ဖေဖော်ဝါရီလ (၁၅) ရက်မှစ၍ မြန်မာပြည် တိုင်းနှင့်ပြည်နယ် (၅) ခုမှာ မိုးကြီးမည်
|ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ ၁၈ ရက်အတွင်း ရန်ကုန်တိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ် ၅ ခုတွင် မိုးထစ်ချုန်းရွာသွန်းမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှ လေပွေ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါဒေသများတွင် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါတယ်လို့ဆိုပါတယ်။