အလန်းစားဖက်ရှင်လေး နဲ့ ဆွဲဆောင်မှုရှိနေတဲ့ နန်းစန္ဒာလှထွန်း

မင်းသမီးချောလေး နန်းစန္ဒာလှထွန်းက လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ အမိုက်စားပို့စ်လေးတွေပေးရင်း ဓာတ်ဖမ်း ထားတာပဲ ဖြစ်ပါ တယ် ။ ဖြူဖွေးဝင်းဥတဲ့အသားအရေလေးနဲ့ နုဖတ်လှပနေတဲ့ နန်းစန္ဒာလှထွန်းကတော့ ဆွဲဆောင်မှုအပြည့်ရှိနေတာလည်း ဖြစ်ပါတယ် ။ ကဲ အသည်းယားစရာကောင်းနေတဲ့ နန်းစန္ဒာလှ ထွန်းရဲ့အလှပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါ တယ်။

နန်းစန္ဒာလှထွန်း ကတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း တဖြည်းဖြည်းနဲ့ နာမည်ရအောင်မြင်လာခဲ့တဲ့ ပရိသတ်အချစ်တော်လေး တစ် ယောက်ပါနော်။ စကားပြောလိုက်တိုင်းမှာ ချိုသာတဲ့အသံလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ နန်းစန္ဒာလှထွန်းက ရုပ်ရည်လေးကလည်း
ချောမော လှပနေတာ ဖြစ်ပါတယ် အထူးသဖြင့် နန်းစန္ဒာလှထွန်းက ဇာတ်ရုပ်တိုင်းကို အံဝင်ခွင်ကျဖြစ်အောင် သဘာဝကျကျ သရုပ်ဆောင်နိုင်သူ လေးဖြစ်တာကြောင့် ပရိသတ်တွေကလည်း နှစ်ခြိုက်အားပေးနေရတာပဲ ဖြစ်ပါတယ် ။

အလုပ်နဲ့ပတ်သက်ရင် အာရုံ စိုက်ပြီးကြိုးစားပမ်းစားလုပ်ကိုင်တတ်တဲ့ နန်းစန္ဒာလှထွန်းက ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေလည်း မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ နန်းစန္ဒာလှထွန်းက အိမ်မှာနေရင်း သူမရဲ့လှုပ်ရှားမှုလေးတွေကို ပရိ သတ်တွေအတွက် မျှဝေပေးနေတာ ဖြစ်ပါတယ်အခုလည်း နန်းစန္ဒာလှထွန်းက “အိမ်ထဲမှာနေ ကိုယ့်ပုံလေးတွေ ကြည့်ပြီး အကြည်ဓာတ် လေးကူးပါစေလေ ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။

Source & Photo Credit-Nan Sandar Hla Htun’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *