အရင်က အိမ်ထောင်ကျဖူးတယ်ဆိုပြီး ကောလဟာလတွေ လွှင့်နေတဲ့သူတွေကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းလာတဲ့ မြတ်သူသူ
unicode
အိမ်ထောင်ရှိဖူးတယ်ဆိုပြီး သတင်းလွှင့်နေသူတွေကို ဖြေရှင်းလာတဲ့ မြတ်သူသူ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ မြတ်သူသူကတော့ သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့မလျော့သောဇွဲလုံ့လတို့ကြောင့် တစ်နေ့တစ်ခြားအောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိ ပွင့်ပွင့်လင်းလင်း နေတတ်တဲ့ မြတ်သူသူက မဟုတ်မမှန်တာတွေ့ရင် ဖွင့်ပြောတတ်သူဖြစ်ပြီး ဒီတစ်ခေါက်မှာလည်းသူမရဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေကို အသုံးပြုပြီး မဟုတ်မမှန်သတင်း လွှင့်သူတွေအကြောင်းကို အချက် ကျကျပြောလာတာပဲဖြစ်ပါတယ်
မြတ်သူသူက “ငါလည်း တခါမှ မိန်းမဘဝထဲတွေ ခင်ပွန်းတွေ ဘာညာသာလကာမတင်မိပါဘူး 🙄 ဘာအတွက် ဇာတ်ကားထဲကလူပုံတွေပါယူသုံးပြီး စတစ်ကာတွေလိုက်အုပ်နေရတာတုန်း မနောက်နဲ့နော် 😫” ဆိုပြီး ဇာတ်ကားထဲက မင်္ဂလာဓာတ်ပုံကို စတစ်ကာအုပ်ပြီး အိမ်ထောင်ရှိသယောင်ယောင်ရေးသားနေသူတွေကို သက်သေနဲ့တကွပြောလာတာပဲဖြစ်ပါတယ်။ မြတ်သူသူကတော့ ချစ်ရတဲ့ချစ်သူရှိတယ်ဆိုပေမယ့် အိမ်ထောင်မပြုရသေးတာ သူမကိုချစ်တဲ့ ပရိသတ်တိုင်းက သိပြီးသားဖြစ်မှာပါ။
ပရိသတ်ကြီးလည်းဒီပို့စ်လေးကိုဖတ်ပြီး မြတ်သူသူဟာ အိမ်ထောင်ရှိသူတစ်ယောက်မဟုတ်ကြောင်းကို သိရှိသွားကြမယ်ထင်ပါတယ်နော်။ ဖတ်ရှု့အားပေးကြသော ပရိသတ်ကြီး တစ်ဉီးချင်း တစ်ယောက် ချင်းစီတိုင်းအား ကျေးဇူး အထူးတင်ရှိပါသည်။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကာ မြန်မာပြည်သူပြည်သားများ လိုလားတောင့်တေ သာ နေ့ရက်များ အမြန်ရောက်ရှိ ပိုင်ဆိုင်နိုင်ကြပါစေ။ မြန်မာပြည်ကြီးလည်းရွှင်လန်း ချမ်းမြေ့ပါစေဗျ။ပြည်သူများအားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။သတင်းထူး သတင်းဦးများကို ပိုမိုသိရှိရအောင် ကျွန်တော်တို့ Pageလေးကို followလေးလုပ်သွားကြပါအုံးနော်။