အမိုက်စားဖက်ရှင်လေးနဲ့ ကပြနေတဲ့ ဝေလာရီရဲ့ ဗီဒီယို

ဝေလာရီက အဝတ်အစားတွေအပြည့်နဲ့ သူမရဲ့အခန်းလေးထဲကနေ ခပ်မိုက်မိုက်ဖက်ရှင်လေးတွေကို ရွေးချယ်ကာ ဝတ်ဆင်ပြလိုက်တာ ဖြစ်ပါတယ် ။ သီချင်းသံစဉ်အတိုင်း ညင်ညင်သာသာလေး လိုက်ကနေတဲ့ ဝေလာရီကတော့ ဆွဲဆောင်မှုအပြည့်နဲ့ တစ်မျိုးလေးလှလို့ နေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝေလာရီရဲ့အမိုက်စားဗီဒီယိုလေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

မင်းသမီးချောလေး ဝေလာရီကတော့ “နှင်းဆီ” ရုပ်သံဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုဝင်ရောက်ခဲ့သူလေး ဖြစ်ပါတယ်။ မွန်တိုင်းရင်းသူလေးတစ်ဦးဖြစ်တဲ့ ဝေလာရီက အဆိုတော်လိမ္မော်သီးရဲ့ညီမချောလေးပဲ ဖြစ်ပါတယ် ။ ဝေလာရီကတော့ သရုပ်ဆောင် ပိုင်းမှာ အရည်အချင်းရှိရုံသာမက အဆိုပိုင်းမှာလည်း အားသာပြီး ထူးချွန်သူလေး ဖြစ်ပါတယ် ။

မကြာသေးခင်ကလည်း ဝေလာရီက “ကိုကိုစိတ်ကူးယဉ်” ဆိုတဲ့ သီချင်းလေးကိုပြန်လည်သီဆိုခဲ့ပြီး Music Video လေးပါ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ချောမောလှပတဲ့မျက်နှာလေးနဲ့ ချစ်စရာကောင်းသူလေးဖြစ်တဲ့ ဝေလာရီက အမြဲတမ်းလန်းဆန်း တက်ကြွနေတဲ့ ကောင်မ လေးတစ်ယောက်ပါပဲနော်။ အခုတော့ ဝေလာရီက အိမ်မှာနေရင်း အလန်းစားဖက်ရှင်လေးတွေကိုဝတ်ဆင်ပြီး ဗီဒီယိုလေးတွေကို ရိုက် ကူးခဲ့တာ ဖြစ်ပါတယ်။

Source & Video Credit-Wai Lar Ri’s FB Story

Add a Comment

Your email address will not be published. Required fields are marked *