၀ ေက်ာ္ မတရားခ်မွတ္ထားရာမွ ယေန႔ အၾကမ္းဖက္ မင္းေအာင္လိႈင္က ျပစ္ဒဏ္က်ကာလထက္ဝက္ကို ေလွ်ာ့ေပါ့လြတ္ၿငိမ္းခြင့္ေပးဟု ထုတ္ျပန္ေၾကညာသည္။
အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လိႈင္က တရား႐ုံးမ်ားတြင္ တရားစြဲဆိုထားဆဲ AA အဖြဲ႕ဝင္ ၄၆ ဦးကို အမႈပိတ္သိမ္း၍ လည္းေကာင္း၊ ျပစ္ဒဏ္က် အက်ဥ္းသား ၈၁၄ ဦးကိုလည္း “ေနာက္တစ္ႀကိမ္ ျပစ္မႈ ထပ္မံ က်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္ က်န္႐ွိေနေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္ က်ခံပါမည္” ဟူေသာ စည္းကမ္းခ်က္ျဖင့္ လြတ္ၿငိမ္းခြင့္ျပဳေၾကာင္း ေဖာ္ျပထားသည္။
ထို႔ျပင္ အက်ဥ္းသား သီရိလကၤာ ႏိုင္ငံသား ၇ ဦးကို “ေနာက္တစ္ႀကိမ္ ျပစ္မႈ ထပ္မံ က်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္ က်န္႐ွိေနေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္ က်ခံပါမည္” ဟူေသာ စည္းကမ္းခ်က္ျဖင့္ ျပည္ႏွင္ဒဏ္ေပး လြတ္ၿငိမ္းခြင့္ျပဳလိုက္ေၾကာင္း သိ႐ွိရသည္။
င္ငံတဝန္းအက်ဥ္းေထာင္အသီးသီးမွာ ျပစ္ဒဏ္က်ခံေနတဲ့အက်ဥ္းသားေတြထဲ ထိုက္သင့္တဲ့ျပစ္ဒဏ္က်ခံထားၿပီး စည္းကမ္းေကာင္းမြန္စြာေနထိုင္တဲ့ ၈၀၀ ေက်ာ္ကို ျပစ္ဒဏ္က လြတ္ၿငိမ္းခြင့္ျပဳလိုက္တယ္လို႔စစ္ေကာင္စီက ထုတ္ျပန္လာပါတယ္။
ႏွစ္႐ွည္ေထာင္ဒဏ္ေတြခ်မွတ္ခံထားရတဲ့ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဟာင္း ေဒၚနန္းခင္ေထြးျမင့္ကိုလည္း ျပစ္ဒဏ္ေတြရဲ႕ ထက္ဝက္ကာလ ကို လြတ္ၿငိမ္းခြင့္ျပဳလိုက္တယ္လို႔လည္းပါ႐ွိပါတယ္။
ေဒၚနန္းခင္ေထြးျမင့္ကို စစ္ေကာင္စီက ေထာင္ဒဏ္ အႏွစ္ ၈၀ ခ်မွတ္ထားတာျဖစ္ၿပီး ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (ခ) နဲ႔၂ ႏွစ္၊ အဂတိလိုက္စားမႈ တစ္မႈကို ေထာင္ဒဏ္ ၁၅ ႏွစ္နဲ႔၅မႈေပါင္း ၇၅ ႏွစ္၊ေ႐ြးေကာက္ပြဲဆိုင္ရာအမႈအတြက္ ရာဇသတ္ႀကီးပုဒ္မ ၁၃၀ – က နဲ႔ ေထာင္ ၃ ႏွစ္ တို႔ ျဖစ္ပါတယ္။
Credit
unicode
NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သော ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် နှစ် ၈၀ ကျော် မတရားချမှတ်ထားရာမှ ယနေ့ အကြမ်းဖက် မင်းအောင်လှိုင်က ပြစ်ဒဏ်ကျကာလထက်ဝက်ကို လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေးဟု ထုတ်ပြန်ကြေညာသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရားရုံးများတွင် တရားစွဲဆိုထားဆဲ AA အဖွဲ့ဝင် ၄၆ ဦးကို အမှုပိတ်သိမ်း၍ လည်းကောင်း၊ ပြစ်ဒဏ်ကျ အကျဉ်းသား ၈၁၄ ဦးကိုလည်း “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုကြောင်း ဖော်ပြထားသည်။
ထို့ပြင် အကျဉ်းသား သီရိလင်္ကာ နိုင်ငံသား ၇ ဦးကို “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းချက်ဖြင့် ပြည်နှင်ဒဏ်ပေး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
င်ငံတဝန်းအကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့အကျဉ်းသားတွေထဲ ထိုက်သင့်တဲ့ပြစ်ဒဏ်ကျခံထားပြီး စည်းကမ်းကောင်းမွန်စွာနေထိုင်တဲ့ ၈၀၀ ကျော်ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကိုလည်း ပြစ်ဒဏ်တွေရဲ့ ထက်ဝက်ကာလ ကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့လည်းပါရှိပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၈၀ ချမှတ်ထားတာဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့၂ နှစ်၊ အဂတိလိုက်စားမှု တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်နဲ့၅မှုပေါင်း ၇၅ နှစ်၊ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၃၀ – က နဲ့ ထောင် ၃ နှစ် တို့ ဖြစ်ပါတယ်။
Credit