စိတ်တူကိုယ်တူရှိလှတဲ့ ပါရမီဖြည့်ဖက် ဇနီးကောင်းတယောက်ကိုပိုင်ဆိုင်ထားရကြောင်း ပြောပြလာတဲ့ ရန်ရန်ချန်း
|အဆိုတော်ရန်ရန်ချမ်းကတော့ Acid အဖွဲ့ရဲ့ Rapper တစ်ယောက်အဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်ကတည်းက ပရိသတ်တွေကြား ထင်ရှားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လူရိုးလူဖြောင့်တစ်ယောက်ဖြစ်သလို မှန်ရာကိုလုပ်ဖို့ဝန်မလေးတဲ့ ရန်ရန်ချမ်းက အခုလက်ရှိမှာလည်း နေအိမ်နဲ့ဝေးရာနေရာကို မိသားစုလိုက်တိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရန်ရန်ချမ်းရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်တွေအပေါ် လေးစားနားလည်ပေးကြတဲ့ သူ့ရဲ့ဇနီးသည္ချီလီနဲ့ သားငယ်လေး ဒါးတရံကိုလည်း ချစ်ခင်ပေးကြတာပဲဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက စိတ်တူကိုယ်တူရှိတဲ့ ရန်ရန်ချမ်းတို့ဇနီးမောင်နှံဟာ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ဆန္ဒသဘောထားခြင်းထပ်တူကျခဲ့တာပဲဖြစ်ပါတယ်။ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ရန်ရန်ချမ်းက “လင်မယားနှစ်ယောက် ဆန္ဒထွက်ပြတယ်အိမ်ပြန်တယ်ကလေးကျောင်းပို့တယ် ညနေပြန်ထွက်တယ်….. ကမ္ဘာပေါ်ရဲ့ဘယ်နေရာရောက်ရောက်စောက်စစ်တပ်ကိုတော်လှန်မယ် lll” ဆိုပြီး သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပုံရိပ်တွေကို ပြသလာတာပဲဖြစ်ပါတယ်။
ရန်ရန်ချမ်းကတော့ တကယ့်ကို နားလည်မှုအပြည့်ပေးပြီး သူ့ရဲ့ဆန္ဒကိုလေးစားတဲ့ မိသားစုကောင်းလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ရန်ရန်ချမ်းတို့ ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲ ဆန္ဒသဘောထားခြင်းထပ်တူကျစွာ နောက်နှစ်ပေါင်းများစွာချစ်နိုင်ကြပါစေနော်။
crd